စစ္ကိုင္းတံတားေဟာင္း ေပၚမွ အမ်ိဳးသားတစ္ဦး ဧရာဝတီျမစ္အတြင္း ခုန္ခ်မႈျဖစ္ပြား

0
47

စက္တင္ဘာလ – ၂၉

ႏိုင္လင္းဦး

စစ္ကုိင္းၿမဳိ႕ ႏွင့္ မႏၲေလးၿမိဳ႕ကို ဆက္သြယ္ထားသည့္ ယခင္ စစ္ကိုင္းတံတားေဟာင္း (အင္းဝတံတား – စစ္ကုိင္း) ေပၚမွ စက္တင္ဘာလ ၂၉ ရက္ေန႔ နံနက္ ၁၀ နာရီပိုင္းအခ်ိန္က အမ်ဳိးသားတစ္ဦး ဧရာဝတီျမစ္အတြင္းခုန္ခ်မႈ ျဖစ္ပြားခဲ့သည္ ။

ဧရာဝတီျမစ္အတြင္းခုန္ခ်ခဲ့သည့္ အမ်ိဳးသားမွာ စစ္ကိုင္းၿမိဳ႕ မင္းလမ္းရပ္တြင္ေနထိုင္သည့္ အသက္ (၅၁) ႏွစ္အရြယ္ ဦးေအာင္ႏိုင္ရင္ျဖစ္ၿပီး တံတားေပၚ ဆိုင္ကယ္တစ္စီး က်န္ခဲ့ေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႔ (စစ္ကုိင္း) က သိရသည္ ။

“ျဖစ္တာက စစ္ကိုင္းဘက္ျခမ္းမွာ ။ ခုန္ခ်တဲ့လူကလည္း စစ္ကိုင္းက အသက္က ၅၁ ႏွစ္ရွိၿပီလို႔ ကနဦး သိရတယ္ ။ ခုေတာ့ ကယ္ဆယ္ေရးအဖြဲ႕ေတြ ရွာေဖြေနတယ္။´´ ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကုိင္း) မွ အတြင္းေရးမွဴး ကုိစုိးမင္းဦး က ေျပာသည္။

ၾသဂုတ္လ ၃ ရက္ေန႔ ညေနပိုင္းအခ်ိန္က စစ္ကုိင္းၿမဳိ႕နယ္၊ေက်ာက္ဆည္ကုန္းရြာေန ကိုျပည့္ဟိန္းထက္ အသက္ (၂၃) ႏွစ္ မွာလည္း ႏွလံုးသားေရးျပႆနာျဖင့္ ဧရာဝတီျမစ္ကူးတံတားျဖစ္သည့္ ဧရာဝတီတံတား( ရတနာပုံ ) ေပၚမွ ခုန္ခ်ေသဆံုးမႈျဖစ္ပြားခဲ့သည္ ။

ထို႔အျပင္ ၾသဂုတ္လ ၂၉ ရက္ေန႔ကလည္း မုိးကုတ္ၿမဳိ႕၊က်ပ္ျပင္ရပ္ေန အမ်ိဳးသမီးငယ္တစ္ဦးျဖစ္သည့္ မစႏၵီႏြယ္ႏြယ္ထြန္း သည္လည္း တံတားေပၚမွ ခုန္ခ်ေသဆံုးခဲ့သည္ ။

———————————————–

(Unicode)

စစ်ကိုင်းတံတားဟောင်း ပေါ်မှ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှုဖြစ်ပွား

စက်တင်ဘာလ – ၂၉

နိုင်လင်းဦး

စစ်ကိုင်းမြို့ နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသည့် ယခင် စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား – စစ်ကိုင်း) ပေါ်မှ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီပိုင်းအချိန်က အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှု ဖြစ်ပွားခဲ့သည် ။

ဧရာဝတီမြစ်အတွင်းခုန်ချခဲ့သည့် အမျိုးသားမှာ စစ်ကိုင်းမြို့ မင်းလမ်းရပ်တွင်နေထိုင်သည့် အသက် (၅၁) နှစ်အရွယ် ဦးအောင်နိုင်ရင်ဖြစ်ပြီး တံတားပေါ် ဆိုင်ကယ်တစ်စီး ကျန်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က သိရသည် ။

“ဖြစ်တာက စစ်ကိုင်းဘက်ခြမ်းမှာ ။ ခုန်ချတဲ့လူကလည်း စစ်ကိုင်းက အသက်က ၅၁ နှစ်ရှိပြီလို့ ကနဦး သိရတယ် ။ ခုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေတယ်။´´ ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အတွင်းရေးမှူး ကိုစိုးမင်းဦး က ပြောသည်။

သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းအချိန်က စစ်ကိုင်းမြို့နယ်၊ကျောက်ဆည်ကုန်းရွာနေ ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ် မှာလည်း နှလုံးသားရေးပြဿနာဖြင့် ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဧရာဝတီတံတား( ရတနာပုံ ) ပေါ်မှ ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့သည် ။

ထို့အပြင် သြဂုတ်လ ၂၉ ရက်နေ့ကလည်း မိုးကုတ်မြို့၊ကျပ်ပြင်ရပ်နေ အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစန္ဒီနွယ်နွယ်ထွန်း သည်လည်း တံတားပေါ်မှ ခုန်ချသေဆုံးခဲ့သည်

Leave a Reply