ထိပ္တိုက္ရင္ဆိုင္ခဲ့တဲ့ဆႏၵျပသူေတြကို ေဟာင္ေကာင္ရဲေတြက ရင္ဘတ္ကိုအနီးကပ္ပစ္ခတ္

0
11

ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲတွေက ရင်ဘတ်ကိုအနီးကပ်ပစ်ခတ်

အောက်တိုဘာ ၁
နိုင်ငံတကာသတင်း

ဒီနေ့အောက်တိုဘာ ၁ ရက်မှာ ရဲတပ်စိတ်နဲ့ဆန္ဒပြသူတွေထိပ်တိုက်ရင်ဆိုင်နေတုန်း ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ဆန္ဒပြသူတစ်ယောက်ရဲ့ရင်ဘတ်ကို သေနတ်နဲ့တေ့ပစ်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တစ်ယောက်က AFPသတင်းအေဂျင်စီကိုပြောပါတယ်။

ဆွမ်ဝမ်ခရိုင်မှာ ဆန္ဒပြသူတစ်ယောက်ကို အရာရှိတစ်ယောက်က ရင်ဘတ်ကို သေနတ်နဲ့ပစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်ကပြောပါတယ်။

လူတစ်ယောက်ကိုရဲတွေက သေနတ်နဲ့ပစ်လိုက်တဲ့ဗီဒီယို Facebookပေါ်မှာ ပြန့်နှံ့နေပါတယ်။

အဲဒီလူက မြေပေါ်လဲကျနေပြီး “ဆေးရုံပို့ပေးပါ။ ရင်ဘတ်နာနေတယ်။”လို့ အဲဒီလူကပြောနေပါတယ်။

ဒဏ်ရာရခဲ့တဲ့လူကို အရာရှိတွေကရှေ့ဦးပြုစုထားပြီး နောက်ပိုင်းမှာဆေးတပ်ဖွဲ့တွေက သူ့ကိုဆေးရုံပို့ပေးခဲ့တယ်လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်။

လေးလနီးနီးကြာနေပြီဖြစ်တဲ့ဟောင်ကောင်က အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ရဲတွေက ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်တာအခုဖြစ်ရပ်က ပထမဆုံးဖြစ်ပါတယ်။

အရင်ကလူစုဖြိုခွဲဖို့ သေနတ်ပစ်ဖောက်ခဲ့တာတွေတော့ရှိပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်တည်ထောင်ခြင်းနှစ် ၇၀ ပြည့်အခမ်းအနားကို တရုတ်နိုင်ငံမြို့တော်ဘေကျင်းမှာ ကျင်းပနေတုန်း တစ်နိုင်ငံ၊ စနစ်နှစ်မျိုးပုံစံနဲ့အုပ်ချုပ်နေတဲ့ တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟောင်ကောင်မှာ အခုဖြစ်ရပ်ဖြစ်ခဲ့တာပါ။

ဟောင်ကောင်မှာဖြစ်နေတဲ့အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာအင်အားဖြည့်တင်းမှုဖြစ်တဲ့ တစ်နိုင်ငံ၊ စနစ်နှစ်မျိုးစနစ်ဆက်ပြီးကျင့်သုံးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ပင်က ဒီနေ့မနက်မှာပြောပါတယ်။

ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေရဲ့အဓိကတောင်းဆိုချက်တွေထဲမှာ ရဲတွေက လူအုပ်စုတွေကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးဖို့လည်းပါဝင်ပါတယ်။

Source-AFP,CNN
#ဥက္ကာ
#TheFifthWaveNews
Photo-Screenshot from cityu

————————————————

(Zawgyi)

ထိပ္တိုက္ရင္ဆိုင္ခဲ့တဲ့ဆႏၵျပသူေတြကို ေဟာင္ေကာင္ရဲေတြက ရင္ဘတ္ကိုအနီးကပ္ပစ္ခတ္

ေအာက္တိုဘာ ၁
ႏိုင္ငံတကာသတင္း

ဒီေန႔ေအာက္တိုဘာ ၁ ရက္မွာ ရဲတပ္စိတ္နဲ႔ဆႏၵျပသူေတြထိပ္တိုက္ရင္ဆိုင္ေနတုန္း ရဲတပ္ဖြဲ႔၀င္တစ္ေယာက္က ဆႏၵျပသူတစ္ေယာက္ရဲ႕ရင္ဘတ္ကို ေသနတ္နဲ႔ေတ့ပစ္ခဲ့တယ္လို႔ ရဲသတင္းရင္းျမစ္တစ္ေယာက္က AFPသတင္းေအဂ်င္စီကိုေျပာပါတယ္။

ဆြမ္၀မ္ခ႐ိုင္မွာ ဆႏၵျပသူတစ္ေယာက္ကို အရာ႐ွိတစ္ေယာက္က ရင္ဘတ္ကို ေသနတ္နဲ႔ပစ္ခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့သတင္းရင္းျမစ္ကေျပာပါတယ္။

လူတစ္ေယာက္ကိုရဲေတြက ေသနတ္နဲ႔ပစ္လိုက္တဲ့ဗီဒီယို Facebookေပၚမွာ ျပန္႔ႏွံ႔ေနပါတယ္။

အဲဒီလူက ေျမေပၚလဲက်ေနၿပီး “ေဆး႐ံုပို႔ေပးပါ။ ရင္ဘတ္နာေနတယ္။”လို႔ အဲဒီလူကေျပာေနပါတယ္။

ဒဏ္ရာရခဲ့တဲ့လူကို အရာ႐ွိေတြကေ႐ွ႕ဦးျပဳစုထားၿပီး ေနာက္ပိုင္းမွာေဆးတပ္ဖြဲ႔ေတြက သူ႔ကိုေဆး႐ံုပို႔ေပးခဲ့တယ္လို႔လည္း သတင္းရင္းျမစ္ကေျပာပါတယ္။

ေလးလနီးနီးၾကာေနၿပီျဖစ္တဲ့ေဟာင္ေကာင္က အစိုးရဆန္႔က်င္ဆႏၵျပပြဲေတြမွာ ရဲေတြက ဆႏၵျပသူေတြကို ေသနတ္နဲ႔ပစ္တာအခုျဖစ္ရပ္က ပထမဆံုးျဖစ္ပါတယ္။

အရင္ကလူစုၿဖိဳခြဲဖို႔ ေသနတ္ပစ္ေဖာက္ခဲ့တာေတြေတာ့႐ွိပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္တည္ေထာင္ျခင္းႏွစ္ ၇၀ ျပည့္အခမ္းအနားကို တ႐ုတ္ႏိုင္ငံၿမိဳ႕ေတာ္ေဘက်င္းမွာ က်င္းပေနတုန္း တစ္ႏိုင္ငံ၊ စနစ္ႏွစ္မ်ိဳးပံုစံနဲ႔အုပ္ခ်ဳပ္ေနတဲ့ တစိတ္တပိုင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဟာင္ေကာင္မွာ အခုျဖစ္ရပ္ျဖစ္ခဲ့တာပါ။

ေဟာင္ေကာင္မွာျဖစ္ေနတဲ့အစိုးရဆန္႔က်င္ဆႏၵျပမႈေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံဟာ ၿငိမ္းခ်မ္းစြာအင္အားျဖည့္တင္းမႈျဖစ္တဲ့ တစ္ႏိုင္ငံ၊ စနစ္ႏွစ္မ်ိဳးစနစ္ဆက္ၿပီးက်င့္သံုးသြားမယ္လို႔ တ႐ုတ္သမၼတ႐ွီက်င့္ပင္က ဒီေန႔မနက္မွာေျပာပါတယ္။

ေဟာင္ေကာင္မွာ အစိုးရဆန္႔က်င္ဆႏၵျပမႈေတြရဲ႕အဓိကေတာင္းဆိုခ်က္ေတြထဲမွာ ရဲေတြက လူအုပ္စုေတြကို ရက္ရက္စက္စက္ၿဖိဳခြင္းခဲ့သလားဆိုတာ စံုစမ္းစစ္ေဆးဖို႔လည္းပါ၀င္ပါတယ္။

Source-AFP,CNN
#ဥကၠာ
#TheFifthWaveNews
Photo-Screenshot from cityu

Leave a Reply