သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားကို သတင္းကြၽတ္လျပည့္ေန႔ ေနာက္ဆံုးထား ဖယ္ရွားေပးရန္ စစ္ေဆးသတိေပး

0
8

သာသနာ့ မြေပေါ်တွင် အခြေချ နေထိုင်သူများကို သတင်းကျွတ်လပြည့်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်ဆေးသတိပေး

အောက်တိုဘာ – ၁
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သင်္ဂဇာကျောင်းတိုက်အတွင်းရှိ သာသနာ့ မြေပေါ်တွင် အခြေချ နေထိုင်သူများကို သတင်းကျွတ်လပြည့်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်ဆေးသတိပေးမှုများ ပြုလုပ်ခဲ့သည် ။

ထိုသို့ ရှင်းလင်းရာတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများ က စစ်ဆေး၍ ခံဝန် လက်မှတ်ရေးထိုးကာ သတိပေးမှုများ ပြုလုပ်ခဲ့သည် ။

“မဟန ကလည်း ညွှန်ကြားလွှာတွေ အသီးသီးထုတ်ခဲ့တယ်။ မနှစ်ကလည်း တိုင်းသံဃနာယက က ထုတ်ပြန်လို့ မြို့နယ်သံဃနာကအဖွဲ့က ဝါတွင်းသုံးလလုံးစစ်ဆေးပြီး ရက်သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ အထူးအားဖြင့်တော့ ဒီသင်္ဂဇာတိုက်က ဆရာတော်ဘုရားများ က ကျောင်းတစ်ကျောင်းမှ ဘယ်သူတွေရှိတယ်လို့ စာရင်းမပေးခဲ့ဘူး။ ဒီနှစ်ပြန်စစ်ဖို့ ငယ်စာရင်းတွေပြန်ကြည့်တဲ့အခါမှာ သင်္ဂဇာတိုက်က လုံးဝစာရင်းမပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာ လာစစ်ဆေးတာပါ။´´ ဟု ချမ်းအေးသာစံမြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဓမ္မာဓိပတိ က ပြောသည် ။

အဆိုပါကျောင်းတိုက်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် အခြေချနေထိုင်သူအများအပြားတွေ့ရပြီး သစ်စက်၊ ကျော်ဖြတ်စက် ၊ ကာဝပ်ရှော့ နှင့် ကျူရှင်သင်ကြားမှုဟစသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ကာ ခံဝန်လက်မှတ်များထိုး၍ သတင်းကျွတ်လပြည့်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အသိပေးခဲ့သည် ။

သာသနာ့နယ်မြေများဖြစ်သည့် ဘုန်းကြီးကျောင်းများတွင် ရာဇဝတ်မှုမကင်းသော လုပ်ငန်းများဆောင်ရွက်မှုမရှိစေရန် ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က သိရသည် ။

အချို့ ရာဇဝတ်မှုများ၊ လောင်းကစားဒိုင်များ၊ စာရွက် စာတမ်း အတုပြုလုပ်မှုများ စသည်တို့ကို ဘုန်းကြီးကျောင်းမျာအတွင်းမှ ဖမ်းဆီးရမိသည့်အတွက် စာရင်းကောက်ခံမှုများပြုလုပ်ရန် သံဃာ့နာယက သို့ လျှောက်ထားတင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

ဘုန်းကြီးကျောင်း (သာသနာ့နယ်မြေ) နှင့် ဘုန်းကြီးကျောင်းအနီးရှိ မီးတားမြေအဖြစ် သတ်မှတ်ထားသော မြေနေရာမျာပေါ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မြေနေရာငှားရမ်း၍ လုပ်ငန်းများဆောင်ရွက်ခြင်း ၊ ခွင့်ပြုထားရှိမှုအား အမြန်ရှင်းလင်းဆောင်ရွက်ပေးရေး မြို့နယ်သံဃာ့နာယက မှ တဆင့် ဘုန်းကြီးကျောင်း တစ်ကျောင်းချင်းစာထွက်ရန် နှင့် လိုက်နာမှုမရှိပါက ရှင်းလင်းဖယ်ရှားနိုင်ရေး စီမံဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည် ။

——————————————-

(Zawgyi)

သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားကို သတင္းကြၽတ္လျပည့္ေန႔ ေနာက္ဆံုးထား ဖယ္ရွားေပးရန္ စစ္ေဆးသတိေပး

ေအာက္တိုဘာ – ၁
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ သဂၤဇာေက်ာင္းတိုက္အတြင္းရွိ သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားကို သတင္းကြၽတ္လျပည့္ေန႔ ေနာက္ဆံုးထား ဖယ္ရွားေပးရန္ စစ္ေဆးသတိေပးမႈမ်ား ျပဳလုပ္ခဲ့သည္ ။

ထိုသို႔ ရွင္းလင္းရာတြင္ ၿမိဳ႕နယ္သံဃနာယက ဥကၠ႒ ဆရာေတာ္ႏွင့္ သံဃာေတာ္မ်ား၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန မွ တာဝန္ရွိသူမ်ား က စစ္ေဆး၍ ခံဝန္ လက္မွတ္ေရးထိုးကာ သတိေပးမႈမ်ား ျပဳလုပ္ခဲ့သည္ ။

“မဟန ကလည္း ညႊန္ၾကားလႊာေတြ အသီးသီးထုတ္ခဲ့တယ္။ မႏွစ္ကလည္း တိုင္းသံဃနာယက က ထုတ္ျပန္လို႔ ၿမိဳ႕နယ္သံဃနာကအဖြဲ႕က ဝါတြင္းသံုးလလံုးစစ္ေဆးၿပီး ရက္သတ္မွတ္ေပးၿပီးျဖစ္ပါတယ္။ အထူးအားျဖင့္ေတာ့ ဒီသဂၤဇာတိုက္က ဆရာေတာ္ဘုရားမ်ား က ေက်ာင္းတစ္ေက်ာင္းမွ ဘယ္သူေတြရွိတယ္လို႔ စာရင္းမေပးခဲ့ဘူး။ ဒီႏွစ္ျပန္စစ္ဖို႔ ငယ္စာရင္းေတြျပန္ၾကည့္တဲ့အခါမွာ သဂၤဇာတိုက္က လံုးဝစာရင္းမပါဘူး။ ဒါ့ေၾကာင့္ ဒီေန႔မွာ လာစစ္ေဆးတာပါ။´´ ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္သံဃနာယက ဥကၠ႒ ဆရာေတာ္ ဦးဓမၼာဓိပတိ က ေျပာသည္ ။

အဆိုပါေက်ာင္းတိုက္အတြင္းရွိ ဘုန္းႀကီးေက်ာင္းမ်ားတြင္ အေျခခ်ေနထိုင္သူအမ်ားအျပားေတြ႕ရၿပီး သစ္စက္၊ ေက်ာ္ျဖတ္စက္ ၊ ကာဝပ္ေရွာ့ ႏွင့္ က်ဴရွင္သင္ၾကားမႈဟစသည္တို႔ကို စစ္ေဆးေတြ႕ရွိခဲ့ကာ ခံဝန္လက္မွတ္မ်ားထိုး၍ သတင္းကြၽတ္လျပည့္ေန႔ ေနာက္ဆံုးထား ဖယ္ရွားေပးရန္ အသိေပးခဲ့သည္ ။

သာသနာ့နယ္ေျမမ်ားျဖစ္သည့္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ရာဇဝတ္မႈမကင္းေသာ လုပ္ငန္းမ်ားေဆာင္ရြက္မႈမရွိေစရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ က သိရသည္ ။

အခ်ိဳ႕ ရာဇဝတ္မႈမ်ား၊ ေလာင္းကစားဒိုင္မ်ား၊ စာရြက္ စာတမ္း အတုျပဳလုပ္မႈမ်ား စသည္တို႔ကို ဘုန္းႀကီးေက်ာင္းမ်ာအတြင္းမွ ဖမ္းဆီးရမိသည့္အတြက္ စာရင္းေကာက္ခံမႈမ်ားျပဳလုပ္ရန္ သံဃာ့နာယက သို႔ ေလွ်ာက္ထားတင္ျပမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္ ။

ဘုန္းႀကီးေက်ာင္း (သာသနာ့နယ္ေျမ) ႏွင့္ ဘုန္းႀကီးေက်ာင္းအနီးရွိ မီးတားေျမအျဖစ္ သတ္မွတ္ထားေသာ ေျမေနရာမ်ာေပၚတြင္ ပုဂၢလိက လုပ္ငန္းရွင္မ်ားသို႔ ေျမေနရာငွားရမ္း၍ လုပ္ငန္းမ်ားေဆာင္ရြက္ျခင္း ၊ ခြင့္ျပဳထားရွိမႈအား အျမန္ရွင္းလင္းေဆာင္ရြက္ေပးေရး ၿမိဳ႕နယ္သံဃာ့နာယက မွ တဆင့္ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းခ်င္းစာထြက္ရန္ ႏွင့္ လိုက္နာမႈမရွိပါက ရွင္းလင္းဖယ္ရွားႏိုင္ေရး စီမံေဆာင္ရြက္ရန္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လံုၿခံဳေရးအစည္းအေဝးတြင္ ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္ ။

Leave a Reply