ဘယ္လိုအင္အားမ်ိဳးကမွ တ႐ုတ္ႏိုင္ငံရဲ႕တိုးတက္မႈကိုမရပ္တန္႔ႏိုင္ဘူးလို႔ တ႐ုတ္အမ်ိဳးသားေန႔မိန္႔ခြန္းမွာ ႐ွီက်င့္ပင္ထည့္သြင္းေျပာဆို

0
7

ဘယ်လိုအင်အားမျိုးကမှ တရုတ်နိုင်ငံရဲ့တိုးတက်မှုကိုမရပ်တန့်နိုင်ဘူးလို့ တရုတ်အမျိုးသားနေ့မိန့်ခွန်းမှာ ရှီကျင့်ပင်ထည့်သွင်းပြောဆို

အောက်တိုဘာ ၁
နိုင်ငံတကာသတင်း

အင်္ဂါနေ့မှာကျရောက်တဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်းခြင်းနှစ်(၇၀)ပြည့်အခမ်းအနားမှာ မိန့်ခွန်းပြောစဉ် စည်းလုံးမှု၊ ဖွံ့ဖြိုးမှုနဲ့ အင်အားတို့ကို တရုတ်သမ္မတရှီကျင့်ပင်က အလေးပေးပြောဆိုခဲ့ပါတယ်။

ဒီကြီးမြတ်တဲ့နိုင်ငံရဲ့အခြေခံအုတ်မြစ်ကို လှုပ်နိုင်လောက်တဲ့အင်အားမရှိဘူးလို့ ရှီကပြောတာပါ။

၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌမော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ကြောင်းကြေညာခဲ့တဲ့ ဘေကျင်းမှာရှိတဲ့တီယန်မင်ရင်ပြင်မှာ ဆိုရှယ်လစ်တရုတ်နိုင်ငံက ကမ္ဘာ့ရှေ့မှောက်မှာ ရပ်တည်နေတယ်လို့ ရှီကပြောပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံကြီးရှေ့ချီတက်နေတာကို ဘယ်အင်အားကမှမရပ်တန့်နိုင်ဘူးလို့လည်း ရှီကပြောပါတယ်။

ဟောင်ကောင်မှာဖြစ်နေတဲ့အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာအင်အားဖြည့်တင်းမှုဖြစ်တဲ့ တစ်နိုင်ငံ၊ စနစ်နှစ်မျိုးစနစ်ဆက်ပြီးကျင့်သုံးသွားမယ်လို့ ရှီကပြောပါတယ်။

ဟောင်ကောင်နဲ့မကာအိုတို့ရဲ့ကာလရှည်တည်ငြိမ်မှု၊ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးဖွံ့ဖြိုးမှုနဲ့ နိုင်ငံအပြည့်အဝပြန်လည်ပေါင်းစည်းဖို့နဲ့စိတ်ဆန္ဒဆက်ပြီးရှိမှုတို့ကို ဆက်ပြီးထိန်းသိမ်းသွားမယ်လို့လည်း ရှီကပြောပါတယ်။

ရှီရဲ့မိန့်ခွန်းပြောပြီးမကြာခင်မှာ လူထောင်ချီပါဝင်တဲ့တရားဝင်ခွင့်ပြုမထားတဲ့ဆန္ဒပြချီတက်မှုလုပ်ခဲ့ပြီး ဟောင်ကောင်က ကော့စ်ဝေးပင်လယ်ကွေ့ခရိုင်က လမ်းတော်တော်များများကို ပိတ်ဆို့ခဲ့ကြပါတယ်။

ဒါ့အပြင် ဝေါင်ဆိုင်ဆင်ခရိုင်မှာလည်း လမ်းတွေပိတ်ပြီး အတားအဆီးတွေလုပ်ခဲ့တဲ့ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခဲ့ပါတယ်။

အင်္ဂါနေ့အစောပိုင်းမှာတော့ ဘေကျင်းမြို့၊ ချန်အန်းရိပ်သာမှာရှိတဲ့တပ်ဖွဲ့တွေကိုကြည့်ရှုစစ်ဆေးခဲ့ပြီးတဲ့နောက် ကမ္ဘာ့ခေတ်အမီဆုံးလက်နက်တွေကိုထုတ်ဖော်ပြသခဲ့တဲ့ အကြီးအကျယ်စစ်ရေးသရုပ်ပြမှုကိုလည်း ရှီက ကွပ်ကဲခဲ့ပါတယ်။

သရုပ်ပြမှုမှာ တပ်ဖွဲ့ဝင် ၁၅၀၀၀ လောက်၊ လေယာဉ်အစင်း ၁၆၀ ကျော်နဲ့ လက်နက်နဲ့ကိရိယာ ၅၈၀ ကျော်ပါဝင်ပါတယ်။

ဖော်ထုတ်ပြသခဲ့တဲ့အထဲမှာ အဓိကနည်းပညာတွေကတော့ ကမ္ဘာ့အကောင်းဆုံးလို့ တရုတ်နိုင်ငံက ကြွားဝါလေ့ရှိတဲ့ မောင်းသူမဲ့အဝေးထိန်းလေယာဉ်တွေနဲ့ ဒုံးကျည်စနစ်တွေဖြစ်ပါတယ်။

ရောင်စုံဝတ်ဆင်ထားတဲ့မြို့ခံ ၁၀၀၀၀၀ လောက်ကလည်း စစ်ရေးသရုပ်ပြမှုအပြီးမှာ ချီတက်ခဲ့ကြပါတယ်။

Source-CNN
#ဥက္ကာ
#TheFifthWaveNews
Photo-China Daily

————————————————-

(Zawgyi)

ဘယ္လိုအင္အားမ်ိဳးကမွ တ႐ုတ္ႏိုင္ငံရဲ႕တိုးတက္မႈကိုမရပ္တန္႔ႏိုင္ဘူးလို႔ တ႐ုတ္အမ်ိဳးသားေန႔မိန္႔ခြန္းမွာ ႐ွီက်င့္ပင္ထည့္သြင္းေျပာဆို

ေအာက္တိုဘာ ၁
ႏိုင္ငံတကာသတင္း

အဂၤါေန႔မွာက်ေရာက္တဲ့တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတည္ေထာင္းျခင္းႏွစ္(၇၀)ျပည့္အခမ္းအနားမွာ မိန္႔ခြန္းေျပာစဥ္ စည္းလံုးမႈ၊ ဖြံ႔ၿဖိဳးမႈနဲ႔ အင္အားတို႔ကို တ႐ုတ္သမၼတ႐ွီက်င့္ပင္က အေလးေပးေျပာဆိုခဲ့ပါတယ္။

ဒီႀကီးျမတ္တဲ့ႏိုင္ငံရဲ႕အေျခခံအုတ္ျမစ္ကို လႈပ္ႏိုင္ေလာက္တဲ့အင္အားမ႐ွိဘူးလို႔ ႐ွီကေျပာတာပါ။

၁၉၄၉ ခုႏွစ္မွာ တ႐ုတ္ကြန္ျမဴနစ္ပါတီဥကၠ႒ေမာ္စီတုန္းက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတည္ေထာင္ေၾကာင္းေၾကညာခဲ့တဲ့ ေဘက်င္းမွာ႐ွိတဲ့တီယန္မင္ရင္ျပင္မွာ ဆို႐ွယ္လစ္တ႐ုတ္ႏိုင္ငံက ကမာၻ႔ေ႐ွ႕ေမွာက္မွာ ရပ္တည္ေနတယ္လို႔ ႐ွီကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသားေတြနဲ႔ တ႐ုတ္ႏိုင္ငံႀကီးေ႐ွ႕ခ်ီတက္ေနတာကို ဘယ္အင္အားကမွမရပ္တန္႔ႏိုင္ဘူးလို႔လည္း ႐ွီကေျပာပါတယ္။

ေဟာင္ေကာင္မွာျဖစ္ေနတဲ့အစိုးရဆန္႔က်င္ဆႏၵျပမႈေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံဟာ ၿငိမ္းခ်မ္းစြာအင္အားျဖည့္တင္းမႈျဖစ္တဲ့ တစ္ႏိုင္ငံ၊ စနစ္ႏွစ္မ်ိဳးစနစ္ဆက္ၿပီးက်င့္သံုးသြားမယ္လို႔ ႐ွီကေျပာပါတယ္။

ေဟာင္ေကာင္နဲ႔မကာအိုတို႔ရဲ႕ကာလ႐ွည္တည္ၿငိမ္မႈ၊ ေရလက္ၾကားျဖတ္ေက်ာ္ဆက္ဆံေရးဖြံ႔ၿဖိဳးမႈနဲ႔ ႏိုင္ငံအျပည့္အဝျပန္လည္ေပါင္းစည္းဖို႔နဲ႔စိတ္ဆႏၵဆက္ၿပီး႐ွိမႈတို႔ကို ဆက္ၿပီးထိန္းသိမ္းသြားမယ္လို႔လည္း ႐ွီကေျပာပါတယ္။

႐ွီရဲ႕မိန္႔ခြန္းေျပာၿပီးမၾကာခင္မွာ လူေထာင္ခ်ီပါ၀င္တဲ့တရား၀င္ခြင့္ျပဳမထားတဲ့ဆႏၵျပခ်ီတက္မႈလုပ္ခဲ့ၿပီး ေဟာင္ေကာင္က ေကာ့စ္ေ၀းပင္လယ္ေကြ႕ခ႐ိုင္က လမ္းေတာ္ေတာ္မ်ားမ်ားကို ပိတ္ဆို႔ခဲ့ၾကပါတယ္။

ဒါ့အျပင္ ေဝါင္ဆိုင္ဆင္ခ႐ိုင္မွာလည္း လမ္းေတြပိတ္ၿပီး အတားအဆီးေတြလုပ္ခဲ့တဲ့ဆႏၵျပသူေတြကို ရဲေတြက မ်က္ရည္ယိုဗံုးေတြနဲ႔ပစ္ခဲ့ပါတယ္။

အဂၤါေန႔အေစာပိုင္းမွာေတာ့ ေဘက်င္းၿမိဳ႕၊ ခ်န္အန္းရိပ္သာမွာ႐ွိတဲ့တပ္ဖြဲ႔ေတြကိုၾကည့္႐ွဳစစ္ေဆးခဲ့ၿပီးတဲ့ေနာက္ ကမာၻ႔ေခတ္အမီဆံုးလက္နက္ေတြကိုထုတ္ေဖာ္ျပသခဲ့တဲ့ အႀကီးအက်ယ္စစ္ေရးသ႐ုပ္ျပမႈကိုလည္း ႐ွီက ကြပ္ကဲခဲ့ပါတယ္။

သ႐ုပ္ျပမႈမွာ တပ္ဖြဲ႔၀င္ ၁၅၀၀၀ ေလာက္၊ ေလယာဥ္အစင္း ၁၆၀ ေက်ာ္နဲ႔ လက္နက္နဲ႔ကိရိယာ ၅၈၀ ေက်ာ္ပါ၀င္ပါတယ္။

ေဖာ္ထုတ္ျပသခဲ့တဲ့အထဲမွာ အဓိကနည္းပညာေတြကေတာ့ ကမာၻ႔အေကာင္းဆံုးလို႔ တ႐ုတ္ႏိုင္ငံက ႂကြားဝါေလ့႐ွိတဲ့ ေမာင္းသူမဲ့အေ၀းထိန္းေလယာဥ္ေတြနဲ႔ ဒံုးက်ည္စနစ္ေတြျဖစ္ပါတယ္။

ေရာင္စံု၀တ္ဆင္ထားတဲ့ၿမိဳ႕ခံ ၁၀၀၀၀၀ ေလာက္ကလည္း စစ္ေရးသ႐ုပ္ျပမႈအၿပီးမွာ ခ်ီတက္ခဲ့ၾကပါတယ္။

Source-CNN
#ဥကၠာ
#TheFifthWaveNews
Photo-China Daily

Leave a Reply