တနိုင္တပိုင္ သီတင္းကြၽတ္ မီးထြန္းကား လုပ္ငန္း

0
8

ေအာက္တိုဘာ ၃

မႏၱေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ခ်မ္းျမသာစည္ ေျမာက္ အကြက္ (၈၄၀) ရပ္ကြက္ထဲတြင္ သီတင္းကြၽတ္ မီးထြန္းကား ျပဳလုပ္သူ အမ်ားစုေနထိုင္ရာ ရပ္ကြက္ထဲတစ္ခု ျဖစ္ပါသည္။

ထိုရပ္ကြက္ထဲတြင္ သီတင္းကြၽတ္ မီးထြန္းကား လုပ္ငန္းကို တနိုင္တပိုင္ လုပ္ကိုင္စားေသာက္သူမ်ားရွိသလို လကၠားျဖန႔္ အေျမာက္အျမား လုပ္ကိုင္ေနသူေတြလည္း ရွိၾကပါသည္။

အသက္(၅၂)ႏွစ္ အ႐ြယ္ရွိ ဦးေသာ္သည္ သီတင္းကြၽတ္ မီးထြန္းကား လုပ္ငန္းကို တနိုင္တပိုင္ျဖင့္ လုပ္ကိုင္ေနသည္မွာ ႏွစ္ေပါင္း (၂၀)ေက်ာ္ ရွိေနၿပီ ျဖစ္သည္။

သူသည္ အဆိုပါ လုပ္ငန္းကို အမ်ားသူငါလုပ္ကိုင္သလို အလုပ္သမားမ်ား ငွါးရမ္းလုပ္ကိုင္ျခင္း မျပဳဘဲ သူ၏ မိသားစုဝင္မ်ားျဖင့္သာ တနိုင္တပိုင္ လုပ္ကိုင္လွ်က္ရွိပါသည္။

ဦးေသာ္ ျပဳလုပ္ေသာ မီးထြန္းကားမ်ားသည္ အမ်ားစု ျပဳလုပ္သလို ဂ်က္ေလယာဥ္၊ကား၊ ဇီးကြက္႐ုပ္ မ်ား သာမက တစ္ႏွစ္ တစ္မ်ိဳး ေရးဆြဲေသာ သူ၏ ကိုယ္ပိုင္ ဒီဇိုင္းမ်ားေရးဆြဲေနရာင္းခ်‌ပါေသးသည္။

အဆိုပါ မီးထြန္းကားမ်ားကို မႏၱေလးၿမိဳ႕ေပၚတြင္ အဓိကထား ေရာင္းခ်ေသာ္လည္း စစ္ကိုင္း၊ ဝမ္းတြင္း၊ မတၱရာ စသည့္ၿမိဳ႕မ်ားမွ လာဝယ္သူမ်ားလည္း ရွိပါသည္။

ဓာတ္ပံု- Kaung Zaw Hein / MPA

Unicode

တနိုင်တပိုင် သီတင်းကျွတ် မီးထွန်းကား လုပ်ငန်း

Photo – Kaung Zaw Hein / MPA

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက် အကွက် (၈၄၀) ရပ်ကွက်ထဲတွင် သီတင်းကျွတ် မီးထွန်းကား ပြုလုပ်သူ အများစုနေထိုင်ရာ ရပ်ကွက်ထဲတစ်ခု ဖြစ်ပါသည်။

ထိုရပ်ကွက်ထဲတွင် သီတင်းကျွတ် မီးထွန်းကား လုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်စားသောက်သူများရှိသလို လက္ကားဖြန့် အမြောက်အမြား လုပ်ကိုင်နေသူတွေလည်း ရှိကြပါသည်။

အသက်(၅၂)နှစ် အရွယ်ရှိ ဦးသော်သည် သီတင်းကျွတ် မီးထွန်းကား လုပ်ငန်းကို တနိုင်တပိုင်ဖြင့် လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း (၂၀)ကျော် ရှိနေပြီ ဖြစ်သည်။

သူသည် အဆိုပါ လုပ်ငန်းကို အများသူငါလုပ်ကိုင်သလို အလုပ်သမားများ ငှါးရမ်းလုပ်ကိုင်ခြင်း မပြုဘဲ သူ၏ မိသားစုဝင်များဖြင့်သာ တနိုင်တပိုင် လုပ်ကိုင်လျှက်ရှိပါသည်။

ဦးသော် ပြုလုပ်သော မီးထွန်းကားများသည် အများစု ပြုလုပ်သလို ဂျက်လေယာဉ်၊ကား၊ ဇီးကွက်ရုပ် များ သာမက တစ်နှစ် တစ်မျိုး ရေးဆွဲသော သူ၏ ကိုယ်ပိုင် ဒီဇိုင်းများရေးဆွဲနေရာင်းချ‌ပါသေးသည်။

အဆိုပါ မီးထွန်းကားများကို မန္တလေးမြို့ပေါ်တွင် အဓိကထား ရောင်းချသော်လည်း စစ်ကိုင်း၊ ဝမ်းတွင်း၊ မတ္တရာ စသည့်မြို့များမှ လာဝယ်သူများလည်း ရှိပါသည်

Leave a Reply