ျပဳျပင္​​ေျပာင္​းလဲႏိုင္​ဆံုး ႏိုင္​ငံ ၂၀ တြင္​ ျမန္​မာပါဝင္​ ဟု ကမၻာ့ဘဏ္​ ပဏာမအစီရင္​ခံ​ေဖာ္​ျပ

0
5

ပြုပြင်ပြောင်းလဲနိုင်ဆုံး နိုင်ငံ ၂၀ တွင် မြန်မာပါဝင် ဟု ကမ္ဘာ့ဘဏ် ပဏာမအစီရင်ခံဖော်ပြ

အောက်တိုဘာ ၂
ဝေဝေဖြိုး

ကမ္ဘာ့ဘဏ်၏ ပဏာမအစီရင်ခံစာအရ အပြောင်းလဲဆုံးနိုင်ငံ ၂၀ စာ ရင်းတွင် မြန်မာနိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့် Ease of Doing Business ဆောင်ရွက်ရာတွင် ကဏ္ဍ ၅ခု ပြောင်းလဲတိုးတက် လုပ်ဆောင်လာကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

ထိုသို့ပြောင်းလဲတိုးတက်လာသော ကဏ္ဍ ၅ခုအနက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှင့် တိုက်ရိုက်သက်ဆိုင်သည့် လုပ်ငန်း ၂ခု ပါဝင်သည်ဟုဆိုသည်။

“ပထမတစ်ခုကတော့ စီးပွားရေးလုပ်ငန်း တစ်ခု စတင်ခြင်း(starting a business)ဖြစ်ပါတယ်၊ ဒါက ကုမ္ပဏီစတင်ထူထောင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းအတွက် ကျွန်တော်တို့ ဒါ ထူးထူးခြားခြား ပြောင်းလဲပြီး ဆောင်ရွက်ပေးနိုင်တဲ့ Electronic Online System နဲ့ ဆောင်ရွက်ပေးနိုင်တာ ဖြစ်တဲ့အတွက် ဒါကို အသိအမှတ်ပြု ပြောင်းလဲတာဖြစ်ပါတယ်၊ ဒီအသိအမှတ်ပြုတဲ့ starting a business Score ဟာ ဒီမြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးရဲ့ရင်းနှီးမြှုပ်နှံမှု စတင်ရမှု လွယ်ကူဆုံး ညွှန်းကိန်းသတ်မှတ်တဲ့ ၁၇၁ ရနေတဲ့ အချိန်မှာ ကျွန်တော်တို့က အဆင့် ၁၅၄ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီ ကမ္ဘာ့ဘဏ်ရဲ့ အကြိုဆန်းစစ်ချက်လည်း ပေါ်လာပြီဖြစ်တဲ့အတွက် starting a business Score က ပိုပြီးတော့ ကျလာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ၎င်းကပြောသည်။

ဒုတိယအချက်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပြဌာန်းလိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေပြဌာန်းချက် အရ အနည်းစု ရှယ်ယာပိုင်ဆိုင်မှုနှင့် ဒါရိုက်တာများ ဆောင်ရွက်မှုအပိုင်းတွင် အဆိုပါဥပဒေ၌ ပြဌာန်းပြီးဖြစ်သည့်အတွက် ကမ္ဘာ့ဘဏ်က မှတ်တမ်းတင် အသိအမှတ်ပြုထားသည်ဟုဆိုသည်။

” ဒါလည်း ထပ်မံကျသွားတာ ဖြစ်ပါတယ်၊ ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့ ပဏာမ အစီရင်ခံစာအရ လာမယ့် ရင်းနှီးမြှုပ်နှံမှု အညွှန်းကိန်းဟာ ယခင်နှစ်ကထက် ပိုပြီးတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးသန့်စင်လွင် က ပြောသည်။

ကမ္ဘာ့ဘဏ်၏ ပဏာမအစီရင်ခံစာအရ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူအောင် ဆောင်ရွက်နေမှုအဆင့်(Doing Business Ranking) တွင် မြန်မာနိုင်ငံသည် ယခင်နှစ်ထက် ပိုမိုကောင်းလာမည်ဟုဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု အဆင့်(Doing Business Ranking) ၁၀၀ အောက်သို့ ရောက်ရှိလာရန် မျှော်မှန်းထားကြောင်း Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောကြားထားသည်။

Ease of Doing Business ဆောင်ရွက်ခြင်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဆောင်ရွက်ရန် လုပ်ငန်းအဆင့် အနည်းဆုံး၊ အချိန်အတိုဆုံးနှင့် ကုန်ကျစရိတ် အနည်းဆုံးဖြင့် လွယ်ကူစွာ လုပ်ကိုင်နိုင်မှုကို ဆိုလိုခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းများနှင့် အဓိက သက်ဆိုင်သော လုပ်ငန်း ၁၁ မျိုးဖြစ်သည့် စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခြင်း၊ အဆောက်အဦ ဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ချေးငွေရရှိနိုင်မှု၊ အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ် ပေးခြင်း၊ အခွန်ပေး ဆောင်မှု၊ ပြည်ပကုန်သွယ်မှု၊ စာချုပ်စာတန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အကြွေးမဆပ်နိုင်မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှုနှင့် အလုပ်သမားစီမံခန့်ခွဲမှု တို့ကို အခြေခံတိုင်းတာခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ Doing Business ၂၀၁၈ အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ ၌ ရပ်တည်ခဲ့ပြီး အလားတူ Doing Business ၂၀၁၉ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသည် ယခင်နှစ် နည်းတူ အဆင့် ၁၇၁ ၌သာ ဆက်လက်ရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု အဆင့်(Doing Business Ranking)ကို ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၀၀၊ ၂၀၂၅ ခုနှစ်တွင် အဆင့် ၈၀ ၊ ၂၀၃၀ ပြည့်နှစ်တွင် အဆင့် ၆၀ နှင့် ၂၀၃၅ ခုနှစ်တွင် အဆင့် ၄၀ အတွင်း ရောက်ရှိရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

……………………………………..

(Zawgyi)

ျပဳျပင္​​ေျပာင္​းလဲႏိုင္​ဆံုး ႏိုင္​ငံ ၂၀ တြင္​ ျမန္​မာပါဝင္​ ဟု ကမၻာ့ဘဏ္​ ပဏာမအစီရင္​ခံ​ေဖာ္​ျပ

ေအာက္တိုဘာ ၂
ေဝေဝၿဖိဳး

ကမာၻ႔ဘဏ္၏ ပဏာမအစီရင္ခံစာအရ အေျပာင္းလဲဆံုးႏိုင္ငံ ၂၀ စာ ရင္းတြင္ ျမန္မာႏိုင္ငံပါ၀င္ျပီး ျမန္မာႏိုင္ငံအေနျဖင့္ Ease of Doing Business ေဆာင္ရြက္ရာတြင္ က႑ ၅ခု ေျပာင္းလဲတိုးတက္ လုပ္ေဆာင္လာေၾကာင္း
ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားညႊန္ၾကားမႈ ဦးစီးဌာန(DICA)မွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္ က ေျပာသည္။

ထိုသို႔ေျပာင္းလဲတိုးတက္လာေသာ က႑ ၅ခုအနက္ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန ႏွင့္ တိုက္ရိုက္သက္ဆိုင္သည့္ လုပ္ငန္း ၂ခု ပါ၀င္သည္ဟုဆိုသည္။

“ပထမတစ္ခုကေတာ့ စီးပြားေရးလုပ္ငန္း တစ္ခု စတင္ျခင္း(starting a business)ျဖစ္ပါတယ္၊ ဒါက ကုမၸဏီစတင္ထူေထာင္တဲ႔ လုပ္ငန္းျဖစ္ပါတယ္။ ဒီလုပ္ငန္းအတြက္ ကြ်န္ေတာ္တို႔ ဒါ ထူးထူးျခားျခား ေျပာင္းလဲျပီး ေဆာင္ရြက္ေပးႏိုင္တဲ႔ Electronic Online System နဲ႔ ေဆာင္ရြက္ေပးႏိုင္တာ ျဖစ္တဲ႔အတြက္ ဒါကို အသိအမွတ္ျပဳ ေျပာင္းလဲတာျဖစ္ပါတယ္၊ ဒီအသိအမွတ္ျပဳတဲ႔ starting a business Score ဟာ ဒီျမန္မာႏိုင္ငံမွာ တစ္ႏိုင္ငံလံုးရဲ႕ရင္းႏွီးျမွဳပ္ႏွံမႈ စတင္ရမႈ လြယ္ကူဆံုး ညႊန္းကိန္းသတ္မွတ္တဲ႔ ၁၇၁ ရေနတဲ႔ အခ်ိန္မွာ ကြ်န္ေတာ္တို႔က အဆင့္ ၁၅၄ ျဖစ္ပါတယ္၊ ဒါေၾကာင့္ ဒီ ကမာၻ႔ဘဏ္ရဲ႕ အၾကိဳဆန္းစစ္ခ်က္လည္း ေပၚလာျပီျဖစ္တဲ႔အတြက္ starting a business Score က ပိုျပီးေတာ့ က်လာမယ္လို႔ ကြ်န္ေတာ္ ေမ်ွာ္လင့္ပါတယ္”ဟု ၎ကေျပာသည္။

ဒုတိယအခ်က္မွာ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ျပဌာန္းလိုက္ျခင္းျဖစ္ၿပီး ယင္းဥပေဒျပဌာန္းခ်က္ အရ အနည္းစု ရွယ္ယာပိုင္ဆိုင္မႈနွင့္ ဒါရိုက္တာမ်ား ေဆာင္ရြက္မႈအပိုင္းတြင္ အဆိုပါဥပေဒ၌ ျပဌာန္းျပီးျဖစ္သည့္အတြက္ ကမၻာ့ဘဏ္က မွတ္တမ္းတင္ အသိအမွတ္ျပဳထားသည္ဟုဆိုသည္။

” ဒါလည္း ထပ္မံက်သြားတာ ျဖစ္ပါတယ္၊ ဒါေၾကာင့္ ကမၻာ့ဘဏ္ရဲ႕ ပဏာမ အစီရင္ခံစာအရ လာမယ့္ ရင္းႏွီးျမွဳပ္ႏွံမႈ အညႊန္းကိန္းဟာ ယခင္ႏွစ္ကထက္ ပိုျပီးေတာ့ ေကာင္းလာမယ္လို႔ ေမ်ွာ္လင့္ပါတယ္”ဟု ဦးသန္႔စင္လြင္ က ေျပာသည္။

ကမာၻ႔ဘဏ္၏ ပဏာမအစီရင္ခံစာအရ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ လြယ္ကူေအာင္ ေဆာင္ရြက္ေနမႈအဆင့္(Doing Business Ranking) တြင္ ျမန္မာနိုင္ငံသည္ ယခင္ႏွစ္ထက္ ပိုမိုေကာင္းလာမည္ဟုဆိုသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ၂၀၂၁ ခုႏွစ္တြင္ ကမၻာ့ဘဏ္၏ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ရ လြယ္ကူမႈ အဆင့္(Doing Business Ranking) ၁၀၀ ေအာက္သို႔ ေရာက္ရွိလာရန္ ေမွ်ာ္မွန္းထားေၾကာင္း Ease of Doing Business Ranking တိုးတက္ေရးလုပ္ငန္းအဖြဲ႔ အဖြဲ႔ေခါင္းေဆာင္၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ၾကီးဌာနမွ ဒုတိယ၀န္ၾကီး ဦးေအာင္ထူး က ေျပာၾကားထားသည္။

Ease of Doing Business ေဆာင္ရြက္ျခင္း ဆိုသည္မွာ စီးပြားေရးလုပ္ငန္းႏွင့္သက္ဆိုင္သည့္ လုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ ေဆာင္ရြက္ရန္ လုပ္ငန္းအဆင့္ အနည္းဆံုး၊ အခ်ိန္အတိုဆံုးႏွင့္ ကုန္က်စရိတ္ အနည္းဆံုးျဖင့္ လြယ္ကူစြာ လုပ္ကိုင္ႏိုင္မႈကို ဆိုလိုျခင္းျဖစ္သည္။

စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အဓိက သက္ဆိုင္ေသာ လုပ္ငန္း ၁၁ မ်ိဳးျဖစ္သည့္ စီးပြားေရးလုပ္ငန္း တစ္ခုစတင္ျခင္း၊ အေဆာက္အဦ ေဆာက္လုပ္ခြင့္ရယူျခင္း၊ လွ်ပ္စစ္ဓာတ္အား ရရွိႏိုင္မႈ၊ ပိုင္ဆိုင္မႈ မွတ္ပံုတင္ျခင္း၊ ေခ်းေငြရရွိႏိုင္မႈ၊ အနည္းစု ရင္းႏွီးျမွဳပ္ႏွံသူမ်ားအား အကာအကြယ္ ေပးျခင္း၊ အခြန္ေပး ေဆာင္မႈ၊ ျပည္ပကုန္သြယ္မႈ၊ စာခ်ဳပ္စာတန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္ရြက္ျခင္း၊ အေၾကြးမဆပ္ႏိုင္မႈ အေျခအေနကို ေျဖရွင္းေပးႏိုင္မႈနွင့္ အလုပ္သမားစီမံခန္႔ခြဲမႈ တို႔ကို အေျခခံတိုင္းတာျခင္းျဖစ္သည္။

ကမာၻ႔ဘဏ္၏ Doing Business ၂၀၁၈ အစီရင္ခံစာအရ ၂၀၁၇ ခုႏွစ္တြင္ ကမၻာ့ႏိုင္ငံေပါင္း ၁၉၀ ရွိသည့္အနက္ ျမန္မာႏိုင္ငံသည္ အဆင့္ ၁၇၁ ၌ ရပ္တည္ခဲ႔ျပီး အလားတူ Doing Business ၂၀၁၉ အစီရင္ခံစာအရ ၂၀၁၈ ခုႏွစ္တြင္လည္း ျမန္မာႏိုင္ငံသည္ ယခင္နွစ္ နည္းတူ အဆင့္ ၁၇၁ ၌သာ ဆက္လက္ရပ္တည္လ်က္ရွိသည္။

ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္အေနျဖင့္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ရ လြယ္ကူမႈ အဆင့္(Doing Business Ranking)ကို ၂၀၂၀ ျပည့္ႏွစ္တြင္ အဆင့္ ၁၀၀၊ ၂၀၂၅ ခုႏွစ္တြင္ အဆင့္ ၈၀ ၊ ၂၀၃၀ ျပည့္ႏွစ္တြင္ အဆင့္ ၆၀ ႏွင့္ ၂၀၃၅ ခုႏွစ္တြင္ အဆင့္ ၄၀ အတြင္း ေရာက္ရွိရန္ ရည္မွန္းထားေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ျမွင့္တင္ေရး စီမံကိန္းတြင္ ေဖာ္ျပထားသည္။

Leave a Reply