ေရငုပ္သေဘၤာကေန ေျမာက္ကိုရီးယားဒံုးက်ည္ပစ္လႊတ္ႏိုင္ေခ်႐ွိ

0
24

ရေငုပ်သင်္ဘောကနေ မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်နိုင်ချေရှိ

အောက်တိုဘာ ၂
နိုင်ငံတကာသတင်း

မြောက်ကိုရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်ပါတယ်။

အမေရိကန်နဲ့နျူကလီးယားအရေးဆွေးနွေးမှုတွေပြန်လုပ်မယ်လို့ပြောပြီး နာရီပိုင်းအကြာမှာ ပစ်လွှတ်လိုက်တာပါ။

ဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်တာတွေ့ရပြီး
မြောက်ကိုရီးယားနိုင်ငံ၊ ဝန်ဆန်ဆိပ်ကမ်းနားကနေ အမြင့်ကီလိုမီတာ ၉၁၀၊ အကွာအဝေးကီလိုမီတာ ၄၅၀ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေကပြောပါတယ်။

တကယ်လို့သာအတည်ပြုနိုင်မယ်ဆိုရင် မေနောက်ပိုင်းမှာ မြောက်ကိုရီးယားရဲ့တာတိုပစ်ဒုံးကျည်စမ်းသပ်မှုတွေထဲမှာ အခုပစ်လွှတ်မှုက သိသာထင်ရှားတဲ့တင်းမာမှုတစ်ခုဖြစ်လာမှာပါ။

ပစ်လွှတ်မှုကို ရှုတ်ချပြောဆိုနေတာတွေရှိနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံကိုပဲ့ထိန်းဒုံးကျည်နည်းပညာအသုံးပြုခွင့်ပိတ်ပင်ထားတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘဲကပြောပါတယ်။

နာရီပိုင်းမတိုင်ခင်ကတော့ အခုတစ်ပတ်နောက်ပိုင်းမှာ အမေရိကန်နဲ့နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုတွေပြန်စနိုင်မယ်လို့ မြောက်ကိုရီးယားဘက်ကပြောပါတယ်။

အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်တို့ ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းမှာ ဆွေးနွေးပွဲပျက်ခဲ့တဲ့နောက် အမေရိကန်-မြောက်ကိုရီးယားဆွေးနွေးမှုတွေတစ်ဆို့နေပါတယ်။

စမ်းသပ်မှုနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်စိုးရိမ်တယ်ဆိုပြီး တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီကပြောသလို ရေငုပ်သင်္ဘောကနေပစ်လွှတ်တဲ့ဒုံးကျည်ဖြစ်နိုင်ချေများတယ်လို့လည်းပြောဆိုပြီး ယွန်ဟတ်သတင်းအေဂျင်စီကဖော်ပြပါတယ်။

ဒုံးကျည်နှစ်စင်းလွှတ်တင်ခဲ့တယ်လို့ အာဏာပိုင်တွေက အစီရင်ခံပြီး မနက်အစောနာရီပိုင်းအတွင်း သတင်းတွေမှာဖော်ပြခဲ့တာပါ။

ဒုံးကျည်အနည်းဆုံးတစ်စင်းက ဂျပန်ရေပြင်ထဲကျခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

အခုပစ်လွှတ်မှုဟာ ၂၀၁၉ ခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ၁၁ ကြိမ်မြောက်ဒုံးကျည်စမ်းသပ်မှုဖြစ်ပါတယ်။

တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုတွေမရပ်ခင်ကတည်းက မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောကနေပစ်လွှတ်နိုင်တဲ့ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်နေတာပါ။

၂၀၁၆ ခုနှစ်၊ သြဂုတ်မှာ မြောက်ကိုရီးယားက နောက်ဆုံးရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်ခဲ့ပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-KCNA

…………………………………………………

(Zawgyi)

ေရငုပ္သေဘၤာကေန ေျမာက္ကိုရီးယားဒံုးက်ည္ပစ္လႊတ္ႏိုင္ေခ်႐ွိ

ေအာက္တိုဘာ ၂
ႏိုင္ငံတကာသတင္း

ေျမာက္ကိုရီးယားႏိုင္ငံဟာ ေရငုပ္သေဘၤာကေန ပဲ့ထိန္းဒံုးက်ည္တစ္စင္းပစ္လႊတ္လိုက္ပါတယ္။

အေမရိကန္နဲ႔ႏ်ဴကလီးယားအေရးေဆြးေႏြးမႈေတြျပန္လုပ္မယ္လို႔ေျပာၿပီး နာရီပိုင္းအၾကာမွာ ပစ္လႊတ္လိုက္တာပါ။

ဒံုးက်ည္တစ္စင္းပစ္လႊတ္လိုက္တာေတြ႕ရၿပီး
ေျမာက္ကိုရီးယားႏိုင္ငံ၊ ၀န္ဆန္ဆိပ္ကမ္းနားကေန အျမင့္ကီလိုမီတာ ၉၁၀၊ အကြာအေ၀းကီလိုမီတာ ၄၅၀ ေရာက္ခဲ့တယ္လို႔ ေတာင္ကိုရီးယားအာဏာပိုင္ေတြကေျပာပါတယ္။

တကယ္လို႔သာအတည္ျပဳႏိုင္မယ္ဆိုရင္ ေမေနာက္ပိုင္းမွာ ေျမာက္ကိုရီးယားရဲ႕တာတိုပစ္ဒံုးက်ည္စမ္းသပ္မႈေတြထဲမွာ အခုပစ္လႊတ္မႈက သိသာထင္႐ွားတဲ့တင္းမာမႈတစ္ခုျဖစ္လာမွာပါ။

ပစ္လႊတ္မႈကို ႐ွဳတ္ခ်ေျပာဆိုေနတာေတြ႐ွိေနပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံကိုပဲ့ထိန္းဒံုးက်ည္နည္းပညာအသံုးျပဳခြင့္ပိတ္ပင္ထားတဲ့ကုလသမဂၢလံုျခံဳေရးေကာင္စီဆံုးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္တာလို႔ ဂ်ပန္၀န္ႀကီးခ်ဳပ္႐ွင္ဇို အာဘဲကေျပာပါတယ္။

နာရီပိုင္းမတိုင္ခင္ကေတာ့ အခုတစ္ပတ္ေနာက္ပိုင္းမွာ အေမရိကန္နဲ႔ႏ်ဴကလီးယားဖ်က္သိမ္းေရးေဆြးေႏြးမႈေတြျပန္စႏိုင္မယ္လို႔ ေျမာက္ကိုရီးယားဘက္ကေျပာပါတယ္။

အေမရိကန္သမၼတေဒၚနယ္ ထရမ့္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္တို႔ ေဖေဖာ္ဝါရီက ဗီယက္နမ္ႏိုင္ငံၿမိဳ႕ေတာ္ဟႏြိဳင္းမွာ ေဆြးေႏြးပြဲပ်က္ခဲ့တဲ့ေနာက္ အေမရိကန္-ေျမာက္ကိုရီးယားေဆြးေႏြးမႈေတြတစ္ဆို႔ေနပါတယ္။

စမ္းသပ္မႈနဲ႔ပတ္သက္လို႔ ျပင္းျပင္းထန္ထန္စိုးရိမ္တယ္ဆိုၿပီး ေတာင္ကိုရီးယားအမ်ိဳးသားလံုျခံဳေရးေကာင္စီကေျပာသလို ေရငုပ္သေဘၤာကေနပစ္လႊတ္တဲ့ဒံုးက်ည္ျဖစ္ႏိုင္ေခ်မ်ားတယ္လို႔လည္းေျပာဆိုၿပီး ယြန္ဟတ္သတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

ဒံုးက်ည္ႏွစ္စင္းလႊတ္တင္ခဲ့တယ္လို႔ အာဏာပိုင္ေတြက အစီရင္ခံၿပီး မနက္အေစာနာရီပိုင္းအတြင္း သတင္းေတြမွာေဖာ္ျပခဲ့တာပါ။

ဒံုးက်ည္အနည္းဆံုးတစ္စင္းက ဂ်ပန္ေရျပင္ထဲက်ခဲ့တယ္လို႔လည္း ေဖာ္ျပပါတယ္။

အခုပစ္လႊတ္မႈဟာ ၂၀၁၉ ခုႏွစ္အတြင္း ေျမာက္ကိုရီးယားရဲ႕ ၁၁ ႀကိမ္ေျမာက္ဒံုးက်ည္စမ္းသပ္မႈျဖစ္ပါတယ္။

တာေ၀းပစ္ဒံုးက်ည္စမ္းသပ္မႈေတြမရပ္ခင္ကတည္းက ေျမာက္ကိုရီးယားႏိုင္ငံက ေရငုပ္သေဘၤာကေနပစ္လႊတ္ႏိုင္တဲ့ပဲ့ထိန္းဒံုးက်ည္ေတြကို စမ္းသပ္ေနတာပါ။

၂၀၁၆ ခုႏွစ္၊ ၾသဂုတ္မွာ ေျမာက္ကိုရီးယားက ေနာက္ဆံုးေရငုပ္သေဘၤာကေန ဒံုးက်ည္ပစ္လႊတ္ခဲ့ပါတယ္။

Source-BBC
#ဥကၠာ
#TheFifthWaveNews
Photo-KCNA

Leave a Reply