လုပ္ငန္းလိုင္စင္မရွိဘဲ ေျပးဆြဲေနသည့္ ၾကားကားမ်ားကို အေရးယူရန္ ေဆြးေႏြးေန

0
5

လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေသည့် ကြားကားများကို အရေးယူရန် ဆွေးနွေးနေ

အောက်တိုဘာ ၂
ဝေဝေဖြိုး

မှတ်ပုံတင်ထားသော်လည်း လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေသည့် ကြားကားများကို အရေးယူရန် ယာဉ်စီးကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီနှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

ယခုလ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)ရုံးချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

” ကြားကားတွေကို အရေးယူတဲ့ကိစ္စက ကျွန်တော်တို့ကြီးပဲ လုပ်လို့မရပါဘူး။ဒါကြောင့် ယာဉ်စီးကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှာ ကြားကားတွေကို ဘယ်လိုစီမံမလဲ ဆိုတာကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ကြားကားများကို စည်းစနစ်တကျနဲ့ အရေးယူဖို့က ယာဉ်စီးကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီအနေနဲ့ ဆွေးနွေးနေပါတယ် “ဟု ၎င်းကပြောသည်။

စည်းကမ်းဖောက်ဖျက်သော အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသည့် ကြားကားများအား ပိုမို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲလျက်ရှိကြောင်း ယခုလ ၁ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ် နီလာကျော်က ပြောသည်။

သန်လျင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၏ အောက်ဆိုဒ်(ကြားကား) များ ပြေးဆွဲမှု ပပျောက်အောင် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စည်းကမ်းဖောက်ဖျက်သော ကြားကားများကို ဆက်လက်စောင့်ကြည့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ သို့သော်လည်း ပြစ်ဒဏ်မှာ သုံးသောင်းထက်မပိုသော ဒဏ်ငွေသည် ထိရောက်မှု မရှိတဲ့အတွက် ပိုမို ထိရောက်တဲ့ ပြစ်ဒဏ်များ ချမှတ်နိုင်ရေးကိုလည်း ဆောင်ရွက်ရန်အတွက် အခု စီမံချက်တွေ ရေးဆွဲလျက်ရှိပါတယ်”ဟု ဝန်ကြီးကပြောသည်။

စည်းကမ်းဖောက်ဖျက်သည့် ကြားကားများကို ၂၀၁၅ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ ပုဒ်မ(၆၅)အရ သုံးသောင်းထက် မပိုသော ဒဏ်ငွေများဖြင့် ချမှတ်အရေးယူ ဆောင်ရွက်လျက်ရှိသော်လည်း ယင်းဒဏ်ငွေသည် ထိရောက်မှု မရှိသည့်အတွက် ပိုမိုထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှစတင်၍ Yangon Bus Service (YBS) ယာဉ်လိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ခရီးသွားပြည်သူများ သွားလာမှု ပိုမို အဆင်ပြေစေရေးအတွက် ယာဉ်လိုင်းအချို့သည် (၂၄)နာရီ ပြေးဆွဲလျက်ရှိသည်ဟုဆိုသည်။

ထိုသို့ ပြေးဆွဲလျက်ရှိသော်လည်း လူအချို့မှာ ညပိုင်းအချိန်များတွင် တရားမဝင် ကြားကားများ ပြေးဆွဲ၍ ခရီးသည်များ သယ်ယူပို့ဆောင် နေကြောင်း သတင်းရရှိသဖြင့် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) ကွပ်ကဲမှုအောက်ရှိ အမှတ်(၆/၇/၈/၉) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲများမှ ၂၀၁၈ခုနှစ်အတွင်း ကြားကားအစီးရေ (၁၅၄)စီးကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၁၉ ခုနှစ်အတွင်း ခရိုင်အလိုက် ဖမ်းဆီးရမိမှုမှာ အရှေ့ပိုင်းခရိုင်(၄၈)မှု၊ အနောက်ပိုင်းခရိုင်(၉)မှု၊ တောင်ပိုင်းခရိုင်(၁၀)မှု၊ မြောက်ပိုင်းခရိုင် (၈၁)မှု၊ စုစုပေါင်း(၁၄၈)မှု ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

……………………………………………

(Zawgyi)

လုပ္ငန္းလိုင္စင္မရွိဘဲ ေျပးဆြဲေနသည့္ ၾကားကားမ်ားကို အေရးယူရန္ ေဆြးေႏြးေန

ေအာက္တိုဘာ ၂
ေဝေဝၿဖိဳး

မွတ္ပံုတင္ထားေသာ္လည္း လုပ္ငန္းလိုင္စင္မရွိဘဲ ေျပးဆြဲေနသည့္ ၾကားကားမ်ားကို အေရးယူရန္ ယာဥ္စီးကမ္းထိန္းသိမ္းေရးႀကီးၾကပ္မႈ ေကာ္မတီနွင့္ ေဆြးေႏြးေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္ကေျပာသည္။

ယခုလ ၂ ရက္က ရန္ကုန္တိုင္းေဒသၾကီး သယ္ယူပို႔ေဆာင္ေရး ၾကီးၾကပ္ကြပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔(YRTA)ရံုးခ်ဳပ္ အစည္းအေ၀းခန္းမ၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၎ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

” ၾကားကားေတြကို အေရးယူတဲ့ကိစၥက ကြၽန္ေတာ္တို႔ႀကီးပဲ လုပ္လို႔မရပါဘူး။ဒါေၾကာင့္ ယာဥ္စီးကမ္းထိန္းသိမ္းေရးႀကီးၾကပ္မႈ ေကာ္မတီမွာ ၾကားကားေတြကို ဘယ္လိုစီမံမလဲ ဆိုတာကို ေဆြးေႏြးေနဆဲျဖစ္ပါတယ္။ ကြၽန္​ေတာ္တို႔ဘက္က ၾကားကားမ်ားကို စည္းစနစ္တက်နဲ႔ အေရးယူဖို႔က ယာဥ္စီးကမ္းထိန္းသိမ္းေရးႀကီးၾကပ္မႈ ေကာ္မတီအေနနဲ႔ ေဆြးေႏြးေနပါတယ္ “ဟု ၎ကေျပာသည္။

စည္းကမ္းေဖာက္ဖ်က္ေသာ အငွားယာဥ္အျဖစ္ မွတ္ပုံတင္ထားျခင္း မရွိသည့္ ၾကားကားမ်ားအား ပိုမို ထိေရာက္ေသာ ျပစ္ဒဏ္မ်ား ခ်မွတ္နိုင္ေရးအတြက္ စီမံခ်က္မ်ား ေရးဆြဲလ်က္ရွိေၾကာင္း ယခုလ ၁ ရက္က က်င္းပေသာ လႊတ္ေတာ္အစည္းအေဝးတြင္ လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးေဒၚ နီလာေက်ာ္က ေျပာသည္။

သန္လ်င္ၿမိဳ့နယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္နိုင္ထြန္း၏ ေအာက္ဆိုဒ္(ၾကားကား) မ်ား ေျပးဆြဲမႈ ပေပ်ာက္ေအာင္ မည္ကဲ့သို့ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ေမးခြန္းႏွင့္ စပ္လ်ဥ္း၍ လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးက အထက္ပါအတိုင္း ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

” ယာဥ္ထိန္းရဲတပ္ဖြဲ႕အေနျဖင့္ စည္းကမ္းေဖာက္ဖ်က္ေသာ ၾကားကားမ်ားကို ဆက္လက္ေစာင့္ၾကည့္ ဖမ္းဆီးအေရးယူ ေဆာင္ရြက္လ်က္ ရွိပါတယ္။ သို့ေသာ္လည္း ျပစ္ဒဏ္မွာ သုံးေသာင္းထက္မပိုေသာ ဒဏ္ေငြသည္ ထိေရာက္မႈ မရွိတဲ့အတြက္ ပိုမို ထိေရာက္တဲ့ ျပစ္ဒဏ္မ်ား ခ်မွတ္နိုင္ေရးကိုလည္း ေဆာင္ရြက္ရန္အတြက္ အခု စီမံခ်က္ေတြ ေရးဆြဲလ်က္ရွိပါတယ္”ဟု ဝန္ႀကီးကေျပာသည္။

စည္းကမ္းေဖာက္ဖ်က္သည့္ ၾကားကားမ်ားကို ၂၀၁၅ခုႏွစ္၊ ေမာ္ေတာ္ယာဥ္ဥပေဒ ပုဒ္မ(၆၅)အရ သုံးေသာင္းထက္ မပိုေသာ ဒဏ္ေငြမ်ားျဖင့္ ခ်မွတ္အေရးယူ ေဆာင္ရြက္လ်က္ရွိေသာ္လည္း ယင္းဒဏ္ေငြသည္ ထိေရာက္မႈ မရွိသည့္အတြက္ ပိုမိုထိေရာက္သည့္ ျပစ္ဒဏ္မ်ား ခ်မွတ္နိုင္ေရးကို ေဆာင္႐ြက္လ်က္ရွိသည္ဟုဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခရီးသြားျပည္သူမ်ား အဆင္ေျပ ေခ်ာေမြ႕ေစေရးအတြက္ ၂၀၁၇ ခုနွစ္ ဇန္နဝါရီလ ၁၆ ရက္မွစတင္၍ Yangon Bus Service (YBS) ယာဥ္လိုင္းအသစ္မ်ားျဖင့္ စတင္ေျပးဆြဲ ေဆာင္ရြက္ခဲ့ၿပီး ယခုအခါ ခရီးသြားျပည္သူမ်ား သြားလာမႈ ပိုမို အဆင္ေျပေစေရးအတြက္ ယာဥ္လိုင္းအခ်ိဳ႕သည္ (၂၄)နာရီ ေျပးဆြဲလ်က္ရွိသည္ဟုဆိုသည္။

ထိုသို႔ ေျပးဆြဲလ်က္ရွိေသာ္လည္း လူအခ်ိဳ႕မွာ ညပိုင္းအခ်ိန္မ်ားတြင္ တရားမဝင္ ၾကားကားမ်ား ေျပးဆြဲ၍ ခရီးသည္မ်ား သယ္ယူပို႔ေဆာင္ ေနေၾကာင္း သတင္းရရွိသျဖင့္ အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ (ရန္ကုန္) ကြပ္ကဲမႈေအာက္ရွိ အမွတ္(၆/၇/၈/၉) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမ်ားမွ ၂၀၁၈ခုႏွစ္အတြင္း ၾကားကားအစီးေရ (၁၅၄)စီးကို ဖမ္းဆီးအေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။

၂၀၁၉ ခုႏွစ္အတြင္း ခရိုင္အလိုက္ ဖမ္းဆီးရမိမႈမွာ အေရွ႕ပိုင္းခရိုင္(၄၈)မႈ၊ အေနာက္ပိုင္းခရိုင္(၉)မႈ၊ ေတာင္ပိုင္းခရိုင္(၁၀)မႈ၊ ေျမာက္ပိုင္းခရိုင္ (၈၁)မႈ၊ စုစုေပါင္း(၁၄၈)မႈ ျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာသည္။

Leave a Reply