မိုးကုတ္ ေက်ာက္တြင္း၌ ေအာက္စီဂ်င္ျပတ္၍ လူ (၂၀) ခန္႔ မူးေမ႔သည့္ျဖစ္စဥ္ျဖစ္ပြား

0
5

မိုးကုတ် ကျောက်တွင်း၌ အောက်စီဂျင်ပြတ်၍ လူ (၂၀) ခန့် မူးမေ့သည့်ဖြစ်စဉ်ဖြစ်ပွား

အောက်တိုဘာ – ၂
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ဘော်ဗဒါန်းကျောက်မျက်လုပ်ကွက် အမှတ် (၅) ကျောက်တွင်းတွင် အောက်တိုဘာလ (၁) ရက်နေ့က အောက်စီဂျင်ပြတ်၍ လူ (၂၀) ခန့် မူးမေ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ က သိရသည် ။

ထိုသို့ အောက်စီဂျင်ပြတ်၍ မူးဝေသည့် လူ (၂၀) ခန့်ကို မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကယ်ဆယ်ခဲ့ပြီး (၇) ဦးကို မိုးကုတ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည် ။

“တွင်းထဲမှာ စက်ကထွက်တဲ့ အငွေ့တွေ ဆီငွေ့တွေ က မိုးကုတ်ရဲ့ ရာသီဥတုကြောင့် အပေါ်ထွက်မသွားပဲ ပိတ်နေတာ ။ ဒါနဲ့ပဲ ကျောက်တူးနေတဲ့သူတွေ လုပ်နေရင်းနဲ့ မူးလဲကုန်ကြတာ။ အသက်အန္တရာယ်ထိခိုက်တာတော့မရှိဘူး။´´ ဟု မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ကျော်မိုး က ပြောသည် ။

အဆိုပါ လုပ်ကွက်သည် သက်တမ်းကုန်ပြီးဖြစ်ကာ ဒေသခံများ လက်လုပ်လုပ်စားများ တစ်နိုင်တစ်ပိုင် တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်သည် ။

photo – မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့

………………………………………….

(Zawgyi)

မိုးကုတ္ ေက်ာက္တြင္း၌ ေအာက္စီဂ်င္ျပတ္၍ လူ (၂၀) ခန္႔ မူးေမ႔သည့္ျဖစ္စဥ္ျဖစ္ပြား

ေအာက္တိုဘာ ၂
ႏိုင္လင္းဦး

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခရိုင္ မိုးကုတ္ၿမိဳ႕နယ္ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ကြက္ ေဘာ္ဗဒါန္းေက်ာက္မ်က္လုပ္ကြက္ အမွတ္ (၅) ေက်ာက္တြင္းတြင္ ေအာက္တိုဘာလ (၁) ရက္ေန႔က ေအာက္စီဂ်င္ျပတ္၍ လူ (၂၀) ခန္႔ မူးေမ႔သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း မိုးကုတ္ၿမိဳ႕ လူမႈကယ္ဆယ္ေရးအဖြဲ႕ က သိရသည္ ။

ထိုသို႔ ေအာက္စီဂ်င္ျပတ္၍ မူးေဝသည့္ လူ (၂၀) ခန္႔ကို မိုးကုတ္ၿမိဳ႕ လူမႈကယ္ဆယ္ေရးအဖြဲ႕ ႏွင့္ ပရဟိတအဖြဲ႕မ်ား ပူးေပါင္းကယ္ဆယ္ခဲ့ၿပီး (၇) ဦးကို မိုးကုတ္ ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္ ။

“တြင္းထဲမွာ စက္ကထြက္တဲ့ အေငြ႕ေတြ ဆီေငြ႕ေတြ က မိုးကုတ္ရဲ႕ ရာသီဥတုေၾကာင့္ အေပၚထြက္မသြားပဲ ပိတ္ေနတာ ။ ဒါနဲ႔ပဲ ေက်ာက္တူးေနတဲ့သူေတြ လုပ္ေနရင္းနဲ႔ မူးလဲကုန္ၾကတာ။ အသက္အႏၲရာယ္ထိခိုက္တာေတာ့မရွိဘူး။´´ ဟု မိုးကုတ္ၿမိဳ႕ လူမႈကယ္ဆယ္ေရးအဖြဲ႕ ဥကၠ႒ ကိုေအာင္ေက်ာ္မိုး က ေျပာသည္ ။

အဆိုပါ လုပ္ကြက္သည္ သက္တမ္းကုန္ၿပီးျဖစ္ကာ ေဒသခံမ်ား လက္လုပ္လုပ္စားမ်ား တစ္ႏိုင္တစ္ပိုင္ တူးေဖာ္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနၾကျခင္းျဖစ္သည္ ။

photo – မိုးကုတ္ၿမိဳ႕ လူမႈကယ္ဆယ္ေရးအဖြဲ႕

Leave a Reply