ဘဂၤါလီေတြျမန္မာႏိုင္ငံမွာ အေျခခံအခြင့္အေရးေတြျငင္းဆိုခံခဲ့ရတယ္လို႔ UNHCR အစီရင္ခံစာေဖာ္ျပ

0
4

ဘင်္ဂါလီတွေမြန်မာနိုင်ငံမှာ အခြေခံအခွင့်အရေးတွေငြင်းဆိုခံခဲ့ရတယ်လို့ UNHCR အစီရင်ခံစာဖော်ပြ

အောက်တိုဘာ ၂
နိုင်ငံတကာသတင်း

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေမူလနေထိုင်ခဲ့တဲ့နိုင်ငံမှာ သူတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေ ဆိုးဆိုးရွားရွားကန့်သတ်ခံထားရပြီး အဓိပ္ပာယ်ရှိတဲ့ဘဝနေထိုင်မှုဖြစ်ဖို့ အခွင့်အရေးတွေဆုံးရှုံးခဲ့သလို စိတ်လုံခြုံတဲ့အနာဂတ်တစ်ခုဖြစ်လာဖို့ မျှော်လင့်ချက်တွေမှေးမှိန်ခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR)ရဲ့ အင်္ဂါနေ့ကအစီရင်ခံစာမှာပါဝင်ပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အင်အားသုံးတိုက်ခိုက်မှုတွေနဲ့ သုတ်သင်မှုတွေကိုရှောင်ဖို့ မှန်းခြေဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ၇၄၀၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။

နိုင်ငံတကာအသိုက်အဝန်းရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကို အကြီးစားတုံ့ပြန်ဆောင်ရွက်မှုတွေလုပ်နေပါတယ်။

ထည့်သွင်းစဉ်းစားရလောက်တဲ့အားထုတ်မှုတွေလုပ်နေပေမဲ့ ဒုက္ခသည်တွေအတွက် စိန်ခေါ်မှုတွေကျန်နေပါတယ်။
နေထိုင်မှုနဲ့ပညာသင်ကြားခွင့်ကန့်သတ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေရဖို့ ငွေကြေးအထောက်အပံ့တွေနည်းနေတာ၊ ဒေသခံတွေနဲ့ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်မှုအထိအခိုက်မခံတာနဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့အခြေရဖို့ အချိန်ကာလမသေချာသေးတာတို့က ဒုက္ခသည်တွေထွက်ပြေးဖို့ ဆွဲဆောင်နေတဲ့အချက်တွေဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ UNHCRကတွေ့ဆုံမေးမြန်းခဲ့တဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေက လူကုန်ကူးသူတွေရဲ့ထိခိုက်အောင်လုပ်တဲ့လုပ်ရပ်တွေကြုံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ကိုယ့်ကိုယ်ကိုထိန်းသိမ်းရင်းသွားကြတဲ့မိန်းကလေးတွေကလည်း လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတာနဲ့ လိင်အခြေခံတဲ့အင်အားသုံးတိုက်ခိုက်ခံရတာတွေရှိတယ်လို့လည်း ပြောကြပါတယ်။

Source-Newage BD
#ဥက္ကာ
#TheFifthWaveNews
Photo-Dhaka Tribune

…………………………………………………

(Zawgyi)

ဘဂၤါလီေတြျမန္မာႏိုင္ငံမွာ အေျခခံအခြင့္အေရးေတြျငင္းဆိုခံခဲ့ရတယ္လို႔ UNHCR အစီရင္ခံစာေဖာ္ျပ

ေအာက္တိုဘာ ၂
ႏိုင္ငံတကာသတင္း

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြမူလေနထိုင္ခဲ့တဲ့ႏိုင္ငံမွာ သူတို႔ရဲ႕အေျခခံလူ႔အခြင့္အေရးေတြ ဆိုးဆိုး႐ြား႐ြားကန္႔သတ္ခံထားရၿပီး အဓိပၸာယ္႐ွိတဲ့ဘ၀ေနထိုင္မႈျဖစ္ဖို႔ အခြင့္အေရးေတြဆံုး႐ွံဳးခဲ့သလို စိတ္လံုျခံဳတဲ့အနာဂတ္တစ္ခုျဖစ္လာဖို႔ ေမွ်ာ္လင့္ခ်က္ေတြေမွးမွိန္ခဲ့တယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီ(UNHCR)ရဲ႕ အဂၤါေန႔ကအစီရင္ခံစာမွာပါ၀င္ပါတယ္။

၂၀၁၇ ခုႏွစ္၊ ၾသဂုတ္မွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက အင္အားသံုးတိုက္ခိုက္မႈေတြနဲ႔ သုတ္သင္မႈေတြကိုေ႐ွာင္ဖို႔ မွန္းေျခဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ၇၄၀၀၀၀ ေလာက္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို ထြက္ေျပးခဲ့ၾကပါတယ္။

ႏိုင္ငံတကာအသိုက္အ၀န္းရဲ႕အကူအညီနဲ႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာလိုအပ္ခ်က္ေတြကို အႀကီးစားတံု႔ျပန္ေဆာင္႐ြက္မႈေတြလုပ္ေနပါတယ္။

ထည့္သြင္းစဥ္းစားရေလာက္တဲ့အားထုတ္မႈေတြလုပ္ေနေပမဲ့ ဒုကၡသည္ေတြအတြက္ စိန္ေခၚမႈေတြက်န္ေနပါတယ္။
ေနထိုင္မႈနဲ႔ပညာသင္ၾကားခြင့္ကန္႔သတ္ခ်က္ေတြ၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာလိုအပ္ခ်က္ေတြရဖို႔ ေငြေၾကးအေထာက္အပ့ံေတြနည္းေနတာ၊ ေဒသခံေတြနဲ႔ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္ႏိုင္မႈအထိအခိုက္မခံတာနဲ႔ ျမန္မာႏိုင္ငံမွာ ေရ႐ွည္တည္တံ့တဲ့အေျခရဖို႔ အခ်ိန္ကာလမေသခ်ာေသးတာတို႔က ဒုကၡသည္ေတြထြက္ေျပးဖို႔ ဆြဲေဆာင္ေနတဲ့အခ်က္ေတြျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္မွာ UNHCRကေတြ႕ဆံုေမးျမန္းခဲ့တဲ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြက လူကုန္ကူးသူေတြရဲ႕ထိခိုက္ေအာင္လုပ္တဲ့လုပ္ရပ္ေတြၾကံဳခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

ကိုယ့္ကိုယ္ကိုထိန္းသိမ္းရင္းသြားၾကတဲ့မိန္းကေလးေတြကလည္း လိင္ပိုင္းဆိုင္ရာေစာ္ကားခံခဲ့ရတာနဲ႔ လိင္အေျခခံတဲ့အင္အားသံုးတိုက္ခိုက္ခံရတာေတြ႐ွိတယ္လို႔လည္း ေျပာၾကပါတယ္။

Source-Newage BD
#ဥကၠာ
#TheFifthWaveNews
Photo-Dhaka Tribune

Leave a Reply