Eco Green City စီမံကိန်းတွင် အခန်း ၄၀၀၀ ပါဝင်သည့် တန်ဖိုးနည်း အိမ်ရာ စတင်တည်ဆောက်မည်

0
125

ရန်ကုန် ၊ဇန်ဝါရီ ၂၄ ၊ ၂၀၁၈

လှည်းကူးမြို့နယ် အမြန်လမ်းမဘေး ၊မိုင်တိုင် ၃မိုင် ၊၅ဖာလုံတွင် ဆောက်လုပ်မည့် Eco Green City စီမံကိန်းတွင် အိမ်ခန်းပေါင်း ၄၀၀၀ပါဝင်သည့် တန်ဖိုးနည်းအိမ်ရာများကို စတင်တည်ဆောက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးယုခိုင်ကပြောသည်။

Eco Green City စီမံကိန်းကို မြေဧက ၁၄၀၀ကျော်တွင် အသုံးပြု ဆောက်လုပ် မည်ဖြစ်ကာ ယင်းစီမံကိန်းပထမအဆင့် အနေဖြင့် တန်ဖိုးနည်း၊တန်ဖိုးသင့်အိမ်ရာများ ၊ အထပ်မြင့် အိမ်ရာများ၊ ဈေးနှင့် စားသောက်ဆိုင် ၊ယာဉ်ရပ်နားစခန်း ၊ ကျောင်းနှင့်ဆေးရုံ၊ဟိုတယ်၊ ပန်းခြံများကိုထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

“ဒီဇင်ဘာ၂၃ရက်နေ့က ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် တွေက ပန္နက်ရိုက်ဖွင့်ပေးခဲ့တယ်။ ဆောက်လုပ်ရေးက မကြာခင်စတော့မှာပါ”ဟု ဦးယုခိုင်ကဆိုသည်။

စီမံကိန်းဒုတိယအဆင့်အနေဖြင့် သီးသန့်လုံးချင်းအိမ်ရာများ၊ အဆင့်မြင့် အိမ်ရာစီမံကိန်း ၊နိုင်ငံတကာအဆင့်မှီ ဆေးရုံ ၊ကျောင်း နှင့်ဟိုတယ်ဇုန်များ ပါရှိမည်ဖြစ်ကြောင်းသိရသည်။

တန်ဖိုးနည်းအိမ်ရာစတင်ဆောက်လုပ်သည့်အချိန်မှစ၍ အမြန်လမ်းမကြီး ၀ ဒသမ၂မိုင်ရှိ တိုးဂိတ်ကို ၅မိုင်၂ဖာလုံသို့ပြောင်း ရွှေ့သွားမည်ဖြစ်ကြောင်း ဦးယုခိုင်ကပြောသည်။

Eco Green City စီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Star ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းက လမ်းပိုင်းဆိုင်ရာတွေအရင်လုပ်နေပြီ မြေညှိတာ၊ မြေစမ်းတာ တွေတော့စတင်လုပ်နေပါပြီ”ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်ကပြောသည်။

စီမံကိန်းဆောက်လုပ်မည့် မြေနေရာရှိကျူးကျော်တဲ ၅၀၀၀ကျော်ကို ရဲအင်အား ၊အရပ်သားအင်အားဖြင့်ဖယ်ရှားခဲ့သည်။

ကိုဥာဏ်

Leave a Reply