အေမရိကန္က ေဒၚလာသန္း ၇၅၀၀ တန္ဖိုး႐ွိ အီးယူပစၥည္းေတြကို စည္းၾကပ္ခြန္တိုးေကာက္ဖို႔႐ွိေန

0
4

အမေရိကန်က ဒေါ်လာသန်း ၇၅၀၀ တန်ဖိုးရှိ အီးယူပစ္စည်းတွေကို စည်းကြပ်ခွန်တိုးကောက်ဖို့ရှိနေ

အောက်တိုဘာ ၃
နိုင်ငံတကာသတင်း

အောက်တိုဘာ ၁၈ ရက်ကစပြီး ဥရောပသမဂ္ဂ(အီးယူ)ရဲ့ပို့ကုန်အမေရိကန်ဒေါ်လာသန်း ၇၅၀၀ လောက်ကို စည်းကြပ်ခွန်တိုးကောက်ဖို့ စီစဉ်နေတယ်ဆိုပြီး အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးအရာရှိကြီးတစ်ယောက်က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

အမတော်ကြေးပေးတဲ့ကိစ္စနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုအဲဘတ်စ်လေယာဉ်ကုမ္ပဏီကို အီးယူက မလိုက်နာခဲ့လို့ အီးယူနိုင်ငံတွေကကုန်ပစ္စည်းတွေကို အမေရိကန်က ပစ်မှတ်ထားနိုင်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)က အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုဖြစ်ရပ်ကြောင့် အတ္တလန္တိတ်ဖြတ်ကျော်ကုန်သွယ်ရေးစစ်ပွဲဖြစ်သွားနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံးလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့အဲဘတ်စ်နဲ့ဘိုးအင်းတို့နဲ့ပတ်သက်ပြီး အီးယူနဲ့ အမေရိကန်အစိုးရတွေရဲ့ထောက်ခံမှုတွေနဲ့ဖြစ်နေတဲ့အငြင်းအခုံမှာ နောက်ဆုံးဇာတ်အလှည့်အပြောင်းလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ပြည်နယ်အစိုးရတွေဆီကနေ ဘိုးအင်းလေယာဉ်ကုမ္ပဏီက မမျှတတဲ့အမတော်ကြေးဒေါ်လာသန်း ၁၉၀၀၀ ရခဲ့တယ်လို့ အီးယူအာဏာပိုင်တွေကစွပ်စွဲခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ ဒီဖြစ်ရပ်စတင်ခဲ့တာပါ။
၂၀၁၄ ခုနှစ်မှာပဲ အမေရိကန်ကလည်း အီးယူကို အလားတူစွပ်စွဲခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ WTOဆုံးဖြတ်ချက်ဟာ အီးယူရဲ့ပို့ကုန် ၂ ရာခိုင်နှုန်းကို ထိခိုက်မှာပါ။

အမေရိကန်က စည်းကြပ်ခွန်တိုးကောက်မယ်ဆိုရင် ပြန်ပြီးတုံ့ပြန်သွားမယ်လို့ အီးယူဘက်ကလည်းပြောထားပါတယ်။

စည်းကြပ်ခွန်ကောက်မယ့်ပစ္စည်းတွေစာရင်းကို ကြာသပတေးနေ့လောက်မှာ ထုတ်ပြန်သွားမယ်လို့လည်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးကထုတ်ပြန်ထားပါတယ်။

ဘိုးအင်းကို မမျှတတဲ့အမတော်ကြေးပေးတာတွေကြောင့် အီးယူက အမေရိကန်ကိုပြန်ပြီးတုံ့ပြန်နိုင်တဲ့ဆောင်ရွက်မှုတွေကို လာမယ့်လတွေအတွင်း WTOကဆုံးဖြတ်ဖို့ရှိနေပါတယ်။

၂၀၁၈ နှစ်စပိုင်းမှာ သံမဏိနဲ့ဒန်တင်သွင်းမှုတွေကို အမေရိကန်ကစည်းကြပ်ခွန်တိုးမြှင့်ကောက်ခံထားပြီး အခုနှစ်ဇွန်မှာ အမေရိကန်သွင်းကုန်ဒေါ်လာ သန်း ၃၀၀၀ ဖိုးလောက်ကို တုံ့ပြန်စည်းကြပ်ခွန်ကောက်ထားပါတယ်။

…………………

(Zawgyi)

အေမရိကန္က ေဒၚလာသန္း ၇၅၀၀ တန္ဖိုး႐ွိ အီးယူပစၥည္းေတြကို စည္းၾကပ္ခြန္တိုးေကာက္ဖို႔႐ွိေန

ေအာက္တိုဘာ ၃
ႏိုင္ငံတကာသတင္း

ေအာက္တိုဘာ ၁၈ ရက္ကစၿပီး ဥေရာပသမဂၢ(အီးယူ)ရဲ႕ပို႔ကုန္အေမရိကန္ေဒၚလာသန္း ၇၅၀၀ ေလာက္ကို စည္းၾကပ္ခြန္တိုးေကာက္ဖို႔ စီစဥ္ေနတယ္ဆိုၿပီး အေမရိကန္ကုန္သြယ္ေရးကိုယ္စားလွယ္႐ံုးအရာ႐ွိႀကီးတစ္ေယာက္က ဗုဒၶဟူးေန႔မွာေျပာပါတယ္။

အမေတာ္ေၾကးေပးတဲ့ကိစၥနဲ႔ပတ္သက္တဲ့ဆံုးျဖတ္ခ်က္ေတြကိုအဲဘတ္စ္ေလယာဥ္ကုမၸဏီကို အီးယူက မလိုက္နာခဲ့လို႔ အီးယူႏိုင္ငံေတြကကုန္ပစၥည္းေတြကို အေမရိကန္က ပစ္မွတ္ထားႏိုင္တယ္လို႔ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႔(WTO)က အေစာပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။

အခုျဖစ္ရပ္ေၾကာင့္ အတၱလႏၲိတ္ျဖတ္ေက်ာ္ကုန္သြယ္ေရးစစ္ပြဲျဖစ္သြားႏိုင္ပါတယ္။

ကမာၻ႔အႀကီးဆံုးေလယာဥ္ထုတ္လုပ္ေရးကုမၸဏီႀကီးေတြျဖစ္တဲ့အဲဘတ္စ္နဲ႔ဘိုးအင္းတို႔နဲ႔ပတ္သက္ၿပီး အီးယူနဲ႔ အေမရိကန္အစိုးရေတြရဲ႕ေထာက္ခံမႈေတြနဲ႔ျဖစ္ေနတဲ့အျငင္းအခံုမွာ ေနာက္ဆံုးဇာတ္အလွည့္အေျပာင္းလည္းျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ျပည္နယ္အစိုးရေတြဆီကေန ဘိုးအင္းေလယာဥ္ကုမၸဏီက မမွ်တတဲ့အမေတာ္ေၾကးေဒၚလာသန္း ၁၉၀၀၀ ရခဲ့တယ္လို႔ အီးယူအာဏာပိုင္ေတြကစြပ္စြဲခဲ့တဲ့ ၂၀၀၄ ခုႏွစ္မွာ ဒီျဖစ္ရပ္စတင္ခဲ့တာပါ။
၂၀၁၄ ခုႏွစ္မွာပဲ အေမရိကန္ကလည္း အီးယူကို အလားတူစြပ္စြဲခဲ့ပါတယ္။

ဗုဒၶဟူးေန႔မွာ WTOဆံုးျဖတ္ခ်က္ဟာ အီးယူရဲ႕ပို႔ကုန္ ၂ ရာခိုင္ႏႈန္းကို ထိခိုက္မွာပါ။

အေမရိကန္က စည္းၾကပ္ခြန္တိုးေကာက္မယ္ဆိုရင္ ျပန္ၿပီးတံု႔ျပန္သြားမယ္လို႔ အီးယူဘက္ကလည္းေျပာထားပါတယ္။

စည္းၾကပ္ခြန္ေကာက္မယ့္ပစၥည္းေတြစာရင္းကို ၾကာသပေတးေန႔ေလာက္မွာ ထုတ္ျပန္သြားမယ္လို႔လည္း အေမရိကန္ကုန္သြယ္ေရးကိုယ္စားလွယ္႐ံုးကထုတ္ျပန္ထားပါတယ္။

ဘိုးအင္းကို မမွ်တတဲ့အမေတာ္ေၾကးေပးတာေတြေၾကာင့္ အီးယူက အေမရိကန္ကိုျပန္ၿပီးတံု႔ျပန္ႏိုင္တဲ့ေဆာင္႐ြက္မႈေတြကို လာမယ့္လေတြအတြင္း WTOကဆံုးျဖတ္ဖို႔႐ွိေနပါတယ္။

၂၀၁၈ ႏွစ္စပိုင္းမွာ သံမဏိနဲ႔ဒန္တင္သြင္းမႈေတြကို အေမရိကန္ကစည္းၾကပ္ခြန္တိုးႁမွင့္ေကာက္ခံထားၿပီး အခုႏွစ္ဇြန္မွာ အေမရိကန္သြင္းကုန္ေဒၚလာ သန္း ၃၀၀၀ ဖိုးေလာက္ကို တံု႔ျပန္စည္းၾကပ္ခြန္ေကာက္ထားပါတယ္။

၂၀၁၈ ခုႏွစ္မွာ အီးယူကေန အေမရိကန္ကို ေဒၚလာ ၄၄၅ ဘီလီယံဖိုုးတင္ပို႔ထားၿပီး အေမရိကန္ကေနအီးယူကို ေဒၚလာ ၃၁၈ ဘီလီယံဖိုးတင္ပို႔ထားပါတယ္။

Source-CNN
#ဥကၠာ
#TheFifthWaveNews
Photo-Beam.land

Leave a Reply