ဆႏၵျပပြဲေတြထပ္လုပ္ဖို႔စီစဥ္ေနခ်ိန္မွာ ဒီေန႔ညကစၿပီးမ်က္ႏွာဖံုး၀တ္တာပိတ္ပင္ဖို႔ ေဟာင္ေကာင္အစိုးရစီစဥ္

0
12

ဆန္ဒပြပွဲတွေထပ်လုပ်ဖို့စီစဉ်နေချိန်မှာ ဒီနေ့ညကစပြီးမျက်နှာဖုံးဝတ်တာပိတ်ပင်ဖို့ ဟောင်ကောင်အစိုးရစီစဉ်

အောက်တိုဘာ ၄
နိုင်ငံတကာသတင်း

ဆန္ဒပြပွဲတွေမှာ မျက်နှာဖုံးဝတ်တာပိတ်ပင်ဖို့ ၄ လနီးနီးကြာနေတဲ့အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေကြုံနေရတဲ့ဟောင်ကောင်အစိုးရက စီစဉ်နေတယ်ဆိုပြီး ဟောင်ကောင်မီဒီယာတွေက သောကြာနေ့မှာဖော်ပြပါတယ်။

ဒါပေမဲ့ အတည်မပြုနိုင်သေးခင် ရုံးဝန်ထမ်းရာချီက မျက်နှာဖုံးတွေဝတ်ဆင်ပြီး အမိန့်ကိုဆန့်ကျင်ကြောင်းဆန္ဒပြနေကြပါတယ်။

တရုတ်အစိုးရကထောက်ခံတဲ့ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီ လမ်က ဒီနေ့ညနေပိုင်းမှာသတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိနေပြီး ဘယ်သူဘယ်ဝါဆိုတာမသိရအောင် ဆန္ဒပြသူတွေမျက်နှာဖုံးဝတ်တာကို တားမြစ်တဲ့အမိန့်ကတော့ ဒီနေ့ညသန်းခေါင်မှာစပြီး အသက်ဝင်မှာပါ။

၂၀၀၃ ခုနှစ်က ဆားစ်ရောဂါအဓိကဖြစ်ပွားခဲ့တဲ့ဟောင်ကောင်မှာ အအေးမိတာ၊ တုပ်ကွေးမိတာကာကွယ်နိုင်ဖို့ မျက်နှာဖုံးတွေဝတ်လေ့ရှိတဲ့မြို့မှာ တားမြစ်မိန့်ကို ဟောင်ကောင်အစိုးရက ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ မရှင်းသေးပါဘူး။

“လနဲ့ချီပြီးဆန္ဒပြပြီးတဲ့အထိ အစိုးရက ကျွန်တော်တို့တောင်းဆိုချက်တွေကို ပြန်မဖြေသေးဘူး။” လို့ မြို့ရဲ့ဗဟိုခရိုင်မှာဆန္ဒပြသူတစ်ယောက်ကပြောပါတယ်။

“ရဲတွေရက်ရက်စက်စက်လုပ်နေတာလည်း ပိုဆိုးလာတယ်။ ပြီးတော့ မျက်နှာဖုံးဝတ်တာကိုတားမယ်ဆိုတာကလည်း ကျွန်တော်တို့ဆန္ဒမပြအောင်လုပ်နေတာ။”လို့ ငွေကြေးလုပ်ငန်းလုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ်ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၄ လလောက်ကတည်းကစတင်ခဲ့တဲ့ဟောင်ကောင်အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေကို အင်္ဂါနေ့ကဆန္ဒပြပွဲတစ်ခုမှာ ဆန္ဒပြသူတစ်ယောက်ကို ရဲအရာရှိတစ်ယောက်က သေနတ်နဲ့အနီးကပ်တေ့ပစ်တဲ့ဖြစ်ရပ်က မီးထိုးပေးထားသလိုဖြစ်နေတာပါ။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-Hong Kong Free Press

…………………………………………………

(Zawgyi)

ဆႏၵျပပြဲေတြထပ္လုပ္ဖို႔စီစဥ္ေနခ်ိန္မွာ ဒီေန႔ညကစၿပီးမ်က္ႏွာဖံုး၀တ္တာပိတ္ပင္ဖို႔ ေဟာင္ေကာင္အစိုးရစီစဥ္

ေအာက္တိုဘာ ၄
ႏိုင္ငံတကာသတင္း

ဆႏၵျပပြဲေတြမွာ မ်က္ႏွာဖံုး၀တ္တာပိတ္ပင္ဖို႔ ၄ လနီးနီးၾကာေနတဲ့အစိုးရဆန္႔က်င္ဆႏၵျပပြဲေတြၾကံဳေနရတဲ့ေဟာင္ေကာင္အစိုးရက စီစဥ္ေနတယ္ဆိုၿပီး ေဟာင္ေကာင္မီဒီယာေတြက ေသာၾကာေန႔မွာေဖာ္ျပပါတယ္။

ဒါေပမဲ့ အတည္မျပဳႏိုင္ေသးခင္ ႐ံုး၀န္ထမ္းရာခ်ီက မ်က္ႏွာဖံုးေတြ၀တ္ဆင္ၿပီး အမိန္႔ကိုဆန္႔က်င္ေၾကာင္းဆႏၵျပေနၾကပါတယ္။

တ႐ုတ္အစိုးရကေထာက္ခံတဲ့ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးကာရီ လမ္က ဒီေန႔ညေနပိုင္းမွာသတင္းစာ႐ွင္းလင္းပြဲလုပ္ဖို႔႐ွိေနၿပီး ဘယ္သူဘယ္ဝါဆိုတာမသိရေအာင္ ဆႏၵျပသူေတြမ်က္ႏွာဖံုး၀တ္တာကို တားျမစ္တဲ့အမိန္႔ကေတာ့ ဒီေန႔ညသန္းေခါင္မွာစၿပီး အသက္၀င္မွာပါ။

၂၀၀၃ ခုႏွစ္က ဆားစ္ေရာဂါအဓိကျဖစ္ပြားခဲ့တဲ့ေဟာင္ေကာင္မွာ အေအးမိတာ၊ တုပ္ေကြးမိတာကာကြယ္ႏိုင္ဖို႔ မ်က္ႏွာဖံုးေတြ၀တ္ေလ့႐ွိတဲ့ၿမိဳ႕မွာ တားျမစ္မိန္႔ကို ေဟာင္ေကာင္အစိုးရက ဘယ္လိုအေကာင္အထည္ေဖာ္မလဲဆိုတာ မ႐ွင္းေသးပါဘူး။

“လနဲ႔ခ်ီၿပီးဆႏၵျပၿပီးတဲ့အထိ အစိုးရက ကၽြန္ေတာ္တို႔ေတာင္းဆိုခ်က္ေတြကို ျပန္မေျဖေသးဘူး။” လို႔ ၿမိဳ႕ရဲ႕ဗဟိုခ႐ိုင္မွာဆႏၵျပသူတစ္ေယာက္ကေျပာပါတယ္။

“ရဲေတြရက္ရက္စက္စက္လုပ္ေနတာလည္း ပိုဆိုးလာတယ္။ ၿပီးေတာ့ မ်က္ႏွာဖံုး၀တ္တာကိုတားမယ္ဆိုတာကလည္း ကၽြန္ေတာ္တို႔ဆႏၵမျပေအာင္လုပ္ေနတာ။”လို႔ ေငြေၾကးလုပ္ငန္းလုပ္ေနတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္၀န္ထမ္းတစ္ေယာက္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၄ လေလာက္ကတည္းကစတင္ခဲ့တဲ့ေဟာင္ေကာင္အစိုးရဆန္႔က်င္ဆႏၵျပမႈေတြကို အဂၤါေန႔ကဆႏၵျပပြဲတစ္ခုမွာ ဆႏၵျပသူတစ္ေယာက္ကို ရဲအရာ႐ွိတစ္ေယာက္က ေသနတ္နဲ႔အနီးကပ္ေတ့ပစ္တဲ့ျဖစ္ရပ္က မီးထိုးေပးထားသလိုျဖစ္ေနတာပါ။

Source-Reuters
#ဥကၠာ
#TheFifthWaveNews
Photo-Hong Kong Free Press

Leave a Reply