​ေထာင္​ဒဏ္​ခ်မွတ္​ခံရသည္​့ ​ေတာင္​သူ ၆ ဦးအမႈ အယူခံတြင္​ ၁ ဦးလြတ္​​ေျမာက္​

0
29

ထောင်ဒဏ်ချမှတ်ခံရသည့် တောင်သူ ၆ ဦးအမှု အယူခံတွင် ၁ ဦးလွတ်မြောက်

စက်တင်ဘာ ၄
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်ရှိ အငြင်းပွားမှုဖြစ်သည့်မြေယာ ပြဿနာနှင့်ပတ်သက်၍ ထောင်ကျခဲ့သည့် တောင်သူမိသားစု (၆) ဦး အနက် စက်တင်ဘာလ ၄ ရက်နေ့က အယူခံတွင် (၁) ဦး လွတ်မြောက်ပြန်လည်လွတ်မြောက်ခဲ့သည် ။

ချော်ဆိပ်ရပ်ရှိ မြေကွက်အမှတ် (၃၇၀) ဦးပိုင် (၁ – က) မြေဧက (၂.၅) ဧကကျော်ပေါ်တွင် နေထိုင်နေသည့် တောင်သူမိသားစု (၆) ဦးအား ရေကြောင်းရဲတပ်ဖွဲ့ က တရားစွဲဆိုထားရာ သြဂုတ်လ ၁၆ ရက်နေ့က မဟာအောင်မြေမြို့နယ် တရားရုံးတွင် ထောင်ဒဏ် (၂) နှစ် ကျခံရန် အမိန့်ချခဲ့သည် ။

ဦးပေါက်စ၊ဒေါ်တင်ဌေး ၊မခိုင်ဇာဝင်းတို့ အား ရာဇဝတ်ကြီးပုဒ်မ၄၄၀/၁၁၄ အရ ထောင်ဒဏ်(၂ )နှစ် ရာဇဝတ်ကြီးပုဒ်မ၃၃၂/၁၁၄ ထောင်ဒဏ် (၁ )နှစ် အဆိုပါပြစ်ဒဏ်များအား တစ်ပေါင်းတည်း ထောင်ဒဏ်(၂) နှစ်ကျခံစေရန် လည်းကောင်း၊ ဒေါ်မြင့်မြင့်စန်းအား ရာဇဝတ်ကြီးပုဒ်မ ၄၄၀ အရ ထောင်ဒဏ် (၂)နှစ် ရာဇဝတ်ကြီးပုဒ်မ ၃၃၂ အရ ထောင်ဒဏ် (၁)နှစ် အဆိုပါပြစ်ဒဏ်များအား တပေါင်းတည်း ထောင်ဒဏ်(၂)နှစ် ကျခံစေရန်လည်းကောင်း၊ ကိုမိုးသီး (ခ) အောင်ကျော်မိုး၊ကိုမင်းမင်းခိုင်တို့အား ရာဇဝတ်ကြီးပုဒ်မ ၄၄၀အရ ထောင်ဒဏ် (၂) နှစ်၊ ရာဇဝတ်ကြီးပုဒ်မ ၃၃၂ အရ ထောင်ဒဏ်(၁)နှစ်၊ ရာဇဝတ်ကြီးပုဒ်မ ၁၈၉ အရ ထောင်ဒဏ် (၆)လ ရာဇဝတ်ကြီးပုဒ်မ ၂၉၄(ခ)အရ ထောင်ဒဏ်(၃)လ အဆိုပါဖြစ်ဒဏ်များအား တပေါင်းတည်း ထောင်ဒဏ်(၂)နှစ် အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့သည် ။

“ကျွန်တော့အမှုသည်တစ်ယောက်ဖြစ်တဲ့ မခိုင်ဇာဝင်း ကို ခရိုင်မှာ အယူခံထပ်တက်တယ်။ ဒါကို ခရိုင်ကနေပြန်လည်သုံးသပ်ပြီး မှန်ကန်တဲ့ အမိန့်တစ်ခု ချတယ် ။ ဒီနေ့ပဲ ပြန်လွှတ်ဖို့ အမိန့်ချတယ်။ ခု ထောင်ထွက်မိန့် စောင့်နေတယ်။´´ ဟု တရားလွှတ်တော် ရှေ့နေ ကိုမျိုးမင်းဇော် က ပြောသည် ။

အငြင်းပွား မြေယာပေါ်တွင် နေထိုင်သည့် တောင်သူ ဦးပေါက်စ ပါ (၆) ဦးကို ပုဒ်မ ၃၃၂/၄၄၀ /၂၉၄ /၁၁၄/၁၈၉ တို့ဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး မခိုင်ဇာဝင်း မှာ ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းဖြစ်သည် ။

အငြင်းပွားမြေသည် ၁၉၉၅ ခုနှစ်က ကမ်းနားလမ်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့သည့်မြေဖြစ်ပြီး ယခင်က တောင်သူ ဦးပေါက်စ တို့ပိုင်ဖြစ်ကာ ကောက်ပဲသီးနှံများစိုက်ပျိုး၍ မြေယာအခွန်ပြေစာများလည်း ရှိကြောင်း သိရသည် ။

ယင်းမြေအား ပြန်လည်ရရှိရေးအတွက် တောင်သူ ဦးပေါက်စအနေဖြင့် နိုင်ငံတော်သမ္မတအပါအဝင် ဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ပြတောင်းခံခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အမည်ဖြင့် ဂရန်ပေါက်ခဲ့သည် ။

တောင်သူမိသားစု (၆) ဦးဖြစ်သည့် ဦးပေါက်စ၊ ဒေါ်တင်ေဋ္ဌး၊ မမြင့်မြင့်စန်း၊ မခိုင်ဇာဝင်း၊ ကိုမိုးသီး၊ ကိုမင်းမင်းခိုင် တို့အား နိုဝင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည် ။

ထို့အပြင် အငြင်းပွားမြေပေါ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တောင်သူ ဦးပေါက်စ သည် တောင်သူပိုင်မြေ မကျူးကျော်ရ ဆိုသည့် ဆိုင်းဘုတ်ထောင်ခြင်း နှင့် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည့်အတွက် ၄၄၇ နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲ က အမှုမှ အပြီးအပြတ်လွှတ်ကြောင်း မဟာအောင်မြေတရားရုံးက အမိန့်ချခဲ့သည် ။

…………………………………………………..

(Zawgyi)

​ေထာင္​ဒဏ္​ခ်မွတ္​ခံရသည္​့ ​ေတာင္​သူ ၆ ဦးအမႈ အယူခံတြင္​ ၁ ဦးလြတ္​​ေျမာက္​

စက္တင္ဘာ ၄
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ သံလွ်က္ေမာ္အေနာက္ရပ္ကြက္ ေခ်ာ္ဆိပ္ရပ္ရွိ အျငင္းပြားမႈျဖစ္သည့္ေျမယာ ျပႆနာႏွင့္ပတ္သက္၍ ေထာင္က်ခဲ့သည့္ ေတာင္သူမိသားစု (၆) ဦး အနက္ စက္တင္ဘာလ ၄ ရက္ေန႔က အယူခံတြင္ (၁) ဦး လြတ္ေျမာက္ျပန္လည္လြတ္ေျမာက္ခဲ့သည္ ။

ေခ်ာ္ဆိပ္ရပ္ရွိ ေျမကြက္အမွတ္ (၃၇၀) ဦးပိုင္ (၁ – က) ေျမဧက (၂.၅) ဧကေက်ာ္ေပၚတြင္ ေနထိုင္ေနသည့္ ေတာင္သူမိသားစု (၆) ဦးအား ေရေၾကာင္းရဲတပ္ဖြဲ႕ က တရားစြဲဆိုထားရာ ၾသဂုတ္လ ၁၆ ရက္ေန႔က မဟာေအာင္ေျမၿမိဳ႕နယ္ တရားရံုးတြင္ ေထာင္ဒဏ္ (၂) ႏွစ္ က်ခံရန္ အမိန္႔ခ်ခဲ့သည္ ။

ဦးေပါက္စ၊ေဒၚတင္ေဌး ၊မခိုင္ဇာဝင္းတို႕ အား ရာဇဝတ္ႀကီးပုဒ္မ၄၄၀/၁၁၄ အရ ေထာင္ဒဏ္(၂ )ႏွစ္ ရာဇဝတ္ႀကီးပုဒ္မ၃၃၂/၁၁၄ ေထာင္ဒဏ္ (၁ )ႏွစ္ အဆိုပါျပစ္ဒဏ္မ်ားအား တစ္ေပါင္းတည္း ေထာင္ဒဏ္(၂) ႏွစ္က်ခံေစရန္ လည္းေကာင္း၊ ေဒၚျမင့္ျမင့္စန္းအား ရာဇဝတ္ႀကီးပုဒ္မ ၄၄၀ အရ ေထာင္ဒဏ္ (၂)ႏွစ္ ရာဇဝတ္ႀကီးပုဒ္မ ၃၃၂ အရ ေထာင္ဒဏ္ (၁)ႏွစ္ အဆိုပါျပစ္ဒဏ္မ်ားအား တေပါင္းတည္း ေထာင္ဒဏ္(၂)ႏွစ္ က်ခံေစရန္လည္းေကာင္း၊ ကိုမိုးသီး (ခ) ေအာင္ေက်ာ္မိုး၊ကိုမင္းမင္းခိုင္တို႕အား ရာဇဝတ္ႀကီးပုဒ္မ ၄၄၀အရ ေထာင္ဒဏ္ (၂) ႏွစ္၊ ရာဇဝတ္ႀကီးပုဒ္မ ၃၃၂ အရ ေထာင္ဒဏ္(၁)ႏွစ္၊ ရာဇဝတ္ႀကီးပုဒ္မ ၁၈၉ အရ ေထာင္ဒဏ္ (၆)လ ရာဇဝတ္ႀကီးပုဒ္မ ၂၉၄(ခ)အရ ေထာင္ဒဏ္(၃)လ အဆိုပါျဖစ္ဒဏ္မ်ားအား တေပါင္းတည္း ေထာင္ဒဏ္(၂)ႏွစ္ အသီးသီးက်ခံေစရန္ အမိန္႕ခ်မွတ္ခ့ဲသည္ ။

“ကြၽန္ေတာ့အမႈသည္တစ္ေယာက္ျဖစ္တဲ့ မခိုင္ဇာဝင္း ကို ခရိုင္မွာ အယူခံထပ္တက္တယ္။ ဒါကို ခရိုင္ကေနျပန္လည္သံုးသပ္ၿပီး မွန္ကန္တဲ့ အမိန္႔တစ္ခု ခ်တယ္ ။ ဒီေန႔ပဲ ျပန္လႊတ္ဖို႔ အမိန္႔ခ်တယ္။ ခု ေထာင္ထြက္မိန္႔ ေစာင့္ေနတယ္။´´ ဟု တရားလႊတ္ေတာ္ ေရွ႕ေန ကိုမိ်ဳးမင္းေဇာ္ က ေျပာသည္ ။

အျငင္းပြား ေျမယာေပၚတြင္ ေနထိုင္သည့္ ေတာင္သူ ဦးေပါက္စ ပါ (၆) ဦးကို ပုဒ္မ ၃၃၂/၄၄၀ /၂၉၄ /၁၁၄/၁၈၉ တို႔ျဖင့္တရားစြဲဆိုထားျခင္းျဖစ္ၿပီး မခိုင္ဇာဝင္း မွာ ေက်ာင္းဆရာမ အျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းျဖစ္သည္ ။

အျငင္းပြားေျမသည္ ၁၉၉၅ ခုနွစ္က ကမ္းနားလမ္းေဖာက္လုပ္ရန္အတြက္ သိမ္းဆည္းခဲ့သည့္ေျမျဖစ္ၿပီး ယခင္က ေတာင္သူ ဦးေပါက္စ တို႔ပိုင္ျဖစ္ကာ ေကာက္ပဲသီးနွံမ်ားစိုက္ပ်ိဳး၍ ေျမယာအခြန္ေျပစာမ်ားလည္း ရွိေၾကာင္း သိရသည္ ။

ယင္းေျမအား ျပန္လည္ရရွိေရးအတြက္ ေတာင္သူ ဦးေပါက္စအေနျဖင့္ နိုင္ငံေတာ္သမၼတအပါအဝင္ ဝန္ႀကီးဌာန အဆင့္ဆင့္ကို တင္ျပေတာင္းခံခဲ့ေသာ္လည္း ၂၀၁၅ ခုနွစ္တြင္ ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ (မႏၲေလး) အမည္ျဖင့္ ဂရန္ေပါက္ခဲ့သည္ ။

ေတာင္သူမိသားစု (၆) ဦးျဖစ္သည့္ ဦးေပါက္စ၊ ေဒၚတင္ေ႒း၊ မျမင့္ျမင့္စန္း၊ မခိုင္ဇာဝင္း၊ ကိုမိုးသီး၊ ကိုမင္းမင္းခိုင္ တို႔အား နိုဝင္ဘာလ ၁၀ ရက္ေန႔က ဖမ္းဆီးသြားျခင္းျဖစ္သည္ ။

ထို႔အျပင္ အျငင္းပြားေျမေပၚတြင္ ၂၀၁၆ ခုနွစ္ ေအာက္တိုဘာလ ၇ ရက္ေန႔က ေတာင္သူ ဦးေပါက္စ သည္ ေတာင္သူပိုင္ေျမ မက်ဴးေက်ာ္ရ ဆိုသည့္ ဆိုင္းဘုတ္ေထာင္ျခင္း နွင့္ ထြန္တံုးတိုက္ပြဲ ျပဳလုပ္ခဲ့သည့္အတြက္ ၄၄၇ နွင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္ကာ ၂၀၁၈ ခုနွစ္ ေအာက္တိုဘာလထဲ က အမႈမွ အၿပီးအျပတ္လႊတ္ေၾကာင္း မဟာေအာင္ေျမတရားရံုးက အမိန္႔ခ်ခဲ့သည္ ။

Leave a Reply