ဆီးရီးယားမွာ အပစ္ရပ္ဖို႔ အေမရိကန္ေတာင္းဆို၊ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ တူရကီကို အေမရိကန္ပိတ္ဆို႔မႈေတြခ်မွတ္

0
13

ဆီးရီးယားမှာ အပစ်ရပ်ဖို့ အမေရိကန်တောင်းဆို၊ ကျူးကျော်တိုက်ခိုက်မှုကြောင့် တူရကီကို အမေရိကန်ပိတ်ဆို့မှုတွေချမှတ်

အောက်တိုဘာ ၁၅
နိုင်ငံတကာသတင်း

တနင်္လာနေ့မှာ တူရကီကို အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ပိတ်ဆို့မှုတွေချမှတ်လိုက်ပြီး နေတိုးအဖွဲ့ဝင်တူရကီအနေနဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းကို ရုတ်တရက်ကျူးကျော်တိုက်ခိုကနေတာရပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အဲဒီနေရာမှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေပြန်ရုတ်လိုက်ခြင်းအားဖြင့် တူရကီတပ်ဖွဲ့တွေက ဒေသခံကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ခိုက်အောင် ဖန်တီးပေးခဲ့တယ်လို့ ဝေဖန်သူတွေကပြောနေတဲ့ထရမ့်က တူရကီသမ္မတတေယစ် အာဒိုဝမ်နဲ့ ဖုန်းပြောဆိုခဲ့ချိန်မှာ တောင်းဆိုလိုက်တာပါ။

တူရကီတင်သွင်းတဲ့သံမဏိတွေအတွက် စည်းကြပ်ခွန်တွေပြန်သတ်မှတ်ဖို့အစီအစဉ်ကိုလည်း ထရမ့်ကကြေညာခဲ့တဲ့အပြင် အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ တန်ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း ချက်ချင်းရပ်ခဲ့ပါတယ်။

ထရမ်ရဲ့အခုလုပ်ရပ်ဟာ နည်းနည်းနောက်ကျနေတယ်လို့ ကွန်ဂရက်လွှတ်တော်ဝင်ဒီမိုကရက်အမတ်တွေက ဝေဖန်လိုက်ပါတယ်။

ဆီးရီးယားက အိုင်အက်စ်အကြမ်းဖက်တွေကိုတိုက်ခိုက်ရာမှာ အမေရိကန်အတွက် အဓိကမိတ်ဖက်ဖြစ်တဲ့ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)ရဲ့အဓိကအစိတ်အပိုင်းဖြစ်တဲ့ကာ့ဒ်YPGစစ်သွေးကြွတွေတည်ငြိမ်အောင် ထရမ့်က ရည်ရွယ်တာပါ။

YPGတွေဟာ တူရကီမှာရှိတဲ့ကာ့ဒ်သောင်းကျန်းသူတွေနဲ့ချိတ်ဆက်နေတဲ့အကြမ်းဖက်အဖွဲ့လို့ တူရကီက သတ်မှတ်ထားတာပါ။

ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေအားလုံးတပ်ပြန်ရုတ်ဖို့အစီအစဉ်တွေကို တနင်္ဂနွေနေ့မှာ အမေရိကန်က ကြေညာခဲ့ပြီးနောက် တနင်္လာနေ့မှာ ကာ့ဒ်တွေနဲ့သဘောတူညီချက်ရထားပြီး ရုရှားကျောထောက်နောက်ခံရှိတဲ့ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက ကာ့ဒ်တွေနဲ့တူရကီတွေရင်ဆိုင်နေတဲ့နယ်မြေတွေရဲ့တောင်ဘက်ကို အတွင်းကျကျတပ်နေရာချနေပါတယ်။

ဒါ့ကြောင့် သူတို့မထိန်းချုပ်ထားနိုင်တဲ့နယ်မြေတွေကိုထိန်းချုပ်ခွင့်ရပြီဖြစ်တဲ့ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက ကီလိုမီတာရာချီတဲ့တူရကီ-ဆီးရီးယားနယ်စပ်မှာ တူရကီတပ်ဖွဲ့တွေကို ထိပ်တိုက်ရင်ဆိုင်တော့မှာပါ။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-SANA

ဆီးရီးယားမွာ အပစ္ရပ္ဖို႔ အေမရိကန္ေတာင္းဆို၊ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ တူရကီကို အေမရိကန္ပိတ္ဆို႔မႈေတြခ်မွတ္

ေအာက္တိုဘာ ၁၅
ႏိုင္ငံတကာသတင္း

တနလၤာေန႔မွာ တူရကီကို အေမရိကန္သမၼတေဒၚနယ္ ထရမ့္က ပိတ္ဆို႔မႈေတြခ်မွတ္လိုက္ၿပီး ေနတိုးအဖြဲ႔၀င္တူရကီအေနနဲ႔ ဆီးရီးယားအေ႐ွ႕ေျမာက္ပိုင္းကို ႐ုတ္တရက္က်ဴးေက်ာ္တိုက္ခိ္ုကေနတာရပ္ဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

အဲဒီေနရာမွာ႐ွိတဲ့အေမရိကန္တပ္ဖြဲ႔ေတြျပန္႐ုတ္လိုက္ျခင္းအားျဖင့္ တူရကီတပ္ဖြဲ႔ေတြက ေဒသခံကာ့ဒ္တပ္ဖြဲ႔ေတြကို တိုက္ခိုက္ေအာင္ ဖန္တီးေပးခဲ့တယ္လို႔ ေ၀ဖန္သူေတြကေျပာေနတဲ့ထရမ့္က တူရကီသမၼတေတယစ္ အာဒို၀မ္နဲ႔ ဖုန္းေျပာဆိုခဲ့ခ်ိန္မွာ ေတာင္းဆိုလိုက္တာပါ။

တူရကီတင္သြင္းတဲ့သံမဏိေတြအတြက္ စည္းၾကပ္ခြန္ေတြျပန္သတ္မွတ္ဖို႔အစီအစဥ္ကိုလည္း ထရမ့္ကေၾကညာခဲ့တဲ့အျပင္ အေမရိကန္ေဒၚလာဘီလီယံ ၁၀၀ တန္ကုန္သြယ္ေရးသေဘာတူညီခ်က္အတြက္ ေဆြးေႏြးၫွိႏႈိင္းမႈေတြကိုလည္း ခ်က္ခ်င္းရပ္ခဲ့ပါတယ္။

ထရမ္ရဲ႕အခုလုပ္ရပ္ဟာ နည္းနည္းေနာက္က်ေနတယ္လို႔ ကြန္ဂရက္လႊတ္ေတာ္၀င္ဒီမိုကရက္အမတ္ေတြက ေ၀ဖန္လိုက္ပါတယ္။

ဆီးရီးယားက အိုင္အက္စ္အၾကမ္းဖက္ေတြကိုတိုက္ခိုက္ရာမွာ အေမရိကန္အတြက္ အဓိကမိတ္ဖက္ျဖစ္တဲ့ဆီးရီးယားဒီမိုကရက္တစ္တပ္ဖြဲ႔(SDF)ရဲ႕အဓိကအစိတ္အပိုင္းျဖစ္တဲ့ကာ့ဒ္YPGစစ္ေသြးႂကြေတြတည္ၿငိမ္ေအာင္ ထရမ့္က ရည္႐ြယ္တာပါ။

YPGေတြဟာ တူရကီမွာ႐ွိတဲ့ကာ့ဒ္ေသာင္းက်န္းသူေတြနဲ႔ခ်ိတ္ဆက္ေနတဲ့အၾကမ္းဖက္အဖြဲ႔လို႔ တူရကီက သတ္မွတ္ထားတာပါ။

ဆီးရီးယားေျမာက္ပိုင္းမွာ႐ွိတဲ့အေမရိကန္တပ္ဖြဲ႔ေတြအားလံုးတပ္ျပန္႐ုတ္ဖို႔အစီအစဥ္ေတြကို တနဂၤေႏြေန႔မွာ အေမရိကန္က ေၾကညာခဲ့ၿပီးေနာက္ တနလၤာေန႔မွာ ကာ့ဒ္ေတြနဲ႔သေဘာတူညီခ်က္ရထားၿပီး ႐ု႐ွားေက်ာေထာက္ေနာက္ခံ႐ွိတဲ့ဆီးရီးယားအစိုးရတပ္ဖြဲ႔ေတြက ကာ့ဒ္ေတြနဲ႔တူရကီေတြရင္ဆိုင္ေနတဲ့နယ္ေျမေတြရဲ႕ေတာင္ဘက္ကို အတြင္းက်က်တပ္ေနရာခ်ေနပါတယ္။

ဒါ့ေၾကာင့္ သူတို႔မထိန္းခ်ဳပ္ထားႏိုင္တဲ့နယ္ေျမေတြကိုထိန္းခ်ဳပ္ခြင့္ရၿပီျဖစ္တဲ့ဆီးရီးယားအစိုးရတပ္ဖြဲ႔ေတြက ကီလိုမီတာရာခ်ီတဲ့တူရကီ-ဆီးရီးယားနယ္စပ္မွာ တူရကီတပ္ဖြဲ႔ေတြကို ထိပ္တိုက္ရင္ဆိုင္ေတာ့မွာပါ။

Source-Reuters
#ဥကၠာ
#TheFifthWaveNews
Photo-SANA

Leave a Reply