ယခုနွစ္အတြက္ အေျခခံ စပါးေစ်းႏႈန္​း ၅ သိန္း သတ္မွတ္

0
18

ယခုနှစ်အတွက် အခြေခံ စပါးဈေးနှုန်း ၅ သိန်း သတ်မှတ်

အောက်တိုဘာ ၁၅
ဝေဝေဖြိုး

၂၀၁၉ ခုနှစ် မိုးစပါး နှင့် ၂၀၂၀ နွေစပါး အတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို စပါးတင်း ၁၀၀ လျှင် ကျပ် ၅ သိန်း ဖြင့် ဝယ်ယူရန် သတ်မှတ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စပါးသီးနှံအတွက် သင့်တင့်မျှတသည့် ဈေးကွက်နှင့် ဈေးနှုန်း ဖြစ်ပေါ်စေရန် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒုတိယသမ္မတ-၂ ဦးဆောင်သော တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထိုသို့ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အခြေခံစပါးဈေးနှုန်း သတ်မှတ်ရန် နိုင်ငံတော်အစိုးရသို့ ဈေးနှုန်းသုံးမျိုး အကြံပြုတင်ပြပြီးနောက် ယင်းသို့ သတ်မှတ် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

နိုင်ငံတော်အစိုးရသို့ ဈေးနှုန်းသုံးမျိုး အကြံပြု တင်ပြခဲ့ရာတွင် လေးသိန်းရှစ်သောင်း၊ ငါးသိန်း နှင့် ငါးသိန်းနှစ်သောင်း တို့အပေါ် ရွေးချယ်သတ်မှတ် ပေးရန်ဖြစ်သည်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေး အထက်တွင် ဖြစ်ပေါ်နေသော စပါး အမျိုးအစားများ အတွက် ဈေးကွက် ပေါက်ဈေး အတိုင်းသာ ဝယ်ယူရမည်ဖြစ်ပြီး အခြေခံဈေးအောက်တွင် ဖြစ်ပေါ်သော စပါးအမျိုးအစားများအတွက် အခြေခံဈေးနှုန်း ဖြစ်သည့် သတ်မှတ်အရည်အသွေး စံနှုန်း နှင့် ကိုက်ညီပြီး အစိုဓါတ် ၁၄% ရှိသော ၄၆ ပေါင်ကိုက် စပါးတင်း (၁၀၀) လျှင် (၅)သိန်းနှုန်းဖြင့် ဝယ်ယူပေးရမည်ဖြစ်သည်။

ယင်းအစီအစဉ်တွင် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ နှင့်ကုမ္ပဏီများ မှ တက်ကြွစွာဖြင့် အလေးအနက်ထား၍ ပူးပေါင်းကူညီဆောင်ရွက် ပေးရန် အသင်းချုပ်က တိုက်တွန်းထားသည်။

ထို့ပြင် အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန် အခက်အခဲ ရှိသော နေရာဒေသများတွင် ဦးဆောင်အဖွဲ့က ဖွဲ့စည်းပေးထားသော လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆန်စပါးဝယ်ယူရေး အဖွဲ့များ မှ ဝယ်ယူရေးကို ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိရာ ယင်းနှင့် ဆက်စပ်သော ဝယ်ယူရေး နှင့် သိုလှောင်ရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အနေဖြင့် အခြေခံဈေး ကြေညာသတ်မှတ်သည့်စနစ် ဖြစ်ပေါ်စေရန် ၂၀၁၇ ခုနှစ်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းစနစ်သည် တောင်သူလယ်သမားများ အပါအဝင် ဆန်စပါး စိုက်ပျိုးထုတ်လုပ် ရောင်းချမှု ကွင်းဆက် တစ်ခုလုံး နှင့် ဆန်စပါး စီးပွားရေး အဆောက်အအုံ တစ်ခုလုံးအတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

၂၀၁၈ ခုနှစ် မတ်လအတွင်းကလည်း သတ်မှတ်စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁ဝဝလျှင် ကျပ်ငါးသိန်းနှုန်း ဖြင့် ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အခြေခံစပါး ဈေးနှုန်းအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

………………………………………………

(Zawgyi)

ယခုနွစ္အတြက္ အေျခခံ စပါးေစ်းႏႈန္​း ၅ သိန္း သတ္မွတ္

ေအာက္တိုဘာ ၁၅
ေဝေဝၿဖိဳး

၂၀၁၉ ခုႏွစ္ မိုးစပါး ႏွင့္ ၂၀၂၀ ေႏြစပါး အတြက္ အေျခခံရည္ၫႊန္း စပါးေစ်းနႈန္းကို စပါးတင္း ၁၀၀ လ်ွင္ က်ပ္ ၅ သိန္း ျဖင့္ ဝယ္ယူရန္ သတ္မွတ္ ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။

ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြား ျမႇင့္တင္ေရးဥပေဒပါ ျပ႒ာန္းခ်က္ မ်ားႏွင့္အညီ စပါးသီးႏွံအတြက္ သင့္တင့္မၽွတသည့္ ေစ်းကြက္ႏွင့္ ေစ်းႏွုန္း ျဖစ္ေပၚေစရန္ ႏိုင္ငံေတာ္အစိုးရ၏ ခြင့္ျပဳခ်က္ျဖင့္ ဒုတိယသမၼတ-၂ ဦးေဆာင္ေသာ ေတာင္သူ လယ္သမား အခြင့္အေရး ကာကြယ္ေရးနွင့္ အက်ိဳးစီးပြား ျမႇင့္တင္ေရး ဦးေဆာင္အဖြဲ႕က ထိုသို႔ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္က အေျခခံစပါးေစ်းႏႈန္း သတ္မွတ္ရန္ ႏိုင္ငံေတာ္အစိုးရသို႔ ေစ်းႏႈန္းသံုးမ်ိဳး အႀကံျပဳတင္ျပၿပီးေနာက္ ယင္းသို႔ သတ္မွတ္ ထုတ္ျပန္ခဲ့ျခင္းလည္းျဖစ္သည္။

ႏိုင္ငံေတာ္အစိုးရသို႔ ေစ်းႏႈန္းသံုးမ်ိဳး အႀကံျပဳ တင္ျပခဲ့ရာတြင္ ေလးသိန္းရွစ္ေသာင္း၊ ငါးသိန္း နွင့္ ငါးသိန္းႏွစ္ေသာင္း တို႔အေပၚ ေ႐ြးခ်ယ္သတ္မွတ္ ေပးရန္ျဖစ္သည္။

ေစ်းကြက္ေပါက္ေစ်းသည္ အေျခခံေစ်း အထက္တြင္ ျဖစ္ေပၚေနေသာ စပါး အမ်ိဳးအစားမ်ား အတြက္ ေစ်းကြက္ ေပါက္ေစ်း အတိုင္းသာ ဝယ္ယူရမည္ျဖစ္ၿပီး အေျခခံေစ်းေအာက္တြင္ ျဖစ္ေပၚေသာ စပါးအမ်ိဳးအစားမ်ားအတြက္ အေျခခံေစ်းနႈန္း ျဖစ္သည့္ သတ္မွတ္အရည္အေသြး စံနႈန္း ႏွင့္ ကိုက္ညီၿပီး အစိုဓါတ္ ၁၄% ရွိေသာ ၄၆ ေပါင္ကိုက္ စပါးတင္း (၁၀၀) လွ်င္ (၅)သိန္းနႈန္းျဖင့္ ဝယ္ယူေပးရမည္ျဖစ္သည္။

ယင္းအစီအစဥ္တြင္ ဆန္စက္လုပ္ငန္းရွင္မ်ား၊ ဆန္ကုန္သည္မ်ား ႏွင့္ကုမၸဏီမ်ား မွ တက္ႂကြစြာျဖင့္ အေလးအနက္ထား၍ ပူးေပါင္းကူညီေဆာင္ရြက္ ေပးရန္ အသင္းခ်ဳပ္က တိုက္တြန္းထားသည္။

ထို႔ျပင္ အေျခခံရည္ၫႊန္းေစ်းျဖင့္ ေရာင္းခ်ရန္ အခက္အခဲ ရွိေသာ ေနရာေဒသမ်ားတြင္ ဦးေဆာင္အဖြဲ႕က ဖြဲ႕စည္းေပးထားေသာ လယ္ယာထုတ္ကုန္ စီမံခန္ ့ခြဲေရးအဖြဲ႕ႏွင့္ ဆန္စပါးဝယ္ယူေရး အဖြဲ႕မ်ား မွ ဝယ္ယူေရးကို ေဆာင္ရြက္သြားရန္ ျပင္ဆင္လ်က္ရွိရာ ယင္းႏွင့္ ဆက္စပ္ေသာ ဝယ္ယူေရး ႏွင့္ သိုေလွာင္ေရး လုပ္ငန္းမ်ားတြင္ ျမန္မာနိုင္ငံ ဆန္စပါး အသင္းခ်ဳပ္အေနျဖင့္ ပူးေပါင္းပါဝင္ ကူညီ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ အေနျဖင့္ အေျခခံေစ်း ေၾကညာသတ္မွတ္သည့္စနစ္ ျဖစ္ေပၚေစရန္ ၂၀၁၇ ခုႏွစ္ကတည္းက ႀကိဳးပမ္းေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

ယင္းစနစ္သည္ ေတာင္သူလယ္သမားမ်ား အပါအဝင္ ဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္ ေရာင္းခ်မႈ ကြင္းဆက္ တစ္ခုလံုး ႏွင့္ ဆန္စပါး စီးပြားေရး အေဆာက္အအံု တစ္ခုလံုးအတြက္ ေရရွည္ ဖြံ ့ၿဖိဳးတိုးတက္ေစရန္ အေထာက္အကူ ျပဳႏိုင္မည္ဟု ယံုၾကည္ေၾကာင္း ထုတ္ျပန္ေၾကညာ ထားသည္။

၂၀၁၈ ခုႏွစ္ မတ္လအတြင္းကလည္း သတ္မွတ္စံခ်ိန္စံၫႊန္း ႏွင့္ ကိုက္ညီသည့္ ၄၆ ေပါင္ကိုက္ စပါးတင္း ၁ဝဝလ်ွင္ က်ပ္ငါးသိန္းႏႈန္း ျဖင့္ ဝယ္ယူရန္ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္က အေျခခံစပါး ေစ်းႏႈန္းအျဖစ္ သတ္မွတ္ထုတ္ျပန္ခဲ့သည္။

Leave a Reply