ေရႊေမွာင္ခို​ေစ်းကြက္ ပေပ်ာက္ေအာင္ ေရႊဗဟို ေစ်းကြက္ ေဖာ္ေဆာင္မည္

0
12

ရွှေမှောင်ခိုဈေးကွက် ပပျောက်အောင် ရွှေဗဟို ဈေးကွက် ဖော်ဆောင်မည်

အောက်တိုဘာ ၁၇
ဝေဝေဖြိုး

ရွှေဗဟိုဈေးကွက်ဖော်ဆောင်ခြင်းက ရွှေမှောင်ခို ဈေးကွက်ပပျောက်အောင် လုပ်ဆောင်သည့် အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ကလျာပြည့်ဝေသျှန်က ပြောသည်။

“မှောင်ခိုဈေးကွက် ဆိုတာက ရွှေကဏ္ဍ တစ်ခုတည်းမှာ ရှိတာမျိုး မဟုတ်ဘူး။ ကဏ္ဍတိုင်းမှာရှိတယ်။ ပပျောက်အောင် လုပ်ခြင်း၊ မလုပ်ခြင်းထက် တရားဝင် လူတိုင်း ပါဝင်လို့ရမယ့် ဈေးကွက်မှာ လွယ်လွယ်ကူကူ ရောင်းဝယ်လို့ ရမယ်ဆိုရင်၊ နိုင်ငံတကာကလည်း ရောင်းဝယ်နေလို့ ရမယ်ဆိုရင် ဥပဒေနဲ့အညီ လုပ်ဆောင်တဲ့အခါမှာ မှောင်ခိုဈေးကွက်က သူ့အလိုလို ပျောက်သွား လိမ့်မယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ရွှေဗဟိုဈေးကွက် ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးတည် ဆောင်ရွက်နေပြီး လက်ရှိတွင် ညှိနှိုင်းမှုများ၊ နည်းဥပဒေများ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

အဆိုပါ ရွှေဗဟိုဈေးကွက်သည် ရောင်းမှု၊ ဝယ်မှု၏ ပလက်ဖောင်းတစ်ခုအနေဖြင့် အဓိက လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင် ယင်းဈေးကွက် ဖော်ဆောင်မှု အခြေအနေမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေခံမူများ သတ်မှတ်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်းသိရသည်။

လက်ရှိ ရွှေဈေးကွက်အတွင်း၌ မသမာသူများ အနေဖြင့် ငွေကြေးအင်အားနှင့်ဖိ၍ ဈေးကစားမှုများ ရှိနေပြီး ယင်းအခြေအနေမျိုးအား ရွှေဗဟိုဈေးကွက် ပေါ်လာပါက ထိန်းချုပ်လာနိုင်မည် ဖြစ်သောကြောင့် အဆိုပါ ဈေးကွက်အား ဖော်ဆောင်ရန် ဆောင်ရွက် နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ တရားဝင် ရောင်းဝယ်နိုင်သည့် ရွှေဈေးကွက်မပေါ်မီ မြန်မာ့ရွှေများကို တရုတ်ပြည်သို့ Black Market အနေဖြင့် တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် One Stop Service Centre ( OSSC)မှ တဆင့် ပြည်ပသို့ တရားဝင် တင်ပို့ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ရွှေဈေးကွက် နေရာတစ်ခု ရရှိလာမည်ဖြစ်ကာ ပို့ကုန်တန်ဖိုးလည်း တိုးမြှင့် ရရှိလာနိုင်မည်ဖြစ်သည်။

အဆိုပါ One Stop Service Centre ( OSSC)ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ် ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကို ပြည်ပတင်ပို့ရာတွင် သက်ဆိုင်ရာ အခွန်နှုန်းထားမှအပ အခွန်နှုန်းထား (ဝ) ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းမည်ဆိုပါက အခွန်နှုန်းထား (၁၅) ရာခိုင်နှုန်း၊ (၃၀) ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်က ယင်းပစ္စည်းများအား လွတ်လပ်သော ကုန်သွယ်ခွင့်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့/တင်သွင်းခွင့်ပြုခြင်းကို စက်တင်ဘာ (၃)ရက်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

……………………………………………………..

(Zawgyi)

ေရႊေမွာင္ခို​ေစ်းကြက္ ပေပ်ာက္ေအာင္ ေရႊဗဟို ေစ်းကြက္ ေဖာ္ေဆာင္မည္

ေအာက္တိုဘာ ၁၇
ေဝေဝၿဖိဳး

ေရႊဗဟိုေစ်းကြက္ေဖာ္ေဆာင္ျခင္းက ေရႊေမွာင္ခို ေစ်းကြက္ပေပ်ာက္ေအာင္ လုပ္ေဆာင္သည့္ အခန္းက႑ တစ္ရပ္အေနျဖင့္ ပါဝင္ေၾကာင္း ျမန္မာနိုင္ငံ ေရႊလုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ေဒၚကလ်ာျပည့္ေဝသၽွန္က ေျပာသည္။

“ေမွာင္ခိုေစ်းကြက္ ဆိုတာက ေရႊက႑ တစ္ခုတည္းမွာ ရွိတာမ်ိဳး မဟုတ္ဘူး။ က႑တိုင္းမွာရွိတယ္။ ပေပ်ာက္ေအာင္ လုပ္ျခင္း၊ မလုပ္ျခင္းထက္ တရားဝင္ လူတိုင္း ပါဝင္လို႔ရမယ့္ ေစ်းကြက္မွာ လြယ္လြယ္ကူကူ ေရာင္းဝယ္လို႔ ရမယ္ဆိုရင္၊ နိုင္ငံတကာကလည္း ေရာင္းဝယ္ေနလို႔ ရမယ္ဆိုရင္ ဥပေဒနဲ႔အညီ လုပ္ေဆာင္တဲ့အခါမွာ ေမွာင္ခိုေစ်းကြက္က သူ႔အလိုလို ေပ်ာက္သြား လိမ့္မယ္”ဟု ၎ကေျပာသည္။

ျမန္မာနိုင္ငံ ေရႊလုပ္ငန္းရွင္မ်ားအသင္း အေနျဖင့္ ေရႊဗဟိုေစ်းကြက္ ေဖာ္ေဆာင္နိုင္ရန္ တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ ဦးတည္ ေဆာင္ရြက္ေနၿပီး လက္ရွိတြင္ ညႇိႏွိုင္းမႈမ်ား၊ နည္းဥပေဒမ်ား လုပ္ေဆာင္လ်က္ရွိသည္ဟုဆိုသည္။

အဆိုပါ ေရႊဗဟိုေစ်းကြက္သည္ ေရာင္းမႈ၊ ဝယ္မႈ၏ ပလက္ေဖာင္းတစ္ခုအေနျဖင့္ အဓိက လုပ္ေဆာင္မည္ျဖစ္ၿပီး လက္ရွိတြင္ ယင္းေစ်းကြက္ ေဖာ္ေဆာင္မႈ အေျခအေနမွာ ျဖစ္သင့္ျဖစ္ထိုက္သည့္ အေျခခံမူမ်ား သတ္မွတ္သည့္ အဆင့္သို႔ ေရာက္ေနၿပီ ျဖစ္ေၾကာင္းသိရသည္။

လက္ရွိ ေရႊေစ်းကြက္အတြင္း၌ မသမာသူမ်ား အေနျဖင့္ ေငြေၾကးအင္အားႏွင့္ဖိ၍ ေစ်းကစားမႈမ်ား ရွိေနၿပီး ယင္းအေျခအေနမ်ိဳးအား ေရႊဗဟိုေစ်းကြက္ ေပၚလာပါက ထိန္းခ်ဳပ္လာနိုင္မည္ ျဖစ္ေသာေၾကာင့္ အဆိုပါ ေစ်းကြက္အား ေဖာ္ေဆာင္ရန္ ေဆာင္႐ြက္ ေနျခင္းျဖစ္သည္။

ယင္​းကဲ့သို႔ တရားဝင္ ေရာင္​းဝယ္ႏိုင္သည့္ ေ႐ႊေစ်းကြက္မေပၚမီ ျမန္မာ့ေရႊမ်ားကို တရုတ္ျပည္သို႔ Black Market အေနျဖင့္ တင္ပို႔ေနျခင္​းျဖစ္ျပီး လက္ရွိတြင္ One Stop Service Centre ( OSSC)မွ တဆင့္ ျပည္ပသုိ႔ တရားဝင္ တင္ပို႔ေဆာင္ရြက္ႏိုင္မည္ ျဖစ္သျဖင့္ ႏိုင္ငံတကာ ေစ်းကြက္တြင္ ျမန္မာ့ေရႊေစ်းကြက္ ေနရာတစ္ခု ရရွိလာမည္ျဖစ္ကာ ပုိ႔ကုန္တန္ဖိုးလည္း တိုးျမွင့္ ရရွိလာႏိုင္မည္ျဖစ္သည္​။

အဆိုပါ One Stop Service Centre ( OSSC)ကို ၂၀၁၈ ခုနွစ္ စက္တင္ဘာ ၂၄ ရက္က ရန္ကုန္ျမိဳ႕၊ ျပည္သူ႔ရင္ျပင္ရွိ Myanmar Culture Valley တြင္ ဖြင္​့လွစ္​ခဲ့ျခင္​းျဖစ္​သည္​။

ထို႔ျပင္ ေရႊ၊ ေရႊႏွင့္ျပဳလုပ္ေသာ လက္ဝတ္ ရတနာမ်ား၊ အသုံးအေဆာင္ပစၥည္းမ်ားကို ျပည္ပတင္ပို႔ရာတြင္ သက္ဆိုင္ရာ အခြန္ႏႈန္းထားမွအပ အခြန္ႏႈန္းထား (၀) ရာခိုင္ႏႈန္းသာ ေပးေဆာင္ရမည္ျဖစ္ၿပီး ျပည္ပမွ တင္သြင္းမည္ဆိုပါက အခြန္ႏႈန္းထား (၁၅) ရာခိုင္ႏႈန္း၊ (၃၀) ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ ျဖစ္ေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး
ဌာနအေနျဖင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂၂)ရက္က ယင္​းပစၥည္းမ်ားအား လြတ္လပ္ေသာ ကုန္သြယ္ခြင့္ကို ထုတ္ျပန္ေၾကညာခ့ဲၿပီး ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔/တင္သြင္းခြင့္ျပဳျခင္းကို စက္တင္ဘာ (၃)ရက္က ခြင့္ျပဳေပးခ့ဲျခင္းျဖစ္သည္။

Leave a Reply