မန္းမေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း တာဝန္ရွိသူမ်ား အမႈ တရားလိုအား စစ္ေဆး

0
106

မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူများ အမှု တရားလိုအား စစ်ဆေး

အောက်တိုဘာ – ၁၇
နိုင်လင်းဦး

မြေနှင့် အခွန်တော်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည့် မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း မှ တာဝန်ရှိသူများကို အောက်တိုဘာလ ၁၆ ရက်နေ့ က ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူအား စစ်ဆေးခဲ့သည် ။

၎င်းတို့အား ၁၈၈၉ ခုနှစ် အထက်ဗမာပြည်မြေနှင့်အခွန်တော်ဥပဒေ ပုဒ်မ ၆၉ (၂) အရ ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ကော်လိပ်တော်အရာရှိ ဦးညွှန့်လင်း က တရားစွဲဆိုထားခြင်းဖြစ်သည် ။

“ဒီနေ့ တရားလိုဖြစ်သူကို စစ်ဆေးတယ်။ ဒီအဆင့်မှာဆိုရင် တရားစွဲဆိုတဲ့ အချက်မပေါ်ပေါက်တာကို တွေ့ရှိတယ်။ နစ်နာသူ မဟုတ်တဲ့အကြောင်းကို ကျွန်တော့်အနေနဲ့ စစ်ခဲ့တယ်။´´ ဟု တရားစွဲဆိုခံထားရသူ ဗိုလ်မှူး သူရရွှေလှ (ငြိမ်း) ၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးဇော်လွင်ဦး က ပြောသည် ။

ထို့အပြင် တရားလိုဖြစ်သူ ကို မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရေး မြို့နယ်တရားရုံးထံ ဦးတိုက်လျောက်တိုင်တန်းထားပြီး စစ်ဆေးရန်သင့်မသင့်အား အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည် ။

တရားလို၏ ဦးတိုက်လျှောက်လွှာတင်ပါသည့် ပုသိမ်ကြီးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ ဆောင်ရွက်ချက်မှတ်တမ်း ဟူသည့် စာတွင် ကာယကံရှင်များ လက်မှတ်ထိုးထားခြင်းမရှိပဲ သက်သေတင်သည့်အတွက် မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ် က ပြောသည် ။

အမှုများတွင် မမှန်သက်သေတင်သွင်းမှုများတွေ့ရှိပါက သက်ဆိုင်ရာ တရားသူကြီးက မမှန်သက်သေတင်သွင်းသူကို စစ်ဆေးအရေးယူရမည်ဖြစ်ပြီး တရားပြိုင်များ၊ စွပ်စွဲခံရသူများအနေဖြင့် တိုင်တန်းအမှုဖွင့်ခွင့်မရှိသော်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၆ အရ ဦးတိုက်လျောက်ထားခွင့်ရှိသည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဦးတိုက်လျောက်မှုကို စစ်ဆေးနိုင်ရန် ရာဇဝတ်အထွေထွေအမှုအမှတ် ၉၃/၂၀၁၉ အရ လက်ခံထားပြီး ကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ အရ အရေးယူခံရမည်ဖြစ်သည်။

မန်း မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်လုပ်မှုအား မန္တလေးတိုင်းဒေသကြီး အစိုးရက ခွင့်ပြုခြင်းမရှိသော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်သည် ။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) ကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ ၈ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အုတ်တံတိုင်း ၊ မုခ်ဦး နှင့် အဝီစီတွင်းတူးခြင်း တို့ကိုသာ ဆောင်ရွက်ထားကာ မန္တလေးတိုင်းဒေသကြီး အစိုးရ အနေဖြင့် ဆောက်လုပ်ခွင့်မရခင် လုပ်ငန်းရပ်ဆိုင်းထားရန် စာထုတ်ခဲ့ခြင်းဖြစ်သည် ။

မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကလည်းကောင်း၊ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း(တောင်ကုတ်)ကို ၂၀၁၇ ခုနှစ်ကလည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည် ။

မန္းမေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း တာဝန္ရွိသူမ်ား အမႈ တရားလိုအား စစ္ေဆး

ေအာက္တိုဘာ – ၁၇
ႏိုင္လင္းဦး

ေျမႏွင့္ အခြန္ေတာ္ဥပေဒျဖင့္ တရားစြဲဆိုျခင္းခံထားရသည့္ မန္းမေဟာ္သဓာ အမ်ိဳးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္း မွ တာဝန္ရွိသူမ်ားကို ေအာက္တိုဘာလ ၁၆ ရက္ေန႔ က ပုသိမ္ႀကီးၿမိဳ႕နယ္တရားရံုးတြင္ ရံုးထုတ္ခဲ့ၿပီး တရားလိုျဖစ္သူအား စစ္ေဆးခဲ့သည္ ။

၄င္းတို႔အား ၁၈၈၉ ခုႏွစ္ အထက္ဗမာျပည္ေျမႏွင့္အခြန္ေတာ္ဥပေဒ ပုဒ္မ ၆၉ (၂) အရ ပုသိမ္ႀကီးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန မွ ေကာ္လိပ္ေတာ္အရာရွိ ဦးညႊန္႔လင္း က တရားစြဲဆိုထားျခင္းျဖစ္သည္ ။

“ဒီေန႔ တရားလိုျဖစ္သူကို စစ္ေဆးတယ္။ ဒီအဆင့္မွာဆိုရင္ တရားစြဲဆိုတဲ့ အခ်က္မေပၚေပါက္တာကို ေတြ႕ရွိတယ္။ နစ္နာသူ မဟုတ္တဲ့အေၾကာင္းကို ကြၽန္ေတာ့္အေနနဲ႔ စစ္ခဲ့တယ္။´´ ဟု တရားစြဲဆိုခံထားရသူ ဗိုလ္မွဴး သူရေရႊလွ (ၿငိမ္း) ၏ ေရွ႕ေန တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္လြင္ဦး က ေျပာသည္ ။

ထို႔အျပင္ တရားလိုျဖစ္သူ ကို မမွန္သက္ေသတင္သြင္းမႈျဖင့္ အေရးယူေပးေရး ၿမိဳ႕နယ္တရားရံုးထံ ဦးတုိက္ေလ်ာက္တုိင္တန္းထားၿပီး စစ္ေဆးရန္သင့္မသင့္အား ေအာက္တိုဘာလ ၃၀ ရက္ေန႔တြင္ အမိန္႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

တရားလို၏ ဦးတိုက္ေလွ်ာက္လႊာတင္ပါသည့္ ပုသိမ္ႀကီးၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီ၏ ေဆာင္ရြက္ခ်က္မွတ္တမ္း ဟူသည့္ စာတြင္ ကာယကံရွင္မ်ား လက္မွတ္ထိုးထားျခင္းမရွိပဲ သက္ေသတင္သည့္အတြက္ မမွန္သက္ေသတင္သြင္းမႈျဖင့္ အေရးယူေပးေရး ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း တရားစြဲဆိုခံထားရသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝိတ္ က ေျပာသည္ ။

အမႈမ်ားတြင္ မမွန္သက္ေသတင္သြင္းမႈမ်ားေတြ႕ရွိပါက သက္ဆိုင္ရာ တရားသူႀကီးက မမွန္သက္ေသတင္သြင္းသူကို စစ္ေဆးအေရးယူရမည္ျဖစ္ၿပီး တရားၿပိဳင္မ်ား၊ စြပ္စြဲခံရသူမ်ားအေနျဖင့္ တိုင္တန္းအမႈဖြင့္ခြင့္မရွိေသာ္လည္း ရာဇဝတ္က်င့္ထံုးဥပေဒပုဒ္မ ၄၇၆ အရ ဦးတုိက္ေလ်ာက္ထားခြင့္ရွိသည့္အတြက္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းဦးတိုက္ေလ်ာက္မႈကို စစ္ေဆးႏိုင္ရန္ ရာဇဝတ္အေထြေထြအမႈအမွတ္ ၉၃/၂၀၁၉ အရ လက္ခံထားၿပီး က်ဴးလြန္ေၾကာင္း ထင္ရွားေပၚေပါက္ပါက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၉၃ အရ အေရးယူခံရမည္ျဖစ္သည္။

မန္း မေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္းေဆာက္လုပ္မႈအား မႏၲေလးတိုင္းေဒသႀကီး အစိုးရက ခြင့္ျပဳျခင္းမရွိေသာ္လည္း ဇန္နဝါရီလ ၂၆ ရက္ေန႔က ေက်ာင္းေဆာက္လုပ္ရန္အတြက္ ပႏၷက္ရိုက္သည္ ။

မေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း (မႏၲေလး) ကို ပုသိမ္ႀကီးၿမိဳ႕နယ္ ေက်ာက္ေခ်ာေက်းရြာရွိ ၈ ဧကခန္႔ က်ယ္ဝန္းသည့္ ေျမေပၚတြင္ ေဆာက္လုပ္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ အုတ္တံတိုင္း ၊ မုခ္ဦး နွင့္ အဝီစီတြင္းတူးျခင္း တို႔ကိုသာ ေဆာင္ရြက္ထားကာ မႏၲေလးတိုင္းေဒသႀကီး အစိုးရ အေနျဖင့္ ေဆာက္လုပ္ခြင့္မရခင္ လုပ္ငန္းရပ္ဆိုင္းထားရန္ စာထုတ္ခဲ့ျခင္းျဖစ္သည္ ။

မေဟာ္သဓာအမ်ိဳးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္း(ရန္ကုန္)ကို ၂၀၁၆ ခုႏွစ္ကလည္းေကာင္း၊ မေဟာ္သဓာအမ်ိဳးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္း(ေတာင္ကုတ္)ကုိ ၂၀၁၇ ခုႏွစ္ကလည္းေကာင္း ဖြင့္လွစ္ခဲ့ၿပီးျဖစ္သည္ ။

Leave a Reply