
0
14

MPT ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုဖြစ်

အောက်တိုဘာ – ၁၅
နိုင်လင်းဦး

မန္တလေးမြို့နှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဒေသအချို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်းအချိန်ကတည်းက ဖြစ်ပွားခဲ့သည် ။

ထိုသို့ ဖြစ်ရခြင်းသည် မန္တလေးမြို့ရှိ စက်ပိုင်းဆိုင်ရာစွမ်းအင်ပေးစနစ်ချို့ယွင်းခြင်းကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းရှိ ဒေသအချို့တွင် အင်တာနက်၊မိုဘိုင်းလ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးများ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည် ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များ က ပြင်ဆင်မှုများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိပြီး သည်းခံစောင့်ဆိုင်းပေးကြပါရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည် ။

ပြင်ဆင်မှုများကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ကျော်အချိန်တွင် လိုင်းများ ပုံမှန်ပြန်ဖြစ်ခဲ့သည် ။

…………………………………………….

(Zawgyi)


အောက်တိုဘာ ၁၅
နိုင်လင်းဦး





Leave a Reply