နီေပါသမၼတႏွင့္ ႏိုင္ငံအႀကီးအကဲမ်ားေတြ႔ဆံု၊ ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးအတြက္ အဓိကထား ေဆြးေႏြး

0
59

နီပေါသမ္မတနှင့် နိုင်ငံအကြီးအကဲများတွေ့ဆုံ၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် အဓိကထား ဆွေးနွေး

အောက်တိုဘာ ၁၇
ယဉ်ကေနွယ်

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံမှ သမ္မတ Rt.Hon.H.E. Mrs. Bidya Devi Bhandari ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတော်အကြီးအကဲများဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ယနေ့ နံနက်ပိုင်းက လာရောက်ဂါရဝ တွေ့ဆုံခဲ့သည်။

ထိုသို့ လာရောက်တွေ့ဆုံစဉ် ပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို ကပြောသည်။

“ဒီချစ်ကြည်ရေးခရီးစဉ်မှာတော့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေး ကိစ္စရပ်တွေကို အဓိက ထားပြီးတော့ ဆွေးနွေးခဲ့ပါတယ်”ဟု ဦးအောင်ကိုကပြောသည်။

ထို့ပြင် ခရီးစဉ်၏ ရလဒ်အနေဖြင့်လည်း နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ကဏ္ဍနှင့်ခရီးသွားကဏ္ဍ မြင့်တင်မှုအတွက် နားလည်မှုစာချွန်လွှာနှစ်ရပ်ကို လည်း လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

“ဒီ ၂၀၂၀ ပြည့်နှစ်ပေါ့နော် လာမယ့်နှစ်ဆို ကျနော်တို့ နှစ်နိုင်ငံခြား သံတမန်တည်ထောင်တဲ့ နှစ် ၆၀ အခါသမယ လဲ ဖြစ်ပါတယ်။ အလားတူပဲ နီပေါ အစိုးရအနေနဲ့လဲ ၂၀၂၀ ပြည့်နှစ်ကို Visit Year 2020 ဆိုပြီး တော့ ချမှတ်ထားတယ်။ ဒါကြောင့်မလို့ ဒီနှစ်ခု တိုက်ဆိုင်ပြီးတော့ ခရီးသွားကဏ္ဍနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်”ဟု ဦးအောင်ကို ကပြောသည်။

ထို့သို့ စာချွန်လွှာတွင် လက်မှတ်ရေးထိုးခြင်းသည် လာမည့်နှစ်တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် နီပေါခရီးသွားလုပ်ငန်းများအတွက် လိုအပ်သည့် ပံ့ပိုးကူညီပေးမှာကို နိုင်ငံအကြီးအကဲများမှ သဘောတူထားခြင်းဖြစ်သည့် အတွက် ရေးထိုးခြင်းဖြစ်ကြောင်းသိရသည်။

ထို့အတူ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံမှ သမ္မတ Rt.Hon.H.E. Mrs. Bidya Devi Bhandari ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင်လည်း နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

၎င်း အဖွဲ့သည် နေပြည်တော်ရှိကျောက်မျက်ပြတိုက်သို့လည်း လေ့လာမည်ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ပြင်ဦးလွင် သို့ ထွက်ခွာမည်ဖြစ်ပြီး ပုဂံနှင့် ရန်ကုန်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

…………………………………………..

(Zawgyi)

နီေပါသမၼတႏွင့္ ႏိုင္ငံအႀကီးအကဲမ်ားေတြ႔ဆံု၊ ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးအတြက္ အဓိကထား ေဆြးေႏြး

ေအာက္တိုဘာ ၁၇
ယဥ္ေကႏြယ္

နီေပါဖက္ဒရယ္ဒီမိုကရက္တစ္ႏိုင္ငံမွ သမၼတ Rt.Hon.H.E. Mrs. Bidya Devi Bhandari ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႔မွ ႏုိင္ငံေတာ္အႀကီးအကဲမ်ားျဖစ္သည့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ႏွင့္ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ ထံသုိ႔ ယေန႔ နံနက္ပိုင္းက လာေရာက္ဂါရဝ ေတြ႔ဆံုခဲ့သည္။

ထိုသို႔ လာေရာက္ေတြ႔ဆံုစဥ္ ပူးေပါင္းေဆာင္ရြက္မႈမ်ားျမင့္တင္ေရး ကိစၥရပ္မ်ားကို အဓိကထား ေဆြးေႏြးခဲ့ၾကေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏိုင္ငံေရးရာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကို ကေျပာသည္။

“ဒီခ်စ္ၾကည္ေရးခရီးစဥ္မွာေတာ႔ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ပူးေပါင္းေဆာင္ရြက္မႈျမင္႔တင္ေရး ကိစၥရပ္ေတြကုိ အဓိက ထားၿပီးေတာ႔ ေဆြးေႏြးခဲ႔ပါတယ္”ဟု ဦးေအာင္ကိုကေျပာသည္။

ထို႔ျပင္ ခရီးစဥ္၏ ရလဒ္အေနျဖင့္လည္း ႏွစ္ႏုိင္ငံအၾကား ယဥ္ေက်းမႈ က႑နွင့္ခရီးသြားက႑ ျမင္႔တင္မႈအတြက္ နားလည္မႈစာခ်ြန္လႊာႏွစ္ရပ္ကုိ လည္း လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။

“ဒီ ၂၀၂၀ ျပည္႔ႏွစ္ေပါ႔ေနာ္ လာမယ္႔ႏွစ္ဆုိ က်ေနာ္တုိ႔ ႏွစ္ႏုိင္ငံျခား သံတမန္တည္ေထာင္တဲ႔ ႏွစ္ ၆၀ အခါသမယ လဲ ျဖစ္ပါတယ္။ အလားတူပဲ နီေပါ အစုိးရအေနနဲ႔လဲ ၂၀၂၀ ျပည႔္ႏွစ္ကုိ Visit Year 2020 ဆုိၿပီး ေတာ႔ ခ်မွတ္ထားတယ္။ ဒါေၾကာင္႔မလုိ႔ ဒီႏွစ္ခု တုိက္ဆုိင္ၿပီးေတာ႔ ခရီးသြားက႑နဲ႔ ယဥ္ေက်းမႈ က႑ေတြမွာ ပုိမုိ ပူးေပါင္းေဆာင္ရြက္ဖုိ႔ဆုိၿပီးေတာ႔ နားလည္မႈစာခ်ြန္လႊာ လက္မွတ္ေရးထုိးခဲ႔တာျဖစ္ပါတယ္”ဟု ဦးေအာင္ကို ကေျပာသည္။

ထို႔သို႔ စာခြၽန္လႊာတြင္ လက္မွတ္ေရးထိုးျခင္းသည္ လာမည့္ႏွစ္တြင္ ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ နီေပါခရီးသြားလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ ပံ့ပိုးကူညီေပးမွာကို ႏိုင္ငံအႀကီးအကဲမ်ားမွ သေဘာတူထားျခင္းျဖစ္သည့္ အတြက္ ေရးထိုးျခင္းျဖစ္ေၾကာင္းသိရသည္။

ထို႔အတူ နီေပါဖက္ဒရယ္ဒီမိုကရက္တစ္ႏိုင္ငံမွ သမၼတ Rt.Hon.H.E. Mrs. Bidya Devi Bhandari ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႔သည္ ယေန႔ ေန႔လည္ပိုင္းတြင္လည္း ေနျပည္ေတာ္႐ွိ M Gallery ဟိုတယ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ႏွင့္လည္း ေတြ႔ဆံုမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

၎ အဖြဲ႔သည္ ေနျပည္ေတာ္႐ွိေက်ာက္မ်က္ျပတိုက္သို႔လည္း ေလ့လာမည္ျဖစ္ၿပီး ေအာက္တိုဘာလ ၁၈ ရက္ေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ ျပင္ဦးလြင္ သို႔ ထြက္ခြာမည္ျဖစ္ၿပီး ပုဂံႏွင့္ ရန္ကုန္သို႔ သြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

Leave a Reply