အရိုင္းျဖတ္သား အေခ်ာထည္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲတြင္ We Chat ျဖင့္ ေရာင္းဝယ္ျခင္း ခြင့္ျပဳမည္မဟုတ္

0
67

အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် We Chat ဖြင့် ရောင်းဝယ်ခြင်း ခွင့်ပြုမည်မဟုတ်

အောက်တိုဘာ – ၁၇

နိုင်လင်းဦး

မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် တရုတ်နိုင်ငံ၏ လူမှုကွန်ယက်ဖြစ်သည့် we chat ဖြင့် ရောင်းဝယ်ခြင်း ခွင့်ပြုမည်မဟုတ်ကြောင်း ပြပွဲကျင်းပရေးကော်မတီထံက သိရသည် ။

အဆိုပါ ပြပွဲတွင် ကျောက်မျက် ရတနာရောင်းအချောထည် ဆိုင်ခန်း ၂၀၀ ကျော် နှင့် အရိုင်းဖြတ်သား ကျောက်စိမ်းအတွဲ လော့ ၂၆၈၀ ကျော် ပြပွဲတင်ရန် စာရင်းပေးထားပြီးဖြစ်ကာ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စာရင်းများ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည် ။

“ခုလုပ်မယ့် ပြပွဲမှာ we chat နဲ့ ရောင်းဝယ်တာကို ခွင့်ပြုမထားဘူး။ တားမြစ်သွားမယ် ။ တကယ်လို့ ရောင်းဝယ်လုပ်နေတာတွေ့ရင် သတိပေးပြီး ထပ်လုပ်နေရင်တော့ သူ့ကို နောက်နောင်ပြပွဲတွေမှာ လာလို့မရအောင် အမည်ပျက် စာရင်း (Blacklist) လုပ်မယ်။´´ ဟု ပြပွဲကျင်းပရေးကော်မတီ မှ ဦးကျော်ဇောအောင် က ပြောသည် ။

အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည် ။

ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)တင်ရပါမည် ဖြစ်ပြီး ကျပ်သိန်း (၂၀၀) ထိဝယ်ယူခွင့် ရှိမည်ဖြစ်ကာ ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်း အရိုင်းဖြတ်သားများကို မြန်မာကျပ်ငွေဖြင့် ရောင်းချ၍ အချောထည်များကို နိုင်ငံခြားငွေ ၊ မြန်မာကျပ်ငွေ နှစ်မျိုးလုံးနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

ပြပွဲတွင် ကြမ်းခင်းဈေး အနည်းဆုံး ၁၀ သိန်းကျပ် မှ အမြင့်ဆုံး ကျပ်သိန်း ၃၂၀၀ အထိ တင်ထားသည် ။ ရောင်းချမည့် အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှုအနေဖြင့် အရောင်း ၁၃ ရာခိုင်နှုန်း နှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည် ။

……………………………………………….

(Zawgyi)

အရိုင္းျဖတ္သား အေခ်ာထည္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲတြင္ We Chat ျဖင့္ ေရာင္းဝယ္ျခင္း ခြင့္ျပဳမည္မဟုတ္

ေအာက္တိုဘာ – ၁၇

ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ကြန္ဗင္းရွင္းစင္တာတြင္ က်င္းပမည့္ အရိုင္းျဖတ္သား အေခ်ာထည္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲတြင္ တရုတ္ႏိုင္ငံ၏ လူမႈကြန္ယက္ျဖစ္သည့္ we chat ျဖင့္ ေရာင္းဝယ္ျခင္း ခြင့္ျပဳမည္မဟုတ္ေၾကာင္း ျပပြဲက်င္းပေရးေကာ္မတီထံက သိရသည္ ။

အဆိုပါ ျပပြဲတြင္ ေက်ာက္မ်က္ ရတနာေရာင္းအေခ်ာထည္ ဆိုင္ခန္း ၂၀၀ ေက်ာ္ ႏွင့္ အရိုင္းျဖတ္သား ေက်ာက္စိမ္းအတြဲ ေလာ့ ၂၆၈၀ ေက်ာ္ ျပပြဲတင္ရန္ စာရင္းေပးထားၿပီးျဖစ္ကာ စက္တင္ဘာလ ၁၈ ရက္ေန႔အထိ စာရင္းမ်ား လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္ ။

“ခုလုပ္မယ့္ ျပပြဲမွာ we chat နဲ႔ ေရာင္းဝယ္တာကို ခြင့္ျပဳမထားဘူး။ တားျမစ္သြားမယ္ ။ တကယ္လို႔ ေရာင္းဝယ္လုပ္ေနတာေတြ႕ရင္ သတိေပးၿပီး ထပ္လုပ္ေနရင္ေတာ့ သူ႔ကို ေနာက္ေနာင္ျပပြဲေတြမွာ လာလို႔မရေအာင္ အမည္ပ်က္ စာရင္း (Blacklist) လုပ္မယ္။´´ ဟု ျပပြဲက်င္းပေရးေကာ္မတီ မွ ဦးေက်ာ္ေဇာေအာင္ က ေျပာသည္ ။

အဆိုပါျပပြဲကို မႏၲေလးၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ျပဳလုပ္ျခင္းျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ လမ္းညႊန္မႈျဖင့္ ျမန္မာႏိုင္ငံေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္း (မႏၲေလး) က ဦးေဆာင္က်င္းပျခင္းျဖစ္ကာ ေက်ာက္စိမ္းအတြဲမ်ားကုိ အိပ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

ေက်ာက္စိမ္းတြဲမ်ားဝယ္ယူမည္ဆိုပါက အနည္းဆုံး အာမခံစေပၚေငြ က်ပ္သိန္း(၂၀)တင္ရပါမည္ ျဖစ္ၿပီး က်ပ္သိန္း (၂၀၀) ထိဝယ္ယူခြင့္ ရွိမည္ျဖစ္ကာ ျပပြဲတြင္ ေရာင္းခ်မည့္ ေက်ာက္စိမ္း အရိုင္းျဖတ္သားမ်ားကို ျမန္မာက်ပ္ေငြျဖင့္ ေရာင္းခ်၍ အေခ်ာထည္မ်ားကို ႏိုင္ငံျခားေငြ ၊ ျမန္မာက်ပ္ေငြ ႏွစ္မ်ိဳးလံုးႏွင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္ ။

ျပပြဲတြင္ ၾကမ္းခင္းေဈး အနည္းဆံုး ၁၀ သိန္းက်ပ္ မွ အျမင့္ဆံုး က်ပ္သိန္း ၃၂၀၀ အထိ တင္ထားသည္ ။ ေရာင္းခ်မည့္ အရိုင္းျဖတ္သား အေခ်ာထည္မ်ားႏွင့္ပတ္သက္၍ အခြန္စည္းၾကပ္မႈအေနျဖင့္ အေရာင္း ၁၃ ရာခိုင္ႏႈန္း ႏွင့္ အဝယ္ ၅ ရာခိုင္ႏႈန္း သတ္မွတ္ထားသည္ ။

Leave a Reply