အေကာက္ခြန္ကင္းလြတ္ခြင့္ ခံစားနိုင္သည့္ Form-D လဲလွယ္ျခင္းကို အြန္လိုင္းျဖင့္ ေဆာင္႐ြက္ နိုင္ေတာ့မည္

0
99

အကောက်ခွန်ကင်းလွတ်ခွင့် ခံစားနိုင်သည့် Form-D လဲလှယ်ခြင်းကို အွန်လိုင်းဖြင့် ဆောင်ရွက် နိုင်တော့မည်

အောက်တိုဘာ ၁၇
ဝေဝေဖြိုး

အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပြုလုပ်ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်များအား ခံစားနိုင်ရန် အတွက် အာဆီယံပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်(Form-D) လဲလှယ်ခြင်းကို အီလက်ထရောနစ်နည်းဖြင့် နိုဝင်ဘာလတွင် စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးဝင်းသန့်ကပြောသည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်နေပြီ အာဆီယံအတွင်းမှာ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာတွေ ထူထောင်ထားတာရှိတယ်။ Asean Single Window ကို ဝင်ရောက် ချိတ်ဆက်မယ်။ အီလက်ထရော နစ်နည်းတွေနဲ့ သွားကြမယ်ဆိုပြီးရှိပါတယ် ။ အရင်က Form-D ကို manual နည်းလမ်းတွေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လဲလှယ်ကြတယ်။ အခုတော့ မြန်မာက ဖိလစ်ပိုင်နဲ့ အတူတူ နိုဝင်ဘာမှာ အာဆီယံရဲ့Form-D လဲလှယ်တဲ့ လင့်ခ်ကို အတူတူဝင်ရောက်ပြီး ချိတ်ဆက်ဆောင်ရွက်ဖို့ ပြင်ဆင် ဆောင်ရွက် နေပါတယ်”ဟု ၎င်းကပြောသည်။

အာဆီယံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်သွယ်မှု ပြုလုပ်ရာတွင် အကောက်ခွန် ကင်းလွတ်ခွင့်များကို ခံစားနိုင်ရန်အတွက် ပင်ရင်းနိုင်ငံ၏ ကုန်ပစ္စည်း ဖြစ်ကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းကို Form-D ဟု ခေါ်ခြင်းဖြစ်သည်။

ယင်း Form-D ကို Exporting Country မှ သက်ဆိုင်ရာ အာဏာပိုင်က ထုတ်ပေးလိုက်ပြီး Importing Country တွင် အကောက်ခွန် ဦးစီးဌာနကို တင်ပြရသည်ဟုဆိုသည်။

အဆိုပါ စာရွက်စာတမ်းပေါ် မူတည်ပြီး တင်သွင်းလာသည့် ကုန်ပစ္စည်းများကို အကောက်ခွန် ကင်းလွတ်ခွင့် ပေးခြင်းဖြစ်သည်။

“နိုဝင်လာလထဲမှာ စတင်လဲလှယ်နိုင်အောင် ကြိုးစားပါမယ်လို့ ကတိကဝတ်ပေးခဲ့ပါတယ်။ အဲ့ကတိအတိုင်းပဲ အချိန်မီ ဆောင်ရွက်နိုင်ခဲ့ပါတယ်။စမ်းသပ်မှုတွေ အကုန်လုပ်ပြီးပါပြီ ၊ လာအိုနိုင်ငံအပ ကျန်တဲ့နိုင်ငံတွေ အားလုံးနဲ့ စမ်းသပ်တဲ့အခါမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အသင့်ဖြစ်နေပါပြီ ၊အာဆီယံက သတ်မှတ်တဲ့ နိုဝင်ဘာမှာ သူတို့စပါဆိုတဲ့ ရက်မှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်”ဟု ဦးဝင်းသန့်က ပြောသည်။

အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု လျင်မြန် လွယ်ကူချောမွေ့စေရေးဆိုင်ရာ စနစ်အတွင်း မြန်မာနိုင်ငံက ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။

အရှေ့တောင်အာရှ အာဆီယံကုန်သွယ်ဖက် နိုင်ငံများအကြားAsean Single Window ၏ ကုန်သွယ်မှု လျင်မြန်လွယ်ကူ ချောမွေ့စေရေးဆိုင်ရာ စနစ်မှတဆင့် အာဆီယံပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်(Form-D)ကို အီလက်ထရောနစ်နည်းဖြင့် ချိတ်ဆက်လဲလှယ်နိုင်မှုကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အဆိုပါ နည်းပညာအတွက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)မှ ငွေကြေးနှင့် နည်းပညာပိုင်းကို ပံ့ပိုးပေးထားပြီး ပြည်တွင်း နည်းပညာကို သုံး၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

Asean Single Window စနစ်ရှိခြင်းအားဖြင့် ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များကိုတိကျ မှန်ကန်စွာ ထိန်းသိမ်းပေးထားနိုင်မည် ဖြစ်ကာ အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်စည်စီးဆင်း လည်ပတ်နေမှုကို အထောက်အကူပြုမည်ဖြစ်ပြီး ကုန်စည်တင်ပို့သူများအနေနှင့်လည်း ဒေသတွင်း ဈေးကွက်များအထိ ချဲ့ထွင်နိုင်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရာ၌ ပိုမိုထိရောက်စေမည်ဖြစ်သည်။

ထို့ကြောင့် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် မည်သည့် အဆင့်ထိ လိုက်ပါ ဆောင်ရွက်နိုင်ပြီလဲဟူသော အချက်များကို လုပ်ငန်းရှင်များက သိရှိထားရန် နှင့် လိုက်လျော ညီထွေဖြစ်အောင် လုပ်ငန်းရှင်များဘက်ကလည်း ပူးပေါင်းပံ့ပိုးမှုများ လုပ်ပေးရန် လိုအပ်မည် ဟုဆိုသည်။

ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ စင်ကာပူ ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့် နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း Asean Single Window စနစ်တွင် ပါဝင်လာသည့်အတွက် ပို့ကုန် ၊သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Form-D ကို အဆင်ပြေလွယ်ကူစွာ ရရှိနိုင်၍ ဖောင်ဖြည့် နိုင်မည်ဖြစ်ကာ အချိန်နှင့် ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်မည်ဖြစ်သည်။

်………………………………………………

(Zawgyi)

အေကာက္ခြန္ကင္းလြတ္ခြင့္ ခံစားနိုင္သည့္ Form-D လဲလွယ္ျခင္းကို အြန္လိုင္းျဖင့္ ေဆာင္႐ြက္ နိုင္ေတာ့မည္

ေအာက္တိုဘာ ၁၇
ေဝေဝၿဖိဳး

အာဆီယံနိုင္ငံမ်ားအျကား ကုန္သြယ္မႈျပဳလုပ္ရာတြင္ အေကာက္ခြန္ကင္းလြတ္ခြင့္မ်ားအား ခံစားနိုင္ရန္ အတြက္ အာဆီယံပင္ရင္းနိုင္ငံ သက္ေသခံ လက္မွတ္(Form-D) လဲလွယ္ျခင္းကို အီလက္ထေရာနစ္နည္းျဖင့္ နိုဝင္ဘာလတြင္ စတင္က်င့္သံုးေတာ့မည္ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာန MACCS ဌာနခြဲ၏ ၫႊန္ၾကားေရးမွဴး ဦးဝင္းသန္႔ကေျပာသည္။

“အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြျဖစ္ေနၿပီ အာဆီယံအတြင္းမွာ လြတ္လပ္စြာ ကုန္သြယ္မႈ ဧရိယာေတြ ထူေထာင္ထားတာရွိတယ္။ Asean Single Window ကို ဝင္ေရာက္ ခ်ိတ္ဆက္မယ္။ အီလက္ထေရာ နစ္နည္းေတြနဲ႔ သြားၾကမယ္ဆိုၿပီးရွိပါတယ္ ။ အရင္က Form-D ကို manual နည္းလမ္းေတြနဲ႔ တစ္နိုင္ငံနဲ႔ တစ္နိုင္ငံ လဲလွယ္ၾကတယ္။ အခုေတာ့ ျမန္မာက ဖိလစ္ပိုင္နဲ႔ အတူတူ နိုဝင္ဘာမွာ အာဆီယံရဲ႕Form-D လဲလွယ္တဲ့ လင့္ခ္ကို အတူတူဝင္ေရာက္ၿပီး ခ်ိတ္ဆက္ေဆာင္႐ြက္ဖို႔ ျပင္ဆင္ ေဆာင္႐ြက္ ေနပါတယ္”ဟု ၎ကေျပာသည္။

အာဆီယံတစ္နို္င္ငံနွင့္ တစ္နိုင္ငံ ကုန္သြယ္မႈ ျပဳလုပ္ရာတြင္ အေကာက္ခြန္ ကင္းလြတ္ခြင့္မ်ားကို ခံစားနိုင္ရန္အတြက္ ပင္ရင္းနိုင္ငံ၏ ကုန္ပစၥည္း ျဖစ္ေၾကာင္း သက္ေသခံလက္မွတ္မ်ား ထုတ္ေပးျခင္းကို Form-D ဟု ေခၚျခင္းျဖစ္သည္။

ယင္း Form-D ကို Exporting Country မွ သက္ဆိုင္ရာ အာဏာပိုင္က ထုတ္ေပးလိုက္ၿပီး Importing Country တြင္ အေကာက္ခြန္ ဦးစီးဌာနကို တင္ျပရသည္ဟုဆိုသည္။

အဆိုပါ စာ႐ြက္စာတမ္းေပၚ မူတည္ၿပီး တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို အေကာက္ခြန္ ကင္းလြတ္ခြင့္ ေပးျခင္းျဖစ္သည္။

“နိုဝင္လာလထဲမွာ စတင္လဲလွယ္နိုင္ေအာင္ ႀကိဳးစားပါမယ္လို႔ ကတိကဝတ္ေပးခဲ့ပါတယ္။ အဲ့ကတိအတိုင္းပဲ အခ်ိန္မီ ေဆာင္႐ြက္နိုင္ခဲ့ပါတယ္။စမ္းသပ္မႈေတြ အကုန္လုပ္ၿပီးပါၿပီ ၊ လာအိုနိုင္ငံအပ က်န္တဲ့နိုင္ငံေတြ အားလံုးနဲ႔ စမ္းသပ္တဲ့အခါမွာ ေအာင္ျမင္စြာ စမ္းသပ္နိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ အသင့္ျဖစ္ေနပါၿပီ ၊အာဆီယံက သတ္မွတ္တဲ့ နိုဝင္ဘာမွာ သူတို႔စပါဆိုတဲ့ ရက္မွာ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ထားၿပီး ျဖစ္ပါတယ္”ဟု ဦးဝင္းသန္႔က ေျပာသည္။

အာဆီယံနိုင္ငံမ်ားအျကား ကုန္သြယ္မႈ လ်င္ျမန္ လြယ္ကူေခ်ာေမြ႕ေစေရးဆိုင္ရာ စနစ္အတြင္း ျမန္မာနိုင္ငံက ပါဝင္ရန္ အဆင္သင့္ျဖစ္ေနၿပီဟု ဆိုသည္။

အေရွ႕ေတာင္အာရွ အာဆီယံကုန္သြယ္ဖက္ နိုင္ငံမ်ားအၾကားAsean Single Window ၏ ကုန္သြယ္မႈ လ်င္ျမန္လြယ္ကူ ေခ်ာေမြ႕ေစေရးဆိုင္ရာ စနစ္မွတဆင့္ အာဆီယံပင္ရင္းနိုင္ငံ သက္ေသခံ လက္မွတ္(Form-D)ကို အီလက္ထေရာနစ္နည္းျဖင့္ ခ်ိတ္ဆက္လဲလွယ္နိုင္မႈကို ေဆာင္႐ြက္ေပးသြားမည္ ျဖစ္သည္။

အဆိုပါ နည္းပညာအတြက္ အေမရိကန္နိုင္ငံတကာ ဖြံ႕ၿဖိဳးေရး ေအဂ်င္စီ (USAID)မွ ေငြေၾကးနွင့္ နည္းပညာပိုင္းကို ပံ့ပိုးေပးထားၿပီး ျပည္တြင္း နည္းပညာကို သံုး၍ ေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။

Asean Single Window စနစ္ရွိျခင္းအားျဖင့္ ကုန္သြယ္ေရးဆိုင္ရာ အခ်က္အလက္မ်ားကိုတိက် မွန္ကန္စြာ ထိန္းသိမ္းေပးထားနိုင္မည္ ျဖစ္ကာ အာဆီယံေဒသတြင္း လြတ္လပ္စြာ ကုန္စည္စီးဆင္း လည္ပတ္ေနမႈကို အေထာက္အကူျပဳမည္ျဖစ္ၿပီး ကုန္စည္တင္ပို႔သူမ်ားအေနနွင့္လည္း ေဒသတြင္း ေစ်းကြက္မ်ားအထိ ခ်ဲ႕ထြင္နိုင္ေရးကို အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္ရာ၌ ပိုမိုထိေရာက္ေစမည္ျဖစ္သည္။

ထို႔ေၾကာင့္ သြင္းကုန္၊ ပို႔ကုန္ လုပ္ငန္းရွင္မ်ား အေနျဖင့္ မည္သည့္ အဆင့္ထိ လိုက္ပါ ေဆာင္႐ြက္နိုင္ၿပီလဲဟူေသာ အခ်က္မ်ားကို လုပ္ငန္းရွင္မ်ားက သိရိွထားရန္ နွင့္ လိုက္ေလ်ာ ညီေထြျဖစ္ေအာင္ လုပ္ငန္းရွင္မ်ားဘက္ကလည္း ပူးေပါင္းပံ့ပိုးမႈမ်ား လုပ္ေပးရန္ လိုအပ္မည္ ဟုဆိုသည္။

ဘရူနိုင္း ၊ ကေမၻာဒီးယား ၊ အင္ဒိုနီးရွား ၊ မေလးရွား ၊ စင္ကာပူ ၊ ထိုင္းနွင့္ ဗီယက္နမ္နိုင္ငံ စသည့္ နိုင္ငံမ်ားနည္းတူ ျမန္မာနိုင္ငံအေနျဖင့္လည္း Asean Single Window စနစ္တြင္ ပါဝင္လာသည့္အတြက္ ပို႔ကုန္ ၊သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ Form-D ကို အဆင္ေျပလြယ္ကူစြာ ရရွိနိုင္၍ ေဖာင္ျဖည့္ နိုင္မည္ျဖစ္ကာ အခ်ိန္နွင့္ ကုန္က်စရိတ္ကိုလည္း ေလ်ာ့ခ်နိုင္မည္ျဖစ္သည္။

Leave a Reply