အသစ္တစ္ဖန္ေတာက္ပတဲ႔ ျမန္မာႏုိင္ငံျဖစ္ေအာင္ေဆာင္ရြက္ဖုိ႔ အသင့္ရွိတယ္လုိ႔ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒​ေျပာ

0
10

အသစ်တစ်ဖန်တောက်ပတဲ့ မြန်မာနိုင်ငံဖြစ်အောင်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော

အောက်တိုဘာ ၁၇
ပဉ္စမလှိုင်း

“ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အသစ်တစ်ဖန်တောက်ပလာတဲ့ မြန်မာနိုင်ငံဖြစ်အောင် အချိန်တိုတိုအတွင်းမှာ ဆောင်ရွက်နိုင်ဖို့ အသင့်ရှိတယ်လို့” ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် ယနေ့ ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ဒေသခံတဦးမှ လက်ရှိစီးပွားရေးကျဆင်းနေမှုအခြေအနေကို ပြည်ခိုင်ဖြိုးအစိုးရဖွဲ့နိုင်ပါက ဘယ်လိုဆောင်ရွက်သွားမလဲဆိုသည့် မေးမြန်မှုအား ပြန်လည်ဖြေကြားရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ခင်ဗျားတို့ ကျွန်တော်တို့အပါအဝင် ဒီနိုင်ငံရဲ့အခြေအနေကို အမြန်ဆုံး ထိန်းမတ်ပြီးတော့ မြန်မာနိုင်ငံကြီး ဒီထက်လျင်မြန်ပြီးတော့ လက်မထောင်နိုင်တဲ့ (Make Myanmar Great Again )အသစ်တဖန်မွေးဖွားလာတဲ့ တောက်ပတဲ့မြန်မာနိုင်ငံအဖြစ်အချိန်တိုတိုအတွင်းမှာ ပြန်ပြီးတော့ လုပ်နိုင်ပါတယ်။ ” လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြန်လည်ဖြေဆိုခဲ့သည်။

“ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လုပ်ခဲ့တဲ့အတွေ့အကြုံတွေအရ ပြည်သူလူထုအတွက် ကောင်းတဲ့ဟာတွေကို ပြန်ပြီးတော့ အသုံးချဆောင်ရွက်ဖို့အသင့်ရှိနေပြီး ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်ကလည်း ပြည်သူလူထုအတွက် အကျိုးရှိမယ့် စီမံဆောင်ရွက်မှုတွေကို သေချာစဉ်းစားပြီးတော့ စနစ်တကျလုပ်ခဲ့ဆောင်ရွက်ခဲ့တာတွေလည်းရှိခဲ့တယ်” လို့ ဆက်လက်ပြောဆိုခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက ဒီကနေ့ နိုင်ငံသားတွေကြုံတွေ့နေရတဲ့ အခွန်အခတွေက အဆင်မပြေဘူးဆိုတာသိတယ်။ သိတဲ့အတွက်ကြောင့် အဲဒီအခွန်အခ မူဝါဒတွေကို ပြန်ပြီးတော့ သုံးသပ်မယ်လို့ ပြောထားပါတယ်။ သုံးသပ်မယ်ဆိုတဲ့နေရာမှာ အခုတစ်ထောင်ကျနေတာကို နှစ်ရာကျတော့မယ် အတိအကျတော့ မပြောနိုင်ဘူး။သို့သော်အဆင်မပြေတာကို အဆင်ပြေအောင်တော့ ကျွန်တော်တို့ ပြန်လုပ်ပေးရမယ်” လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။

အဆိုပါလူငယ်၊ အမျိုးသမီးများတွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ် ဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ဒေါက်တာ အောင်မြတ်ဦး၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးညဏ်လင်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့ တက်ရောက်ခဲ့ကြသည်။

………………………………………………

(Zawgyi)

အသစ္တစ္ဖန္ေတာက္ပတဲ႔ ျမန္မာႏုိင္ငံျဖစ္ေအာင္ေဆာင္ရြက္ဖုိ႔ အသင့္ရွိတယ္လုိ႔ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒​ေျပာ

​ေအာက္တုိဘာ ၁၇
ပဥၥမလိႈင္​း

“ျပည္ခုိင္ၿဖိဳးပါတီအေနနဲ႔ အသစ္တစ္ဖန္ေတာက္ပလာတဲ႔ ျမန္မာႏုိင္ငံျဖစ္ေအာင္ အခ်ိန္တုိတုိအတြင္းမွာ ေဆာင္ရြက္ႏုိင္ဖုိ႔ အသင့္ရွိတယ္လုိ႔” ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌးမွ ေျပာဆုိခဲ့သည္။

ဧရာဝတီတုိင္းေဒသႀကီး ျမန္ေအာင္ၿမိဳ႕တြင္ ယ​ေန႔ ျပဳလုပ္ေသာ ျပည္ခုိင္ၿဖိဳးပါတီ လူငယ္၊ အမ်ိဳးသမီးပါတီဝင္မ်ားႏွင့္ ေတြ႔ဆံုပြဲတြင္ ေဒသခံတဦးမွ လက္ရွိစီးပြားေရးက်ဆင္းေနမႈအေျခအေနကုိ ျပည္ခုိင္ၿဖိဳးအစုိးရဖြဲ႔ႏုိင္ပါက ဘယ္လုိေဆာင္ရြက္သြားမလဲဆုိသည့္ ေမးျမန္မႈအား ျပန္လည္ေျဖၾကားရာတြင္ ေျပာဆုိခဲ့ျခင္းျဖစ္သည္။

“ခင္ဗ်ားတုိ႔ ကၽြန္ေတာ္တုိ႔အပါအဝင္ ဒီႏုိင္ငံရဲ႕အေျခအေနကုိ အျမန္ဆံုး ထိန္းမတ္ၿပီးေတာ့ ျမန္မာႏုိင္ငံႀကီး ဒီထက္လ်င္ျမန္ၿပီးေတာ့ လက္မေထာင္ႏုိင္တဲ႔ (Make Myanmar Great Again )အသစ္တဖန္ေမြးဖြားလာတဲ႔ ေတာက္ပတဲ႔ျမန္မာႏုိင္ငံအျဖစ္အခ်ိန္တုိတုိအတြင္းမွာ ျပန္ၿပီးေတာ့ လုပ္ႏုိင္ပါတယ္။ ” လုိ႔ ျပည္ခုိင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌးက ျပန္လည္ေျဖဆုိခဲ့သည္။

“ျပည္ခုိင္ၿဖိဳးပါတီအေနနဲ႔ လုပ္ခဲ႔တဲ႔အေတြ႕အႀကံဳေတြအရ ျပည္သူလူထုအတြက္ ေကာင္းတဲ႔ဟာေတြကို ျပန္ၿပီးေတာ့ အသံုးခ်ေဆာင္ရြက္ဖုိ႔အသင့္ရွိေနၿပီး ျပည္ခုိင္ၿဖိဳးပါတီအစုိးရလက္ထက္ကလည္း ျပည္သူလူထုအတြက္ အက်ိဳးရွိမယ့္ စီမံေဆာင္ရြက္မႈေတြကို ေသခ်ာစဥ္းစားၿပီးေတာ့ စနစ္တက်လုပ္ခဲ႔ေဆာင္ရြက္ခဲ႔တာေတြလည္းရွိခဲ႔တယ္” လုိ႔ ဆက္လက္ေျပာဆုိခဲ့သည္။

“လြန္ခဲ႔တဲ႔ ႏွစ္ႏွစ္ေက်ာ္ေလာက္ကတည္းက ဒီကေန႔ ႏုိင္ငံသားေတြႀကံဳေတြ႔ေနရတဲ႔ အခြန္အခေတြက အဆင္မေျပဘူးဆုိတာသိတယ္။ သိတဲ႔အတြက္ေၾကာင့္ အဲဒီအခြန္အခ မူဝါဒေတြကုိ ျပန္ၿပီးေတာ့ သံုးသပ္မယ္လုိ႔ ေျပာထားပါတယ္။ သံုးသပ္မယ္ဆုိတဲ႔ေနရာမွာ အခုတစ္ေထာင္က်ေနတာကုိ ႏွစ္ရာက်ေတာ့မယ္ အတိအက်ေတာ့ မေျပာႏုိင္ဘူး။သုိ႔ေသာ္အဆင္မေျပတာကုိ အဆင္ေျပေအာင္ေတာ့ ကၽြန္ေတာ္တုိ႔ ျပန္လုပ္ေပးရမယ္္” လုိ႔ ျပည္ခုိင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာၾကားခဲ့သည္။

အဆုိပါလူငယ္၊ အမ်ိဳးသမီးမ်ားေတြ႔ဆံုပြဲကုိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌးႏွင့္ပါတီဗဟိုအတြင္းေရးမွဴး ဦးသန္းထြန္း၊ ေဒါက္တာေဒၚစန္းစန္းႏြယ္ ဗဟိုအလုပ္မႈေဆာင္ ဦးဝဏၰေမာင္လြင္၊ ဦးလွသိန္း၊ ေဒါက္တာ ေအာင္ျမတ္ဦး၊ တိုင္းေဒသႀကီးပါတီ ဥကၠ႒ ဦးညဏ္လင္းႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား ပါတီေျပာေရး ဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးတို႔ တက္ေရာက္ခဲ့ၾကသည္​။

Leave a Reply