ေဒၚဥမၼာလိႈင္၏ သားႏွစ္ဦးအား တရားလိုျပ သက္ေသအျဖစ္မွ ပယ္ခ်ေပးရန္ ဥပေဒရံုးသို႔ တင္ျပထား

0
38

ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးအား တရားလိုပြ သက်သေအဖြစ်မှ ပယ်ချပေးရန် ဥပဒေရုံးသို့ တင်ပြထား

အောက်တိုဘာ ၂၁
ယဉ်ကေနွယ်

Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သား နှစ်ဦးဖြစ်သူကို ဗစ်တိုးရီးယား လေး၏ အမှုတွင် လိုပြသက်သေ အဖြစ် ပါဝင်နေမှုကို ကလေးများ၏ ကျန်းမာရေးမကောင်းသဖြင့် သက်သေအဖြစ်မှ ပယ်ချပေးရန် ဒေါ်ဥမ္မာလှိုင်မှ ဒက္ခိဏသီရိခရိုင်ဥပဒေရုံးသို့ တင်ပြထားကြောင်း သိရသည်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်အောင်ကြီး ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုပ္ဗသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

ထိုသို့ တရားစွဲဆိုထားသည့် အတွက် ယနေ့ ရုံးတော်တွင် ဒေါ်ဥမ္မာလှိုင်အား စစ်ဆေးမေးမြန်းခဲ့သည်။

ယင်းသို့ စစ်ဆေးမေးမြန်းချိန်တွင် ဒေါ်ဥမ္မာလှိုင်မှ အခက်ပါအတိုင်းထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယားလေး အမှုတွင် တရားလိုပြ သက်သေ ၂၇ ဦးကို ဒက္ခိသီရိခရိုင်တရားရုံးတွင် တင်သွင်းထားကြောင်းသိရသည်။

အဆိုပါ တရားလိုပြ သက်သေ ၂၇ ဦးကို ဒီဇင်ဘာလ တွင် အပြီးပြတ်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ဗစ်တီုးရီးယားလေး အမှု သည် ၈ ကြိမ်မြောက် ရုံးချိန်းပြီးစီးခဲ့ပြီး ကလေးငယ်လေး၏ ဖခင်၊မိခင်၊အဘွား၊ ဗစ်တိုးရီးယားလေး(ကိုယ်တိုင်)နှင့် ရပ်ကွက်လူကြီး ၂ ဦး ဒေါ်ဥမ္မာလှိုင်၏ အမျိုးသား နှင့် ကျောင်းမှ ယာဉ်မောင်းဝန်ထမ်း နှစ်ဦး စုစုပေါင်း၉ ဦးကို နှစ်ဖက်ရှေ့နေများမှ အပြန်အလှန်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးကြောင်း သိရသည်။

Zawgyi

ေဒၚဥမၼာလိႈင္၏ သားႏွစ္ဦးအား တရားလိုျပ သက္ေသအျဖစ္မွ ပယ္ခ်ေပးရန္ ဥပေဒရံုးသို႔ တင္ျပထား

ေအာက္တိုဘာ ၂၁
ယဥ္ေကႏြယ္

Wisdom Hill ေက်ာင္း၏ ေက်ာင္းႀကီးၾကပ္ေရးမႉးျဖစ္သူ ေဒၚဥမၼာလိႈင္၏ သား ႏွစ္ဦးျဖစ္သူကို ဗစ္တိုးရီးယား ေလး၏ အမႈတြင္ လိုျပသက္ေသ အျဖစ္ ပါဝင္ေနမႈကို ကေလးမ်ား၏ က်န္းမာေရးမေကာင္းသျဖင့္ သက္ေသအျဖစ္မွ ပယ္ခ်ေပးရန္ ေဒၚဥမၼာလွိုင္မွ ဒကၡိဏသီရိခ႐ိုင္ဥပေဒရံုးသို႔ တင္ျပထားေၾကာင္း သိရသည္။

ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့သည့္ ဗစ္တိုးရီးယားေလး၏ အမႈႏွင့္ ပတ္သက္ၿပီး သံသယ တရားခံဟု ယူဆထားသည့္ ယာဥ္ေမာင္ေအာင္ႀကီး ဘက္မွ အမႈလိုက္ပါေဆာင္ရြက္ေပးေနသည့္ တရားလႊတ္ေတာ္ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို Wisdom Hill ေက်ာင္းမွ ေက်ာင္းႀကီးၾကပ္ေရးမွဴးျဖစ္သူ ေဒၚဥမၼာလႈိင္မွ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၁၀၁ ျဖင့္ ပုပၺသီရိၿမိဳ႕နယ္တရားရံုးတြင္ တရားစြဲဆိုထားသည္။

ထိုသို့ တရားစြဲဆိုထားသည့္ အတြက္ ယေန႔ ရံုးေတာ္တြင္ ေဒၚဥမၼာလိႈင္အား စစ္ေဆးေမးျမန္းခဲ့သည္။

ယင္းသို႔ စစ္ေဆးေမးျမန္းခ်ိန္တြင္ ေဒၚဥမၼာလိႈင္မွ အခက္ပါအတိုင္းထြက္ဆိုခဲ့ျခင္းျဖစ္သည္။

ဗစ္တိုးရီးယားေလး အမႈတြင္ တရားလိုျပ သက္ေသ ၂၇ ဦးကို ဒကၡိသီရိခ႐ိုင္တရားရံုးတြင္ တင္သြင္းထားေၾကာင္းသိရသည္။

အဆိုပါ တရားလိုျပ သက္ေသ ၂၇ ဦးကို ဒီဇင္ဘာလ တြင္ အၿပီးျပတ္စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္႐ွိမွာ ဗစ္တီုးရီးယားေလး အမႈ သည္ ၈ ႀကိမ္ေျမာက္ ရံုးခ်ိန္းၿပီးစီးခဲ့ၿပီး ကေလးငယ္ေလး၏ ဖခင္၊မိခင္၊အဘြား၊ ဗစ္တိုးရီးယားေလး(ကိုယ္တိုင္)ႏွင့္ ရပ္ကြက္လူႀကီး ၂ ဦး ေဒၚဥမၼာလွိုင္၏ အမ်ိဳးသား ႏွင့္ ေက်ာင္းမွ ယာဥ္ေမာင္းဝန္ထမ္း ႏွစ္ဦး စုစုေပါင္း၉ ဦးကို ႏွစ္ဖက္ေရွ႕ေနမ်ားမွ အျပန္အလွန္စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေၾကာင္း သိရသည္။

Leave a Reply