ျမန္မာႏိုင္ငံတြင္ ပထမဦးဆံုး ကြင္းတြင္း လမ္းၾကမ္းဆိုင္ကယ္စီးၿပိဳင္ပြဲက်င္းပမည္

0
38

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကွင်းတွင်း လမ်းကြမ်းဆိုင်ကယ်စီးပြိုင်ပွဲကျင်းပမည်

အောက်တိုဘာ – ၂၁
နိုင်လင်းဦး

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကွင်းတွင်း လမ်းကြမ်းဆိုင်ကယ်စီးပြိုင်ပွဲကို Myanmar Free Rider က ဦးစီး၍ မန္တလေးမြို့အနီးရှိ 11 Mile MX Bike Park တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။

လမ်းကြမ်းဆိုင်ကယ်စီး ဝါသနာရှင် အများအပြားရှိနေပြီး အပျော်တမ်းစီးမှုများရှိသော်လည်း ပြိုင်ပွဲပုံစံမလုပ်ဖူးသည့်အတွက် အဆိုပါ ပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်း Myanmar Free Rider က သိရသည် ။

“အရင်နှစ်တွေတုန်းကလည်း ဒီလိုပုံစံပွဲမျိုးလုပ်တယ် ။ ဒီနှစ်မှာတော့ ပြိုင်ပွဲပုံစံနဲ့ ကြိုးစားပြီး လုပ်တာပါ။ အခက်အခဲတွေအများကြီးရှိတယ် ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပွဲမျိုးတွေ ပေါ်လာစေချင်တယ်။ ကျွန်တော်တို့လည်းဝါသနာပါတော့ ဒီပွဲလုပ်ဖြစ်သွားတယ်။´´ ဟု Myanmar Free Rider အား တည်ထောင်သူတစ်ဦးဖြစ်သည့် ကိုချမ်းလေး က ပြောသည်။

ပြိုင်ပွဲပြုလုပ်မည့် ကွင်းအရှည်မှာ တစ်မိုင်ရှိပြီး ကွင်းအတွင်း အတက်အဆင်းများ ၊ ချိုင့်ခွက်များ နှင့် နိုင်ငံတကာ အဆင့်မီပြုလုပ်ထားကာ ပြိုင်ပွဲ၌ Pro ၊ Master ၊ Beginner ဟူ၍ ခွဲခြား ယှဉ်ပြိုင်စေမည်ဖြစ်သည် ။

Pro နှင့် Master တန်းတွင် စီနီယာတန်း နှင့် ဂျူနီယာတန်း ယူ၍ ထပ်မံခွဲခြားပြီး စီနီယာတန်းအနေဖြင့် ကွင်းအား ၁၀ ပတ်၊ ဂျူနီယာတန်း အနေဖြင့် ကွင်းအား ၇ ပတ် ပတ်၍ စီးရမည်ဖြစ်ကာ Beginner တန်းတွင် ကွင်းအား ၅ ပတ် ပတ်ရမည်ဖြစ်ကြောင်း သိရသည် ။

စီနီယာတန်း နှင့် ဂျူနီယာ တန်းခွဲရန်အတွက် အောက်တိုဘာ ၂၆ ရက်နေ့တွင် စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြိုင်ပွဲကြီးပြုလုပ်သွားမည်ဖြစ်ကာ ဆုပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

ပြိုင်ပွဲဝင်လိုသည့် ကစားသမားများအနေဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့အထိ စာရင်းပေးနိုင်ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲဝင်စုစုပေါင်း ၆၀ ကျော်စာရင်းပေးထားကြောင်း Myanmar Free Rider က သိရသည် ။

photo – MFR

ျမန္မာႏိုင္ငံတြင္ ပထမဦးဆံုး ကြင္းတြင္း လမ္းၾကမ္းဆိုင္ကယ္စီးၿပိဳင္ပြဲက်င္းပမည္

ေအာက္တိုဘာ – ၂၁
ႏိုင္လင္းဦး

ျမန္မာႏိုင္ငံတြင္ ပထမဦးဆံုး ကြင္းတြင္း လမ္းၾကမ္းဆိုင္ကယ္စီးၿပိဳင္ပြဲကို Myanmar Free Rider က ဦးစီး၍ မႏၲေလးၿမိဳ႕အနီးရွိ 11 Mile MX Bike Park တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္ ။

လမ္းၾကမ္းဆိုင္ကယ္စီး ဝါသနာရွင္ အမ်ားအျပားရွိေနၿပီး အေပ်ာ္တမ္းစီးမႈမ်ားရွိေသာ္လည္း ၿပိဳင္ပြဲပံုစံမလုပ္ဖူးသည့္အတြက္ အဆိုပါ ၿပိဳင္ပြဲအား က်င္းပျခင္းျဖစ္ေၾကာင္း Myanmar Free Rider က သိရသည္ ။

“အရင္ႏွစ္ေတြတုန္းကလည္း ဒီလိုပံုစံပြဲမ်ိဳးလုပ္တယ္ ။ ဒီႏွစ္မွာေတာ့ ၿပိဳင္ပြဲပံုစံနဲ႔ ႀကိဳးစားၿပီး လုပ္တာပါ။ အခက္အခဲေတြအမ်ားႀကီးရွိတယ္ ။ ျမန္မာႏိုင္ငံမွာလည္း ဒီလိုပြဲမ်ိဳးေတြ ေပၚလာေစခ်င္တယ္။ ကြၽန္ေတာ္တို႔လည္းဝါသနာပါေတာ့ ဒီပြဲလုပ္ျဖစ္သြားတယ္။´´ ဟု Myanmar Free Rider အား တည္ေထာင္သူတစ္ဦးျဖစ္သည့္ ကိုခ်မ္းေလး က ေျပာသည္။

ၿပိဳင္ပြဲျပဳလုပ္မည့္ ကြင္းအရွည္မွာ တစ္မိုင္ရွိၿပီး ကြင္းအတြင္း အတက္အဆင္းမ်ား ၊ ခ်ိဳင့္ခြက္မ်ား ႏွင့္ ႏိုင္ငံတကာ အဆင့္မီျပဳလုပ္ထားကာ ၿပိဳင္ပြဲ၌ Pro ၊ Master ၊ Beginner ဟူ၍ ခြဲျခား ယွဥ္ၿပိဳင္ေစမည္ျဖစ္သည္ ။

Pro ႏွင့္ Master တန္းတြင္ စီနီယာတန္း ႏွင့္ ဂ်ဴနီယာတန္း ယူ၍ ထပ္မံခြဲျခားၿပီး စီနီယာတန္းအေနျဖင့္ ကြင္းအား ၁၀ ပတ္၊ ဂ်ဴနီယာတန္း အေနျဖင့္ ကြင္းအား ၇ ပတ္ ပတ္၍ စီးရမည္ျဖစ္ကာ Beginner တန္းတြင္ ကြင္းအား ၅ ပတ္ ပတ္ရမည္ျဖစ္ေၾကာင္း သိရသည္ ။

စီနီယာတန္း ႏွင့္ ဂ်ဴနီယာ တန္းခြဲရန္အတြက္ ေအာက္တိုဘာ ၂၆ ရက္ေန႔တြင္ စမ္းသပ္ေမာင္းႏွင္ျခင္းမ်ား ျပဳလုပ္မည္ျဖစ္ၿပီး ေအာက္တိုဘာ ၂၇ ရက္ေန႔တြင္ ၿပိဳင္ပြဲႀကီးျပဳလုပ္သြားမည္ျဖစ္ကာ ဆုေပးသြားမည္ျဖစ္ေၾကာင္း သိရသည္ ။

ၿပိဳင္ပြဲဝင္လိုသည့္ ကစားသမားမ်ားအေနျဖင့္ ေအာက္တိုဘာလ ၂၅ ရက္ေန႔အထိ စာရင္းေပးႏိုင္ၿပီး လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲဝင္စုစုေပါင္း ၆၀ ေက်ာ္စာရင္းေပးထားေၾကာင္း Myanmar Free Rider က သိရသည္ ။

photo – MFR

Leave a Reply