ကုန္ေဈးႏွုန္း အရပ္ရပ္အေပၚ မူတည္၍ အေျခခံ စပါးေဈး ၅ သိန္း သတ္မွတ္ျခင္းျဖစ္ဟုဆို

0
75

ကုန်ဈေးနှုန်း အရပ်ရပ်အပေါ် မူတည်၍ အခြေခံ စပါးဈေး ၅ သိန်း သတ်မှတ်ခြင်းဖြစ်ဟုဆို

အောက်တိုဘာ ၂၃
ဝေဝေဖြိုး

ကုန်ဈေးနှုန်း အရပ်ရပ်အပေါ် မူတည်၍ အခြေခံရည်ညွှန်းစပါးဈေးကို ယခင်နှစ်ကဲ့သို့ပင် ၅ သိန်း သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

ယခုလ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း (၂၀၁၉-၂၀၂၂) ဗဟိုအလုပ်အမှုဆောင် များနှင့် အလုပ်အမှုဆောင်များ၏ ၁/၂၀၁၉ အစည်းအဝေးတွင် ၎င်းကပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အားလုံးက အခြားကုန်ဈေးနှုန်း အရပ်ရပ်ပေါ် မူတည်ပြီးတော့ စပါးဈေးက တက်တာလည်း မကောင်းဘူး၊ ကျတာလည်း မကောင်းဘူး။ သိပ်တက်သွားလို့ တခြားဟာတွေ တက်သွားရင် တခြားဟာ ဈေးတစ်မျိုး ဝယ်ရမှာပဲ။ သိပ်ကျသွားရင်လည်း သူလည်း ဒုက္ခရောက်မှာပဲ။ အဓိကကတော့ သူလည်း ထုတ်လုပ်မှု စရိတ်ပေါ်မှာ မူတည်ပြီးတော့ အဆင်ပြေအောင်၊ နိုငငံတကာကို ရောင်းတဲ့အခါကျရင်လည်း အဆင်ပြေဖို့ပါ” ဟု ၎င်းက ပြောသည်။

အခြေခံ ဈေးအောက်တွင် ဖြစ်ပေါ်သော စပါးအမျိုးအစားများအတွက် သတ်မှတ် အရည်အသွေးစံနှုန်းနှင့် ကိုက်ညီပြီး အစိုဓါတ် ၁၄ ရာခိုင်နှုန်းရှိသော ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် ၅ သိန်းနှုန်းဖြင့် ဝယ်ယူပေးရန် အစိုးရက ယခုလ အောက်တိုဘာလ ၁၅ ရက်က ထုတ်ပြန် ကြေညာထားသည်။

“စပါးဈေး မသတ်မှတ်ခင် အချိန်တုန်းက ကျွန်တော်တို့က ရောင်းအား တစ်ခါမှ ရပ်သွားတယ်ဆိုတာ မရှိဘူး။ အခု စပါးဈေး သတ်မှတ်လိုက်တဲ့ အချိန်ကျတော့ နိုင်ငံတကာက သိတယ်။ မြန်မာပြည်မှာ စပါးထွက်လာပြီ ဆိုရင် ကုန်သည်တွေက အကုန် မဝယ်နိုင်ဘူး။ အဲ့အချိန်ကျ သူတို့က အောက်ဈေးနဲ့ လာနှိုက်ပြီး ဝယ်ကြတယ်။ အဲ့လိုဝယ်ကြတော့ သတ်မှတ်ဈေး မရှိတဲ့အခါ ဈေးတွေက ကမောက်ကမ ဖြစ်လာတယ်။ အခုကတော့ ဈေးက ကမောက်ကမ မဖြစ်နိုင်ဘူး။ ၅ သိန်း သတ်မှတ်တယ်ဆိုရင်၊ ၅ သိန်း စပါးဆိုတာက ပေါ်ပေါ်ချင်းပဲဖြစ်တာ။ နောက်ဆိုရင်တော့ ဒီစပါးတွေဟာ သူ့ဟာနဲ့သူ ယနေ့ပေါက်ဈေးတွေ အနေနဲ့ ၅ သိန်းကျော်၊ ၆ သိန်း ဖြစ်လာလိမ့်မယ်” ဦးကျော်ဝင်းကပြောသည်။

ယခုကဲ့သို့ အခြေခံရည်ညွှန်း စပါးဈေး သတ်မှတ်ခြင်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့ရာတွင်လည်း စပါးဈေး ကျဆင်းချိန်တွင် ဝယ်ယူရေး အပိုင်း၌ အခက်အခဲများ ရှိခဲ့သည့်အပြင် ၂၀၁၉ ခုနှစ်၊ နွေစပါးပေါ်ချိန်တွင်လည်း စပါးဈေး ကျဆင်းခဲ့သည့်အတွက် အခြေခံစပါးဈေးဖြင့် ဝယ်ယူမည်ဟု လယ်သမားများက မျှော်လင့်ခဲ့ သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။

စပါးအခြေခံ ဈေးနှုန်းကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ ဦးဆောင်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခု ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စွဲဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က ဦးဆောင်၍ အစိုဓာတ် ၁၄ ရာခိုင်နှုန်းပါ ၄၆ ပေါင်ကိုက် စပါး တင်း ၁၀၀ လျှင် ကျပ် ငါးသိန်းဖြင့် ဝယ်ယူပေးရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခု ဒုတိယအကြိမ် ထုတ်ပြန်လိုက်သည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းသည် ၂၀၁၉ ခုနှစ် မိုးစပါး အသစ်နှင့် ၂၀၂၀ ခုနှစ် နွေစပါး သီးနှံတို့အတွက် အကျုံးဝင်မည် ဖြစ်သည်။

ထို့ပြင် စပါးဈေးနှုန်းသည် တစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ကျဆင်းသွားပါက အစိုးရမှ ကျပ် ၁၅ ဘီလီယံ စိုက်ထုတ် အသုံးပြုကာ ဝယ်ယူပေးသွားမည်ဟု ကတိကဝတ် ရရှိထား ကြောင်း ဆန်စပါး ကုန်သည်များထံမှ သိရသည်။

” ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးကို တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေကနေတဆင့် နိုင်ငံတော်ကနေ ရန်ပုံငွေ ချထားပေးတယ်။ စပါးဈေး ငါးသိန်းအောက် ရောက်သွားတာနဲ့ ဝယ်ယူပေးဖို့ အတွက် စီမံချက်ထားဆောင်ရွက်ဖို့ ရေးဆွဲနေပြီ။ အခုလို စီစဉ်ရခြင်းကလည်း ပြီးခဲ့တဲ့နှစ်က စပါး ဝယ်ယူရေး အဖွဲ့များ ဖွဲ့ထားခဲ့ပေမယ့် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိတဲ့အတွက် အရင်နှစ်က အတွေ့အကြုံကို ယူပြီး အခုနှစ်မှာ အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဆန်ကုန်သည် ဦးစိုးဝင်းက ပြောသည်။

လက်ရှိ မိုးစပါးအသစ်၏ ပေါက်ဈေးသည် နေရာဒေသနှင့် စပါးအမျိုးအစားအပေါ် မူတည်၍ တင်း ၁၀၀ လျှင် ပျှမ်းမျှ ၄၅၀၀၀၀ ကျပ်မှ ၅၂၀၀၀၀ ကျပ်ကြား ဈေးရှိနေပြီး ပြည်၊ ပုသိမ်၊ ပဲခူး၊ ရွှေဘို၊ စစ်တွေ မြို့နယ်တို့ရှိ ဧည့်မထ အုပ်စုဝင် စပါး တင်း၁၀၀ လျှင် အနိမ့်ဆုံး ဈေးနှုန်းမှာ ၄၈၀၀၀၀ ကျပ်မှ အမြင့်ဆုံး ဈေး ၆၅၀၀၀၀ ကျပ်ထိ ရှိနေကြောင်း သိရသည်။

……………………………………………….

(Zawgyi)

ကုန္ေဈးႏွုန္း အရပ္ရပ္အေပၚ မူတည္၍ အေျခခံ စပါးေဈး ၅ သိန္း သတ္မွတ္ျခင္းျဖစ္ဟုဆို

ေအာက္တိုဘာ ၂၃
ေဝေဝၿဖိဳး

ကုန္ေဈးႏႈန္း အရပ္ရပ္အေပၚ မူတည္၍ အေျခခံရည္ညႊန္းစပါးေဈးကို ယခင္ႏွစ္ကဲ့သို႔ပင္ ၅ သိန္း သတ္မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ျမန္မာနို္င္ငံ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေက်ာ္ဝင္းက ေျပာသည္။

ယခုလ ၂၂ ရက္က ကုန္သည္စက္မႈအသင္းခ်ဳပ္၌ ျပဳလုပ္သည့္ ျမန္မာနို္င္ငံ ဆန္စက္ လုပ္ငန္းရွင္မ်ား အသင္း (၂၀၁၉-၂၀၂၂) ဗဟိုအလုပ္အမွုေဆာင္ မ်ားႏွင့္ အလုပ္အမွုေဆာင္မ်ား၏ ၁/၂၀၁၉ အစည္းအေဝးတြင္ ၎ကေျပာဆိုခဲ့ျခင္း ျဖစ္သည္။

“အားလုံးက အျခားကုန္ေဈးႏွုန္း အရပ္ရပ္ေပၚ မူတည္ၿပီးေတာ့ စပါးေဈးက တက္တာလည္း မေကာင္းဘူး၊ က်တာလည္း မေကာင္းဘူး။ သိပ္တက္သြားလို႔ တျခားဟာေတြ တက္သြားရင္ တျခားဟာ ေဈးတစ္မ်ိဳး ဝယ္ရမွာပဲ။ သိပ္က်သြားရင္လည္း သူလည္း ဒုကၡေရာက္မွာပဲ။ အဓိကကေတာ့ သူလည္း ထုတ္လုပ္မႈ စရိတ္ေပၚမွာ မူတည္ၿပီးေတာ့ အဆင္ေျပေအာင္၊ နို္ငငံတကာကို ေရာင္းတဲ့အခါက်ရင္လည္း အဆင္ေျပဖို႔ပါ” ဟု ၎က ေျပာသည္။

အေျခခံ ေဈးေအာက္တြင္ ျဖစ္ေပၚေသာ စပါးအမ်ိဳးအစားမ်ားအတြက္ သတ္မွတ္ အရည္အေသြးစံႏွုန္းႏွင့္ ကိုက္ညီၿပီး အစိုဓါတ္ ၁၄ ရာခိုင္ႏွုန္းရွိေသာ ၄၆ ေပါင္ကိုက္ စပါးတင္း ၁၀၀ လၽွင္ ၅ သိန္းႏွုန္းျဖင့္ ဝယ္ယူေပးရန္ အစိုးရက ယခုလ ေအာက္တိုဘာလ ၁၅ ရက္က ထုတ္ျပန္ ေၾကညာထားသည္။

“စပါးေဈး မသတ္မွတ္ခင္ အခ်ိန္တုန္းက ကၽြန္ေတာ္တို႔က ေရာင္းအား တစ္ခါမွ ရပ္သြားတယ္ဆိုတာ မရွိဘူး။ အခု စပါးေဈး သတ္မွတ္လိုက္တဲ့ အခ်ိန္က်ေတာ့ နိုင္ငံတကာက သိတယ္။ ျမန္မာျပည္မွာ စပါးထြက္လာၿပီ ဆိုရင္ ကုန္သည္ေတြက အကုန္ မဝယ္နိုင္ဘူး။ အဲ့အခ်ိန္က် သူတို႔က ေအာက္ေဈးနဲ႔ လာႏွိုက္ၿပီး ဝယ္ၾကတယ္။ အဲ့လိုဝယ္ၾကေတာ့ သတ္မွတ္ေဈး မရွိတဲ့အခါ ေဈးေတြက ကေမာက္ကမ ျဖစ္လာတယ္။ အခုကေတာ့ ေဈးက ကေမာက္ကမ မျဖစ္နိုင္ဘူး။ ၅ သိန္း သတ္မွတ္တယ္ဆိုရင္၊ ၅ သိန္း စပါးဆိုတာက ေပၚေပၚခ်င္းပဲျဖစ္တာ။ ေနာက္ဆိုရင္ေတာ့ ဒီစပါးေတြဟာ သူ႔ဟာနဲ႔သူ ယေန႔ေပါက္ေဈးေတြ အေနနဲ႔ ၅ သိန္းေက်ာ္၊ ၆ သိန္း ျဖစ္လာလိမ့္မယ္” ဦးေက်ာ္ဝင္းကေျပာသည္။

ယခုကဲ့သို႔ အေျခခံရည္ညႊန္း စပါးေဈး သတ္မွတ္ျခင္းကို ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က ျပဳလုပ္ခဲ့ရာတြင္လည္း စပါးေဈး က်ဆင္းခ်ိန္တြင္ ဝယ္ယူေရး အပိုင္း၌ အခက္အခဲမ်ား ရွိခဲ့သည့္အျပင္ ၂၀၁၉ ခုႏွစ္၊ ေႏြစပါးေပၚခ်ိန္တြင္လည္း စပါးေဈး က်ဆင္းခဲ့သည့္အတြက္ အေျခခံစပါးေဈးျဖင့္ ဝယ္ယူမည္ဟု လယ္သမားမ်ားက ေမၽွာ္လင့္ခဲ့ ေသာ္လည္း အေကာင္အထည္ ေဖာ္နိုင္ျခင္း မရွိခဲ့ေပ။

စပါးအေျခခံ ေဈးႏွုန္းကို ပထမအႀကိမ္အျဖစ္ ၂၀၁၈ ခုႏွစ္ မတ္လအတြင္းက ျမန္မာနိုင္ငံ ဆန္စပါးအသင္း ခ်ဳပ္မွ ဦးေဆာင္၍ ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး ယခု ဒုတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္ စြဲျဖင့္ ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြား ျမႇင့္တင္ေရး ဦးေဆာင္အဖြဲ႕က ဦးေဆာင္၍ အစိုဓာတ္ ၁၄ ရာခိုင္ႏွုန္းပါ ၄၆ ေပါင္ကိုက္ စပါး တင္း ၁၀၀ လၽွင္ က်ပ္ ငါးသိန္းျဖင့္ ဝယ္ယူေပးရန္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ယခု ဒုတိယအႀကိမ္ ထုတ္ျပန္လိုက္သည့္ အေျခခံရည္ညႊန္း စပါးေဈးႏွုန္းသည္ ၂၀၁၉ ခုႏွစ္ မိုးစပါး အသစ္ႏွင့္ ၂၀၂၀ ခုႏွစ္ ေႏြစပါး သီးႏွံတို႔အတြက္ အက်ဳံးဝင္မည္ ျဖစ္သည္။

ထို႔ျပင္ စပါးေဈးႏွုန္းသည္ တစ္ဧက ထုတ္လုပ္မွု ကုန္က်စရိတ္ေအာက္ က်ဆင္းသြားပါက အစိုးရမွ က်ပ္ ၁၅ ဘီလီယံ စိုက္ထုတ္ အသုံးျပဳကာ ဝယ္ယူေပးသြားမည္ဟု ကတိကဝတ္ ရရွိထား ေၾကာင္း ဆန္စပါး ကုန္သည္မ်ားထံမွ သိရသည္။

” ပဲခူးတိုင္းေဒသႀကီးနဲ႔ ဧရာဝတီတိုင္းေဒသႀကီးကို တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ေတြကေနတဆင့္ ႏိုင္ငံေတာ္ကေန ရန္ပံုေငြ ခ်ထားေပးတယ္။ စပါးေစ်း ငါးသိန္းေအာက္ ေရာက္သြားတာနဲ႔ ဝယ္ယူေပးဖို႔ အတြက္ စီမံခ်က္ထားေဆာင္ရြက္ဖို႔ ေရးဆြဲေနၿပီ။ အခုလို စီစဥ္ရျခင္းကလည္း ၿပီးခဲ့တဲ့ႏွစ္က စပါး ဝယ္ယူေရး အဖြဲ႕မ်ား ဖြဲ႕ထားခဲ့ေပမယ့္ အေကာင္အထည္ ေဖာ္ႏိုင္ခဲ့ျခင္း မရိွတဲ့အတြက္ အရင္နွစ္က အေတြ႕အႀကံဳကို ယူၿပီး အခုနွစ္မွာ အေကာင္းဆံုး ျပင္ဆင္မႈေတြ ျပဳလုပ္ေနပါတယ္”ဟု ဧရာဝတီတိုင္းေဒသႀကီး ဆန္ကုန္သည္ ဦးစိုးဝင္းက ေျပာသည္။

လက္ရွိ မိုးစပါးအသစ္၏ ေပါက္ေဈးသည္ ေနရာေဒသႏွင့္ စပါးအမ်ိဳးအစားအေပၚ မူတည္၍ တင္း ၁၀၀ လၽွင္ ပၽွမ္းမၽွ ၄၅၀၀၀၀ က်ပ္မွ ၅၂၀၀၀၀ က်ပ္ၾကား ေဈးရွိေနၿပီး ျပည္၊ ပုသိမ္၊ ပဲခူး၊ ေရႊဘို၊ စစ္ေတြ ၿမိဳ႕နယ္တို႔ရွိ ဧည့္မထ အုပ္စုဝင္ စပါး တင္း၁၀၀ လၽွင္ အနိမ့္ဆုံး ေဈးႏွုန္းမွာ ၄၈၀၀၀၀ က်ပ္မွ အျမင့္ဆုံး ေဈး ၆၅၀၀၀၀ က်ပ္ထိ ရွိေနေၾကာင္း သိရသည္။

Leave a Reply