
0
65

ကျောင်းဆရာမ နှစ်ဦးနှင့် CCTV တာဝန်ခံကို စစ်ဆေးမေးမည့် ဗစ်တိုးရီးယားအမှု ၉ ကြိမ်မြောက်ရုံးချိန်း

အောက်တိုဘာ ၂၃
ယဉ်ကေနွယ်

ဗစ်တိုးရီးယား၏ အမှု ၉ ကြိမ်မြောက်ရုံးချိန်း ကို ယနေ့တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး Wisdom Hill ကျောင်းမှ ဆရာမနှစ်ဦး နှင့် CCTV မှတ်တမ်းတာဝန်ခံ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“CCTV သိမ်းတဲ့ ပုဂ္ဂိုလ်ကိုတော့ မေးရာတွေ တော်တော်များပါတယ်။အာမခံ အတွက်ကိုတော့ ကျွန်တော်တို့က အကောင်းဆုံးကို မျှော်လင့်ပြီးတော့ အဆိုးဆုံးကိုလည်းမျှော်လင့်ထားပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

ယနေ့ ရုံးချိန်းမှာတော့ အောင်ကြီးအတွက် အာမခံရပေးမပေးကိုတော့ ရုံးတော်မှ အမိန့်ချပေးမည်ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ဗစ်တိုးရီးယားလေး ၏ ၈ ကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ အမျိုးသား ရဲအုပ်( အောင်ကြီးကို အလုပ်ခန့်သည့် ကားပိုင်ရှင်) နှင့်ကျောင်း၏ ယာဉ်မောင်း ၂ ဦး ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့သည်။

………………………………………

(Zaegyi)


အောက်တိုဘာ ၂၃
ယဉ်ကေနွယ်





Leave a Reply