ေဒၚဥမၼာလိႈင္မွ သားႏွစ္ေယာက္ကို သက္ေသအျဖစ္ ပယ္ဖ်က္ေပးရန္ လွ်ာက္ထားမႈအား ဗစ္တိုးရီးယားမိခင္ ျဖစ္သူက ကန္႔ကြက္ေၾကာင္း ေလ်ွာက္လႊာတင္

0
68

ဒေါ်ဥမ္မာလှိုင်မှ သားနှစ်ယောက်ကို သက်သေအဖြစ် ပယ်ဖျက်ပေးရန် လျှာက်ထားမှုအား ဗစ်တိုးရီးယားမိခင် ဖြစ်သူက ကန့်ကွက်ကြောင်း လျှောက်လွှာတင်

အောက်တိုဘာ ၂၂
ယဉ်ကေနွယ်

Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ယောက်ကို ဗစ်တိုးရီးယား၏ အမှုတွင် တရားလိုပြသက်သေ အဖြစ်ပါဝင်နေမှုနှင့်ပတ်သက်ပြီး ကျန်းမားရေးအခြေအနေအရ သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် မိခင်ဖြစ်သူက ဒက္ခိဏသီရိခရိုင်ဥပဒေရုံးသို့ လျှောက်ထားကြောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က အောင်ကြီး၏ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲထားသည့် အမှုရုံးချိန်းတွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပယ်ဖျက်ပေးရန် လျှောက်ထားကြောင်း ထွက်ဆိုခဲ့မှု အပေါ် ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူမှ ယနေ့တွင် ကန့်ကွက်ကြောက်း လျောက်လွှာတင်ခဲ့ကြောင်း ယင်းအမှုတွင် ကူညီဆောင်ရွက်ပေးနေသည့် သက္ကမိုးညိုအကောင့်ပိုင်ရှင်ဖြစ် ဒေါက်တာဝင်းကိုကိုသိန်းကပြောသည်။

” အဲဒီလျှောက်လွှာလေး အခု ခရိုင်ဥပဒေအရာရှိဆီ လာတင်တာပေါ့။ ခရိုင်ဥပဒေအရာရှိနဲ့လည်း မတွေ့ခဲ့ဘူး။ ဒါပေမယ့် ဒီလျှောက်လွှာလေးကို ပေးခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အနေနဲ့ဆိုတာက တရားလို အနေနဲ့ ဒီလိုမျိုးပယ်ဖျက်ဖို့ လက်မခံဘူးဆိုတဲ့အကြောင်း ကန့်ကွက်တဲ့ လျှောက်လွှာပါ။ ဒေါ်ဥမ္မာလှိုင်သည် နစ်နာ သူမဟုတ်ဘူးလေ ဒီအမှုမှာ၊ ဒီအမှုမှာ နစ်နာသူကနေပြီးကာမှ နစ်နာသူက အခုနကပြောသလို ကလေးရဲ့ မိခင်အနေနဲ့ လျှောက်ထားတာပေါ့ ကလေးကလည်း နစ်နာသူဖြစ်တယ်ပေါ့။ သူကအဲလိုလျှောက်ထားခွင့်မရှိဘူးပေါ့။ မရှိတဲ့အပြင် နောက်တစ်ခုက ဘာလည်းဆိုတော့ ဒီကလေးနှစ်ယောက်ဟာ အရေးကြီးတဲ့ တရားလိုပြသက်သေတွေဖြစ်နေတယ်။ အဲဒါကြောင့် သူ့ကို ပယ်ဖျက်ဖို့ရာအတွက် အဆင်မပြေဘူးပေါ့။ သူတို့ဟာတော်တော်အရေးကြီးတဲ့ သက်သေတွေဖြစ်နေ တဲ့အတွက်ကြောင့် ဆက်လက်မေးမြန်းခွင့်ပြုဖို့ ဆိုပြီး လျှောက်ထားခဲ့တာပါ။ ဗစ်တိုးရီးယား မိခင်က လျှောက်ထားခဲ့တာ ပါ” ဟု ဒေါက်တာဝင်းကိုကိုသိန်း ကပြောသည်။

ထိုကဲ့သို့လျှောက်လွှာ တင်သွင်းမှု အပေါ် ခရိုင်ဥပဒေအရာရှိနှင့် တိုက်ရိုက်မတွေ့ခဲ့ရသည့် အတွက် မသိခဲ့ရကြောင်း ၎င်း ကပြောသည်။

ဗစ်တိုးရီးယားလေး အမှုတွင် တရားလိုပြ သက်သေ ၂၇ ဦးကို ဒက္ခိသီရိခရိုင်တရားရုံးတွင် တင်သွင်းထားကြောင်းသိရသည်။

အဆိုပါ တရားလိုပြ သက်သေ ၂၇ ဦးကို ဒီဇင်ဘာလ တွင် အပြီးပြတ်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗစ်တိုးရီးယား၏ အမှု ၉ ကြိမ်မြောက်ရုံးချိန်းကိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့တွင် ကျောင်နဲှ ဆရာမနှစ်ဦးနှင့် CCTV မှတ်တမ်းတာဝန်ခံ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

……………………………………………..

(Zawgyi)

ေဒၚဥမၼာလိႈင္မွ သားႏွစ္ေယာက္ကို သက္ေသအျဖစ္ ပယ္ဖ်က္ေပးရန္ လွ်ာက္ထားမႈအား ဗစ္တိုးရီးယားမိခင္ ျဖစ္သူက ကန္႔ကြက္ေၾကာင္း ေလ်ွာက္လႊာတင္

​ေအာက္တိုဘာ ၂၂
ယဥ္​​ေကႏြယ္​

Wisdom Hill ေက်ာင္း၏ ေက်ာင္းႀကီးၾကပ္ေရးမႉးျဖစ္သူ ေဒၚဥမၼာလိႈင္၏ သားႏွစ္ေယာက္ကို ဗစ္တိုးရီးယား၏ အမႈတြင္ တရားလိုျပသက္ေသ အျဖစ္ပါဝင္ေနမႈႏွင့္ပတ္သက္ၿပီး က်န္းမားေရးအေျခအေနအရ သက္ေသအျဖစ္မွ ပယ္ဖ်က္ေပးရန္ မိခင္ျဖစ္သူက ဒကၡိဏသီရိခ႐ိုင္ဥပေဒရံုးသို႔ ေလ်ွာက္ထားေၾကာင္းကို ေအာက္တိုဘာလ ၂၁ ရက္ေန႔က ေအာင္ႀကီး၏ေ႐ွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ ေ႐ွ႕ေန ေဒၚစုဒါလီေအာင္ကို တရားစြဲထားသည့္ အမႈရံုးခ်ိန္းတြင္ ထြက္ဆိုခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ပယ္ဖ်က္ေပးရန္ ေလ်ွာက္ထားေၾကာင္း ထြက္ဆိုခဲ့မႈ အေပၚ ဗစ္တိုးရီးယား၏ မိခင္ျဖစ္သူမွ ယေန႔တြင္ ကန္႔ကြက္ေၾကာက္း ေလ်ာက္လႊာတင္ခဲ့ေၾကာင္း ယင္းအမႈတြင္ ကူညီေဆာင္ရြက္ေပးေနသည့္ သကၠမိုးညိဳအေကာင့္ပိုင္႐ွင္ျဖစ္ ေဒါက္တာဝင္းကိုကိုသိန္းကေျပာသည္။

” အဲဒီေလွ်ာက္လႊာေလး အခု ခရိုင္ဥပေဒအရာရွိဆီ လာတင္တာေပါ့။ ခရိုင္ဥပေဒအရာရွိနဲ႔လည္း မေတြ႕ခဲ့ဘူး။ ဒါေပမယ့္ ဒီေလွ်ာက္လႊာေလးကို ေပးခဲ့ပါတယ္။ အဓိကကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ကၽြန္ေတာ္တို႔အေနနဲ႔ဆုိတာက တရားလို အေနနဲ႔ ဒီလုိမ်ဳိးပယ္ဖ်က္ဖို႔ လက္မခံဘူးဆုိတဲ့အေၾကာင္း ကန္႔ကြက္တဲ့ ေလွ်ာက္လႊာပါ။ ေဒၚဥမၼာလိႈင္သည္ နစ္နာ သူမဟုတ္ဘူးေလ ဒီအမႈမွာ၊ ဒီအမႈမွာ နစ္နာသူကေနၿပီးကာမွ နစ္နာသူက အခုနကေျပာသလို ကေလးရဲ႕ မိခင္အေနနဲ႔ ေလွ်ာက္ထားတာေပါ့ ကေလးကလည္း နစ္နာသူျဖစ္တယ္ေပါ့။ သူကအဲလိုေလွ်ာက္ထားခြင့္မရွိဘူးေပါ့။ မရွိတဲ့အျပင္ ေနာက္တစ္ခုက ဘာလည္းဆုိေတာ့ ဒီကေလးႏွစ္ေယာက္ဟာ အေရးႀကီးတဲ့ တရားလိုျပသက္ေသေတြျဖစ္ေနတယ္။ အဲဒါေၾကာင့္ သူ႔ကို ပယ္ဖ်က္ဖို႔ရာအတြက္ အဆင္မေျပဘူးေပါ့။ သူတုိ႔ဟာေတာ္ေတာ္အေရးႀကီးတဲ့ သက္ေသေတြျဖစ္ေန တဲ့အတြက္ေၾကာင့္ ဆက္လက္ေမးျမန္းခြင့္ျပဳဖို႔ ဆုိၿပီး ေလွ်ာက္ထားခဲ့တာပါ။ ဗစ္တိုးရီးယား မိခင္က ေလွ်ာက္ထားခဲ့တာ ပါ” ဟု ေဒါက္တာဝင္းကိုကိုသိန္း ကေျပာသည္။

ထိုကဲ့သို႔ေလ်ွာက္လႊာ တင္သြင္းမႈ အေပၚ ခ႐ိုင္ဥပေဒအရာ႐ွိႏွင့္ တိုက္႐ိုက္မေတြ႔ခဲ့ရသည့္ အတြက္ မသိခဲ့ရေၾကာင္း ၎ ကေျပာသည္။

ဗစ္တိုးရီးယားေလး အမႈတြင္ တရားလိုျပ သက္ေသ ၂၇ ဦးကို ဒကၡိသီရိခ႐ိုင္တရားရံုးတြင္ တင္သြင္းထားေၾကာင္းသိရသည္။

အဆိုပါ တရားလိုျပ သက္ေသ ၂၇ ဦးကို ဒီဇင္ဘာလ တြင္ အၿပီးျပတ္စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဗစ္တိုးရီးယား၏ အမႈ ၉ ႀကိမ္ေျမာက္ရံုးခ်ိန္းကိုေတာ့ ေအာက္တိုဘာလ ၂၃ ရက္ေန႔တြင္ ျပဳလုပ္သြားမည္ျဖစ္ၿပီး ယင္းေန႔တြင္ ေက်ာင္ႏဲွ ဆရာမႏွစ္ဦးနွင့္ CCTV မွတ္တမ္းတာ၀န္ခံ ကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Leave a Reply