AA လက္နက္ကိုင္အဖြဲ႕ဝင္မ်ား ႏွင့္ ၄င္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သူ (၆) ဦးအား ရံုးထုတ္စစ္ေဆး

0
56

AA လက်နက်ကိုင်အဖွဲ့ဝင်များ နှင့် ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သူ (၆) ဦးအား ရုံးထုတ်စစ်ဆေး

အောက်တိုဘာ ၂၃

နိုင်လင်းဦး

AA လက်နက်ကိုင်အဖွဲ့ဝင်များ နှင့် ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သူ (၆) ဦးအား မန္တလေးခရိုင်တရားရုံးတွင် အောက်တိုဘာလ ၂၂ ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားခံပြေးအမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့သည် ။

ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ကွဲဖျက်ဆီးရာတွင်အသုံးပြုသောပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် အမှုနှင့်ပတ်သက်၍ နောက်ထပ် (၂) ဦး ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန် (၃) ဦးကျန်ရှိနေကာ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည် ။

“အမှုနဲ့ ပတ်သက်ပြီး ဒီနေ့က ဖမ်းဝရမ်းအတည်ပြုတဲ့ ရဲအရာရှိနှစ်ယောက်နဲ့ အရပ်ဖက် သက်သေ နှစ်ယောက်ကို စစ်ဆေးတယ်။´´ ဟု မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ် က ပြောသည်။

အမှုအား နိုဝင်ဘာလ ၄ ရက်နေ့တွင် ရုံးချိန်းပေးခဲ့ပြီး အမှုအား မည်ကဲ့သို့ စစ်ဆေးမည်ဆိုသည့်အကြောင်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အစည်းအဝေးလုပ်မည်ဖြစ်ကြောင်း သိရသည် ။

ဖမ်းဆီးရမိသူများနှင့်အတူ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။

တရားရုံးစွဲတင်သည့် ဖမ်းဆီးရမိသူများမှာ AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ကြောင်း သိရသည် ။

တရားခံပြေးသုံးဦးမှာ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင်တရားရုံး၏ ရာဇဝတ် အထွေထွေမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံထားကြောင်း သိရသည် ။

ဖမ်းဆီးရမိသူများကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံးစွဲတင်ခြင်းဖြစ်သည် ။

…………………………………

(Zawgyi)

AA လက္နက္ကိုင္အဖြဲ႕ဝင္မ်ား ႏွင့္ ၄င္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သူ (၆) ဦးအား ရံုးထုတ္စစ္ေဆး

ေအာက္တိုဘာ ၂၃

ႏိုင္လင္းဦး

AA လက္နက္ကိုင္အဖြဲ႕ဝင္မ်ား ႏွင့္ ၄င္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သူ (၆) ဦးအား မႏၲေလးခရိုင္တရားရံုးတြင္ ေအာက္တိုဘာလ ၂၂ ရက္ေန႔က ရံုးထုတ္ခဲ့ၿပီး တရားခံေျပးအမႈႏွင့္ပတ္သက္၍ စစ္ေဆးမႈမ်ားေဆာင္ရြက္ခဲ့သည္ ။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ (၅) ရပ္ကြက္ရွိ လမ္း ၇၀၊ ဒႆနလမ္းရွိ ေနအိမ္တစ္ခုတြင္ အမ်ဳိးသား (၄) ဦးႏွင့္အတူ ေဖာက္ကြဲဖ်က္ဆီးရာတြင္အသံုးျပဳေသာပစၥည္းမ်ားႏွင့္ ဆက္သြယ္ေရးပစၥည္းမ်ားကို စက္တင္ဘာလ ၁၀ ရက္ေန႔ နံနက္ပိုင္းအခ်ိန္က ဖမ္းဆီးရမိခဲ့သည္။ ထို႔ေနာက္ အမႈႏွင့္ပတ္သက္၍ ေနာက္ထပ္ (၂) ဦး ကို ဆက္လက္ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရန္ (၃) ဦးက်န္ရွိေနကာ တရားခံေျပးအျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္ ။

“အမႈနဲ႔ ပတ္သက္ၿပီး ဒီေန႔က ဖမ္းဝရမ္းအတည္ျပဳတဲ့ ရဲအရာရွိႏွစ္ေယာက္နဲ႔ အရပ္ဖက္ သက္ေသ ႏွစ္ေယာက္ကို စစ္ေဆးတယ္။´´ ဟု မႏၲေလးခရိုင္တရားရံုး သတင္းျပန္ၾကားေရးအရာရွိ ေဒၚမာလာထြဋ္ က ေျပာသည္။

အမႈအား ႏိုဝင္ဘာလ ၄ ရက္ေန႔တြင္ ရံုးခ်ိန္းေပးခဲ့ၿပီး အမႈအား မည္ကဲ့သို႔ စစ္ေဆးမည္ဆိုသည့္အေၾကာင္း မႈခင္းစီမံခန္႔ခြဲမႈအစီအစဥ္ အစည္းအေဝးလုပ္မည္ျဖစ္ေၾကာင္း သိရသည္ ။

ဖမ္းဆီးရမိသူမ်ားႏွင့္အတူ သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားမွာ THLIRAYA XT-ITTE. Satellite Phone (အသစ္) အလံုး (၄၀)၊ မွန္ေျပာင္း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ္းတုံးဟုယူဆရေသာ အထုပ္(၂၈)ထုပ္၊ ဒီတိုနီတာ ၁၀၀ ထုပ္ပါ (၁၀) ခု၊ ဖေယာင္းေခ်ာင္း (၃၅) ေခ်ာင္း၊ စကၠဴျဖဴ ၁၅ လိပ္ပါ (၃)ထုပ္၊ ယမ္းျဖဴဟုယူဆရေသာ (ဆာလာအိတ္ျဖင့္ထည့္လ်က္) ၅ အိတ္ႏွင့္ စကၠဴညိဳ (၁) ထုပ္တို႔ျဖစ္သည္။

တရားရံုးစြဲတင္သည့္ ဖမ္းဆီးရမိသူမ်ားမွာ AA တပ္ဖြဲ႕မွ ဒုရာခံဗိုလ္ ေအာင္လင္းထက္ (ခ) လင္းထက္ (ခ) ေက်ာ္သူရ ၊ AA တပ္ဖြဲ႕မွ ဒုတပ္ၾကပ္ ခ်မ္းၿငိမ္း ၊ AA တပ္ဖြဲ႕မွ ဒုတပ္ၾကပ္ ျမတ္ခိုင္၊ ေက်ာက္အေရာင္းအဝယ္ လုပ္ကိုင္သည့္ မိုးေက်ာ္ (ခ) ဦးမိုးေက်ာ္ ႏွင့္ ဝင္းသိန္း၊ ကားဂိတ္မွ ဂိတ္မွဴး ေက်ာ္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳး တို႔ျဖစ္ေၾကာင္း သိရသည္ ။

တရားခံေျပးသံုးဦးမွာ ၿဖိဳးေဝ (ခ) ကိုၿဖိဳး၊ ေမာင္ေမာင္စိုး ႏွင့္ မဦးသန္းခင္ တို႔ ျဖစ္ၿပီး မႏၲေလးခရိုင္တရားရံုး၏ ရာဇဝတ္ အေထြေထြမႈအမွတ္ ၇၄/၂၀၁၉ ျဖင့္ လက္ခံထားေၾကာင္း သိရသည္ ။

ဖမ္းဆီးရမိသူမ်ားကို အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၁(ဂ)/၅၂(က) တို႔ျဖင့္ တရားရံုးစြဲတင္ျခင္းျဖစ္သည္ ။

Leave a Reply