ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္တြင္ ညမီးႀကီး မီးပံုး အေရအတြက္ တိုးမည္

0
65

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ညမီးကြီး မီးပုံး အရေအတွက် တိုးမည်

အောက်တိုဘာ ၂၂
ယဉ်ကေနွယ်

ယခုနှစ် နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်မည့် တောင်ကြိးမြို့၏ တန်ဆောင်တိုင်ပွဲတော်၏ ရိုးရာမီးပုံးပျံပွဲတော်တွင် ယခင်နှစ်က ထက် ညမီးကြိး အလုံးအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းကပြောသည်။

“မီးပုံအရေအတွက်က ပိုများလာမယ်။ ညမီးကြီး အရေအတွက် ပိုများလာမယ်။ အခု လက်ရှိကတော့ စာရင်းကောက်ယူနေဆဲဖြစ်ပါတယ်။မျိုးစက်သစ်လူငယ်များ မီးပုံးအဖွဲ့များတိုးလာတာတွေလည်းရှိတယ်။ အချို့ အဖွဲ့တွေကလည်း ထွက်တာတွေရှိတယ်”ဟု ဒေါက်တာ သန်းဝင်းကပြောသည်။

ယခုနှစ် ပြိုင်ပွဲဝင်မည့် မီးပုံးပျံစာရင်းများကိုတော့ အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၄ ရက်နေ့ အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ညမီးကြီးအတွက် မီးပုံးပျံယမ်းခွေများ ယမ်းပိသာချိန်ရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ဒီဂျစ်တယ် ကတ္တားအသုံးပြု၍ ပြောင်းလဲချိန်တွယ်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များက ယမ်းပိသာချိန်ရာတွင် ရိုးရိုးအလေးချိန်ဖြင့်သာ ချိန်တွယ်ခဲ့ကြောင်း သိရသည်။

မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတွေ အဖွဲ့ဝင်များအတွက် လည်းစည်းကမ်းချက်များကို ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ စက်တင်ဘာလ အတွင်းက ထုတ်ပြန်ထားသည်။

အဆိုပါ စည်းကမ်းချက်များတွင် မီးပုံးပျံများတွင် ရိုးရာ လက်မှုဝါးဖြင့်သာ လုပ်ကိုင်ကြရန်နှင့် ယမ်းများပြုလုပ်ရာတွင် လည်း မီးရှုး ခိုပျံ အထုတ်စနက်တံ များတွင် ရိုးရာလက်မှုနည်းပညာများဖြင့်သာ ပြုလုပ်ရန် စသည့် စည်းကမ်းချက်များ ပါဝင်သည်။

မီးပုံးပျံပြိုင်ပွဲအား ယူနက်စကို မှ ရိုးရာမီးပုံးပျံပြိုင်ပွဲ အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်မီးပုံးများကို ရိုးရာ ပစ္စည်းများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲကျင်းပမည့်ရက်ကိုတော့ လက်ရှိတွင် ၉ ရက်သာ ကျင်းပပြုလုပ်သွားမည်ဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဦးဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် အတွက် ၁၀ ရက်ကြာ ကျင်းပပြုလုပ်ပေးရန် မီးပုံပျံအဖွဲ့များက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ စုပေါင်းလက်မှတ်များရေးထိုးကာ တင်ပြထားကြောင်း သိရသည်။

ထိုသို့ တင်ပြထားသည့် အတွက် ၉ ရက် ကျင်းပပြုလုပ်ရန်(သို့) ၁၀ ရက်ကျင်းပပြုလုပ်မည်ကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဦးဆောင်ကော်မတီ အစည်းအဝေး တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“၉ ရက်ပဲ လုပ်မယ်ဆိုရင်တော့ နိုဝင်ဘာလ ၄ ရက်နေ့ ကနေ ၁၂ ရက်နေ့ အထိ ပေါ့။ ၁၀ ရက်ကြာ လုပ်မယ်ဆိုရင်တော့ နိုဝင်ဘာလ ၃ ရက်နေ့ မှ ပွဲက စမယ်ပေါ့။ လောလောဆယ်တော့ မသိရသေးဘူး။ ၂၉ ရက်နေ့ မှာပြုလုပ်မဲ့ အစည်းအဝေး ပြီးမှ သိရမှာပါ”ဟု ဒေါက်တာသန်းဝင်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြိုင်ပွဲဝင်သည့် မီးပုံး အရေအတွက် သည် နေ့လွတ်အရုပ် ၂၉၁ လုံး၊ ညမီးကြီး ၈၁ လုံးနှင့် စိန်နားပန်း အလုံး ၄၂ လုံး လွှင့်တင်ခဲ့ကြောင်း သိရသည်။

Photo Lin Lin (tgi)

………………………………………………….

(Zawgyi)

ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္တြင္ ညမီးႀကီး မီးပံုး အေရအတြက္ တိုးမည္

ေအာက္တိုဘာ ၂၂
ယဥ္ေကႏြယ္

ယခုႏွစ္ နို၀င္ဘာလ တြင္ က်င္းပျပဳလုပ္မည့္ ေတာင္ႀကိးၿမိဳ႕၏ တန္ေဆာင္တိုင္ပြဲေတာ္၏ ရိုးရာမီးပံုးပ်ံပြဲေတာ္တြင္ ယခင္နွစ္က ထက္ ညမီးႀကိး အလံုးအေရအတြက္ တိုးလာနိုင္ဖြယ္ရွိေၾကာင္း မီးပံုးပ်ံၿပိဳင္ပြဲ က်င္းပေရးေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာသန္း၀င္းကေျပာသည္။

“မီးပံုအေရအတြက္က ပိုမ်ားလာမယ္။ ညမီးႀကီး အေရအတြက္ ပိုမ်ားလာမယ္။ အခု လက္ရွိကေတာ့ စာရင္းေကာက္ယူေနဆဲျဖစ္ပါတယ္။မ်ိဳးစက္သစ္လူငယ္မ်ား မီးပံုးအဖြဲ႔မ်ားတိုးလာတာေတြလည္းရွိတယ္။ အခ်ိဳ႕ အဖြဲ႔ေတြကလည္း ထြက္တာေတြရွိတယ္”ဟု ေဒါက္တာ သန္း၀င္းကေျပာသည္။

ယခုႏွစ္ ၿပိဳင္ပြဲ၀င္မည့္ မီးပံုးပ်ံစာရင္းမ်ားကိုေတာ့ ေအာက္တိုဘာလ ၁ ရက္ေန႔ မွ ၂၄ ရက္ေန႔ အထိ စာရင္းေပးသြင္းနို္င္ေၾကာင္း သိရသည္။

ထို႔ျပင္ ညမီးႀကီးအတြက္ မီးပံုးပ်ံယမ္းေခြမ်ား ယမ္းပိသာခ်ိန္ရာတြင္ တိက်မွန္ကန္မႈရွိေစေရးအတြက္ ဒီဂ်စ္တယ္ ကတၱားအသံုးျပဳ၍ ေျပာင္းလဲခ်ိန္တြယ္သြားမည္ျဖစ္ေၾကာင္း၊ ယခင္ႏွစ္မ်ားက ယမ္းပိသာခ်ိန္ရာတြင္ ရိုးရိုးအေလးခ်ိန္ျဖင့္သာ ခ်ိန္တြယ္ခဲ့ေၾကာင္း သိရသည္။

မီးပံုးပ်ံၿပိဳင္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ၿပိဳင္ပြဲေတြ အဖြဲ႔၀င္မ်ားအတြက္ လည္းစည္းကမ္းခ်က္မ်ားကို ရွမ္းျပည္နယ္ ရိုးရာမီးပံုးပ်ံပညာရွင္မ်ား အသင္းမွ စက္တင္ဘာလ အတြင္းက ထုတ္ျပန္ထားသည္။

အဆိုပါ စည္းကမ္းခ်က္မ်ားတြင္ မီးပံုးပ်ံမ်ားတြင္ ရိုးရာ လက္မႈ၀ါးျဖင့္သာ လုပ္ကိုင္ၾကရန္ႏွင့္ ယမ္းမ်ားျပဳလုပ္ရာတြင္ လည္း မီးရႈး ခိုပ်ံ အထုတ္စနက္တံ မ်ားတြင္ ရိုးရာလက္မႈနည္းပညာမ်ားျဖင့္သာ ျပဳလုပ္ရန္ စသည့္ စည္းကမ္းခ်က္မ်ား ပါ၀င္သည္။

မီးပံုးပ်ံၿပိဳင္ပြဲအား ယူနက္စကို မွ ရိုးရာမီးပံုးပ်ံၿပိဳင္ပြဲ အျဖစ္ သတ္မွတ္နိုင္ေရးအတြက္ ၿပိဳင္ပြဲ၀င္မီးပံုးမ်ားကို ရိုးရာ ပစၥည္းမ်ားျဖင့္သာ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

တန္ေဆာင္တိုင္ရိုးရာမီးပံုးပ်ံပြဲက်င္းပမည့္ရက္ကိုေတာ့ လက္ရွိတြင္ ၉ ရက္သာ က်င္းပျပဳလုပ္သြားမည္ဟု မီးပံုးပ်ံၿပိဳင္ပြဲ က်င္းပေရးဦးေဆာင္ေကာ္မတီ အစည္းအေ၀းက ဆံုးျဖတ္ခဲ့သည့္ အတြက္ ၁၀ ရက္ၾကာ က်င္းပျပဳလုပ္ေပးရန္ မီးပံုပ်ံအဖြဲ႔မ်ားက ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ထံသို႔ စုေပါင္းလက္မွတ္မ်ားေရးထိုးကာ တင္ျပထားေၾကာင္း သိရသည္။

ထိုသို႔ တင္ျပထားသည့္ အတြက္ ၉ ရက္ က်င္းပျပဳလုပ္ရန္(သို႔) ၁၀ ရက္က်င္းပျပဳလုပ္မည္ကိုေတာ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔တြင္ ျပဳလုပ္မည့္ မီးပံုးပ်ံၿပိဳင္ပြဲ က်င္းပေရးဦးေဆာင္ေကာ္မတီ အစည္းအေ၀း တြင္ ဆံုးျဖတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“၉ ရက္ပဲ လုပ္မယ္ဆိုရင္ေတာ့ နို၀င္ဘာလ ၄ ရက္ေန႔ ကေန ၁၂ ရက္ေန႔ အထိ ေပါ့။ ၁၀ ရက္ၾကာ လုပ္မယ္ဆိုရင္ေတာ့ နို၀င္ဘာလ ၃ ရက္ေန႔ မွ ပြဲက စမယ္ေပါ့။ ေလာေလာဆယ္ေတာ့ မသိရေသးဘူး။ ၂၉ ရက္ေန႔ မွာျပဳလုပ္မဲ့ အစည္းအေ၀း ၿပီးမွ သိရမွာပါ”ဟု ေဒါက္တာသန္း၀င္းကေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က ၿပိဳင္ပြဲ၀င္သည့္ မီးပံုး အေရအတြက္ သည္ ေန႔လြတ္အရုပ္ ၂၉၁ လံုး၊ ညမီးႀကီး ၈၁ လံုးႏွင့္ စိန္နားပန္း အလံုး ၄၂ လံုး လႊင့္တင္ခဲ့ေၾကာင္း သိရသည္။

Photo Lin Lin (tgi)

Leave a Reply