စစ္ကိုင္းတံတားအေဟာင္းေပၚမွ အမ်ိဳးသားတစ္ဦးခုန္ခ်မႈျဖစ္ပြားျပန္​

0
85

စစ်ကိုင်းတံတားအဟောင်းပေါ်မှ အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားပြန်

အောက်တိုဘာ ၂၁
နိုင်လင်းဦး

စစ်ကိုင်းမြို့ နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသည့် စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား – စစ်ကိုင်း) အင်းဝဘက်ခြမ်း နှစ်ခုံးမြောက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ တစ်နာရီကျော်အချိန်ခန့်က အမျိုးသားတစ်ဦး ခုန်ချသွားကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က သိရသည် ။

ခုန်ချသွားသည့်ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူမရှိပဲ ဆိုင်ကယ် ၊ မှတ်ပုံတင်၊ လိုင်စင်၊ ဝန်ထမ်းကဒ်ပါသည့် ပိုက်ဆံအိတ် နှင့် ဖိနပ်တို့ကို တွေ့ရှိခဲ့ရပြီး မန္တလေးမြို့တွင်နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် မီးရထားဝန်ထမ်းဖြစ်ကြောင်း သိရသည်။

“ခုန်ချတာတော့ မြင်သူမရှိဘူး။ သူ့အိမ်ကို ဆက်သွယ်တော့ အိမ်မှာရှိမနေဘူးပြောတယ်။ ဆိုင်ကယ်ကလည်း ငှားထားတာပြောတယ်။ ဒါကြောင့် ခုန်ချတယ်လို့ အတည်ပြုပြီး ခုတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေတယ်။´´ ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အတွင်းရေးမှူး ကိုစိုးမင်းဦး က ပြောသည်။

စစ်ကိုင်းနှင့် မန္တလေးကို ဆက်သွယ်သည့် တံတား နှင်စင်းပေါ်မှ ဧရာဝတီမြစ်အတွင်း မကြာခဏခုန်ချမှုများဖြစ်နေပြီး ဧရာဝတံတား (ရတနာပုံ) ပေါ်မှ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည်ပိုင်းအချိန်က ဧရာဝတီမြစ်အတွင်းခုန်ချသည့် မယ်သီလရှင်အား အသက်ရှင်လျှက်ကယ်ဆယ်ရရှိခဲ့သည် ။

စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား – စစ်ကိုင်း) ပေါ်မှ စစ်ကိုင်းမြို့ မင်းလမ်းရပ်တွင်နေထိုင်သည့် အသက် (၅၁) နှစ်အရွယ် ဦးအောင်နိုင်ရင် ဆိုသူ ခုန်ချခဲ့သည် ။

သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းအချိန်က စစ်ကိုင်းမြို့နယ်၊ကျောက်ဆည်ကုန်းရွာနေ ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ် မှာလည်း နှလုံးသားရေးပြဿနာဖြင့် ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဧရာဝတီတံတား( ရတနာပုံ ) ပေါ်မှ ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့သည် ။

ထို့အပြင် သြဂုတ်လ ၂၉ ရက်နေ့ကလည်း မိုးကုတ်မြို့၊ကျပ်ပြင်ရပ်နေ အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစန္ဒီနွယ်နွယ်ထွန်း သည်လည်း တံတားပေါ်မှ ခုန်ချသေဆုံးခဲ့သည် ။

photo – အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)

…………………………………………………..

(Zawgyi)

စစ္ကိုင္းတံတားအေဟာင္းေပၚမွ အမ်ိဳးသားတစ္ဦးခုန္ခ်မႈျဖစ္ပြားျပန္​

ေအာက္တိုဘာ ၂၁
ႏိုင္လင္းဦး

စစ္ကုိင္းၿမဳိ႕ ႏွင့္ မႏၲေလးၿမိဳ႕ကို ဆက္သြယ္ထားသည့္ စစ္ကိုင္းတံတားေဟာင္း (အင္းဝတံတား – စစ္ကုိင္း) အင္းဝဘက္ျခမ္း ႏွစ္ခုံးေျမာက္တြင္ ေအာက္တိုဘာလ ၂၁ ရက္ေန႔ မြန္းလြဲ တစ္နာရီေက်ာ္အခ်ိန္ခန္႔က အမ်ိဳးသားတစ္ဦး ခုန္ခ်သြားေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကုိင္း) က သိရသည္ ။

ခုန္ခ်သြားသည့္ျဖစ္စဥ္အား မ်က္ျမင္ေတြ႕ရွိသူမရွိပဲ ဆိုင္ကယ္ ၊ မွတ္ပံုတင္၊ လိုင္စင္၊ ဝန္ထမ္းကဒ္ပါသည့္ ပိုက္ဆံအိတ္ ႏွင့္ ဖိနပ္တို႔ကို ေတြ႕ရွိခဲ့ရၿပီး မႏၲေလးၿမိဳ႕တြင္ေနထိုင္သည့္ အသက္ (၃၅) ႏွစ္အရြယ္ မီးရထားဝန္ထမ္းျဖစ္ေၾကာင္း သိရသည္။

“ခုန္ခ်တာေတာ့ ျမင္သူမရွိဘူး။ သူ႔အိမ္ကို ဆက္သြယ္ေတာ့ အိမ္မွာရွိမေနဘူးေျပာတယ္။ ဆိုင္ကယ္ကလည္း ငွားထားတာေျပာတယ္။ ဒါေၾကာင့္ ခုန္ခ်တယ္လို႔ အတည္ျပဳၿပီး ခုေတာ့ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြ ရွာေဖြေနတယ္။´´ ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကုိင္း) မွ အတြင္းေရးမွဴး ကုိစုိးမင္းဦး က ေျပာသည္။

စစ္ကိုင္းႏွင့္ မႏၲေလးကို ဆက္သြယ္သည့္ တံတား ႏွင္စင္းေပၚမွ ဧရာဝတီျမစ္အတြင္း မၾကာခဏခုန္ခ်မႈမ်ားျဖစ္ေနၿပီး ဧရာဝတံတား (ရတနာပံု) ေပၚမွ စက္တင္ဘာလ ၃၀ ရက္ေန႔ ေန႔လည္ပိုင္းအခ်ိန္က ဧရာဝတီျမစ္အတြင္းခုန္ခ်သည့္ မယ္သီလရွင္အား အသက္ရွင္လွ်က္ကယ္ဆယ္ရရွိခဲ့သည္ ။

စက္တင္ဘာလ ၂၉ ရက္ေန႔က စစ္ကိုင္းတံတားေဟာင္း (အင္းဝတံတား – စစ္ကုိင္း) ေပၚမွ စစ္ကိုင္းၿမိဳ႕ မင္းလမ္းရပ္တြင္ေနထိုင္သည့္ အသက္ (၅၁) ႏွစ္အရြယ္ ဦးေအာင္ႏိုင္ရင္ ဆိုသူ ခုန္ခ်ခဲ့သည္ ။

ၾသဂုတ္လ ၃ ရက္ေန႔ ညေနပိုင္းအခ်ိန္က စစ္ကုိင္းၿမဳိ႕နယ္၊ေက်ာက္ဆည္ကုန္းရြာေန ကိုျပည့္ဟိန္းထက္ အသက္ (၂၃) ႏွစ္ မွာလည္း ႏွလံုးသားေရးျပႆနာျဖင့္ ဧရာဝတီျမစ္ကူးတံတားျဖစ္သည့္ ဧရာဝတီတံတား( ရတနာပုံ ) ေပၚမွ ခုန္ခ်ေသဆံုးမႈျဖစ္ပြားခဲ့သည္ ။

ထို႔အျပင္ ၾသဂုတ္လ ၂၉ ရက္ေန႔ကလည္း မုိးကုတ္ၿမဳိ႕၊က်ပ္ျပင္ရပ္ေန အမ်ိဳးသမီးငယ္တစ္ဦးျဖစ္သည့္ မစႏၵီႏြယ္ႏြယ္ထြန္း သည္လည္း တံတားေပၚမွ ခုန္ခ်ေသဆံုးခဲ့သည္ ။

photo – အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကုိင္း)

Leave a Reply