လူငယ္ (၂) ဦးအား ၿပိဳင္ကားနွင့္ တိုက္မိသည့္အမႈ အၿပီးသက္ ေလွ်ာက္လဲခ်က္တင္

0
63

လူငယ် (၂) ဦးအား ပြိုင်ကားနှင့် တိုက်မိသည့်အမှု အပြီးသက် လျှောက်လဲချက်တင်

အောက်တိုဘာ – ၂၃

နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်း နှင့် ၂၆ လမ်းထောင့် ကျုံးဘေးတွင် ပြိုင်ကားနှင့် တိုက်မိကာ လူငယ် (၂) ဦး သေဆုံးသည့်အမှုမှ ယာဉ်မောင်းဖြစ်သူအား အောက်တိုဘာလ ၂၃ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အပြီးသတ်လျှောက်လဲချက်တင်ခဲ့ကြောင်း သိရသည်။

အမှုတွင် တရားလိုနှင့် တရားလိုပြသက်သေများ ၊ တရားခံနှင့် တရားခံပြသက်သေများအား စစ်ဆေးပြီးဖြစ်သည့်အတွက် နောက်ဆုံးအဆင့် အပြီးသက်လျှောက်လဲချက်အား တရားရုံးသို့ တင်ပြရခြင်းဖြစ်သည်။

“ဒီနေ့ အပြီးသက် လျှောက်လဲချက်က ကျွန်တော်တို့ ဘက်ကပဲတင်ရသေးတယ်။ တရားခံဘက်ကတော့ လျှောက်လဲချက် အသင့်မဖြစ်သေးတဲ့အတွက် နောက်တစ်ပတ်ရုံးချိန်းတောင်းတယ်။ နောက်တစ်ပတ်ရုံးချိန်းမှာ သူတို့ဘက်က လျှောက်လဲချက်တင်နိုင်ရင် မကြာခင်အမိန့်ချနိုင်မှာပါ။´´ ဟု အထက်တန်းရှေ့နေ ဦးရဲရင့်ဝေ က ပြောသည်။

ယင်းအမှုတွင် အမှုအမှတ် ၁၆၉၅/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် လည်းကောင်း၊ အမှုအမှတ် ၁၆၉၆/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၂၇၉ ဖြင့် လည်းကောင်း စွဲချက်တင်ထားပြီးဖြစ်သည် ။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ နံနက် အစောပိုင်းအချိန်က ၇၈ လမ်း ၂၆ လမ်း မီးပွိုင့်တွင် မီးနီနေသဖြင့် ဆိုင်ကယ်အား ရပ်၍စောင့်နေစဉ် TOYOTA Lexus အနီရောင်ပြိုင်ကားမှ အနောက်က ဝင်တိုက်မိခဲ့ကာ လူငယ် (၂) ဦး သေဆုံးခဲ့သည် ။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်တွင်ပါသည့် လွင်မင်းသန့် (၂၃) နှစ် နှင့် ကျော်ဇင်သက် (၂၆) နှစ် တို့သည့်လည်း ကားနှင့် ချိတ်ပါခဲ့ပြီး ဒဏ်ရာများရရှိခဲ့သည့်အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ရာ ၎င်းတို့ (၂) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည် ။

…………………………………………………

(Zawgyi)

လူငယ္ (၂) ဦးအား ၿပိဳင္ကားနွင့္ တိုက္မိသည့္အမႈ အၿပီးသက္ ေလွ်ာက္လဲခ်က္တင္

ေအာက္တိုဘာ – ၂၃

ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ၇၈ လမ္း နွင့္ ၂၆ လမ္းေထာင့္ က်ံဳးေဘးတြင္ ၿပိဳင္ကားနွင့္ တိုက္မိကာ လူငယ္ (၂) ဦး ေသဆံုးသည့္အမႈမွ ယာဥ္ေမာင္းျဖစ္သူအား ေအာက္တိုဘာလ ၂၃ ရက္ေန႔က ေအာင္ေျမသာစံၿမိဳ႕နယ္ တရားရံုးတြင္ ရံုးထုတ္ခဲ့ၿပီး အၿပီးသတ္ေလွ်ာက္လဲခ်က္တင္ခဲ့ေၾကာင္း သိရသည္။

အမႈတြင္ တရားလိုႏွင့္ တရားလိုျပသက္ေသမ်ား ၊ တရားခံႏွင့္ တရားခံျပသက္ေသမ်ားအား စစ္ေဆးၿပီးျဖစ္သည့္အတြက္ ေနာက္ဆံုးအဆင့္ အၿပီးသက္ေလွ်ာက္လဲခ်က္အား တရားရံုးသို႔ တင္ျပရျခင္းျဖစ္သည္။

“ဒီေန႔ အၿပီးသက္ ေလွ်ာက္လဲခ်က္က ကြၽန္ေတာ္တို႔ ဘက္ကပဲတင္ရေသးတယ္။ တရားခံဘက္ကေတာ့ ေလွ်ာက္လဲခ်က္ အသင့္မျဖစ္ေသးတဲ့အတြက္ ေနာက္တစ္ပတ္ရံုးခ်ိန္းေတာင္းတယ္။ ေနာက္တစ္ပတ္ရံုးခ်ိန္းမွာ သူတို႔ဘက္က ေလွ်ာက္လဲခ်က္တင္ႏိုင္ရင္ မၾကာခင္အမိန္႔ခ်ႏိုင္မွာပါ။´´ ဟု အထက္တန္းေရွ႕ေန ဦးရဲရင့္ေဝ က ေျပာသည္။

ယင္းအမႈတြင္ အမႈအမွတ္ ၁၆၉၅/၂၀၁၈ တြင္ ရာဇသတ္ႀကီးပုဒ္မ – ၃၀၄(က) ျဖင့္ လည္းေကာင္း၊ အမႈအမွတ္ ၁၆၉၆/၂၀၁၈ တြင္ ရာဇသတ္ႀကီးပုဒ္မ – ၂၇၉ ျဖင့္ လည္းေကာင္း စြဲခ်က္တင္ထားၿပီးျဖစ္သည္ ။

၂၀၁၈ ခုႏွစ္ နိုဝင္ဘာလ (၉) ရက္ေန႔ နံနက္ အေစာပိုင္းအခ်ိန္က ၇၈ လမ္း ၂၆ လမ္း မီးပြိဳင့္တြင္ မီးနီေနသျဖင့္ ဆိုင္ကယ္အား ရပ္၍ေစာင့္ေနစဥ္ TOYOTA Lexus အနီေရာင္ၿပိဳင္ကားမွ အေနာက္က ဝင္တိုက္မိခဲ့ကာ လူငယ္ (၂) ဦး ေသဆံုးခဲ့သည္ ။

ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေပၚတြင္ပါသည့္ လြင္မင္းသန္႔ (၂၃) နွစ္ နွင့္ ေက်ာ္ဇင္သက္ (၂၆) နွစ္ တို႔သည့္လည္း ကားနွင့္ ခ်ိတ္ပါခဲ့ၿပီး ဒဏ္ရာမ်ားရရွိခဲ့သည့္အတြက္ မႏၲေလးအေထြေထြေရာဂါကုေဆးရံုႀကီးသို႔ တင္ပို႔ရာ ၄င္းတို႔ (၂) ဦးလံုး ေသဆံုးခဲ့ေၾကာင္း သိရသည္ ။

Leave a Reply