0
106

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပိုမို ဝင်ရောက်

အောက်တိုဘာ ၂၆
ဝေဝေဖြိုး

ယခုဘဏ္ဍာနှစ် တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရရှိထားပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပိုမိုဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)မှ သိရသည်။

၂၀၁၈ ၁၉ ဘဏ္ဍာနှစ်၏ ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုမှ အမေရိကန်ဒေါ်လာ ၃၇ ဒဿမ ၄၉ သန်းသာ ရရှိခဲ့ရာမှ ယခုဘဏ္ဍာ ကာလတူတွင် အမေရိကန်ဒေါ်လာ ၂၉၂ သန်းကျော် ဝင်ရောက်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၁ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၈၈ ဒဿမ ၈၂၉ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၂ ဒဿမ ၉၄၂ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယင်းကာလအထိ သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် ဝင်ရောက်ခဲ့သည့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃၀၄ ဒသမ ၃၄၂ သန်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ တာထွက်ကောင်းပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် လုပ်ငန်းများ ဆက်လက် ဝင်ရောက်ရန် အလားအလာရှိသည်ဟုဆိုသည်။

“ဒီနှစ်ထဲ ပမာဏကြီးတဲ့ လုပ်ငန်းတွေ ဆက်ပြီး ဝင်ဖို့ အလားအလာ ရှိပါတယ်၊ အဆင်သင့်ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဆင့်ဆင့်ကို စီစစ်နေတာ၊ ကျွန်တော်တို့ Responsible Business ကို တော်တော်လေး ဂရုစိုက်ပြီး ကြည့်နေလို့ပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အလားအလာရှိသည့် လုပ်ငန်းကြီးများမှာ Oil and Gas၊ လယ်ယာကဏ္ဍ၊ သတ္ထုကဏ္ဍ၊ စက်မှုဇုန် ကဏ္ဍနှင့် Industrial Estate ခေါင်းစဉ်ဖြင့် လုပ်ငန်းမျိုးစုံပါကြောင်း သိရသည်။

ထို့ပြင် ကမ်းလွန်ရေနံလုပ်ကွက်နှင့် ဓာတ်သတ္ထု ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို စိစစ်ခွင့်ပြုပါက လက်ရှိ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဝင်ရောက်ရန် အလားအလာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိရာ ယင်းလုပ်ငန်းများ ဝင်ရောက်လာပါက နိုင်ငံအတွက် အကျိုးရှိမည်ဟုဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရအဖွဲ့ဖြစ်သော JICA ၏ အကူအညီဖြင့် ရေးဆွဲထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ အဆိုပါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းအရ လာမည့် နှစ် ၂၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရရှိရန် မျှော်မှန်းထားသည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံသာ ဝင်ရောက်ခဲ့သဖြင့် မျှော်မှန်းချက်ထက် ၁ ဘီလီယံကျော် လျော့နည်းခဲ့သည်။

………………………………………………….

(Zawgyi)

နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ယခင္နွစ္ကာလတူထက္ ကန္ေဒၚလာ သန္း ၂၅၀ ေက်ာ္ ပိုမို ဝင္ေရာက္

ေအာက္တိုဘာ ၂၆
ေဝေဝၿဖိဳး

ယခုဘ႑ာႏွစ္ တစ္လအတြင္း နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ အေမရိကန္ေဒၚလာ သန္း ၃၀၀ ခန္႔ ရရွိထားၿပီး ယခင္ႏွစ္ကာလတူနွင့္ ႏွိုင္းယွဥ္ပါက ကန္ေဒၚလာ သန္း ၂၅၀ ေက်ာ္ ပိုမိုဝင္ေရာက္ထားေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာန(DICA)မွ သိရသည္။

၂၀၁၈ ၁၉ ဘ႑ာႏွစ္၏ ပထမဦးဆုံးအႀကိမ္ ျပဳလုပ္သည့္ အစည္းအေဝးတြင္ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္း ၈ ခုမွ အေမရိကန္ေဒၚလာ ၃၇ ဒႆမ ၄၉ သန္းသာ ရရွိခဲ့ရာမွ ယခုဘ႑ာ ကာလတူတြင္ အေမရိကန္ေဒၚလာ ၂၉၂ သန္းေက်ာ္ ဝင္ေရာက္ခဲ့သည္ဟု ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန႔္စင္လြင္ က ေျပာသည္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္၊ ေအာက္တိုဘာ ၁ ရက္မွ ၂၁ ရက္အထိ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ခြင့္ျပဳ/ အတည္ျပဳေပးခဲ့မႈမွာ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္း ၁၀ ခုမွ ရင္းႏွီးျမႇုပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၂၈၈ ဒႆမ ၈၂၉ သန္းျဖစ္ၿပီး ရင္းႏွီးျမႇုပ္ႏွံမႈ တိုးျမႇင့္ျခင္းအပါအဝင္ ရင္းႏွီးျမႇုပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၂၉၂ ဒႆမ ၉၄၂ သန္းျဖစ္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

ယင္းကာလအထိ သီလဝါအထူးစီးပြားေရးဇုန္ အပါအဝင္ ဝင္ေရာက္ခဲ့သည့္ စုစုေပါင္း နိုင္ငံျခားရင္းနွီးျမႇဳပ္နွံမႈပမာဏမွာ အေမရိကန္ ေဒၚလာ ၃၀၄ ဒသမ ၃၄၂ သန္း ျဖစ္သည္။

ထို႔ေၾကာင့္ လက္ရွိဘ႑ာႏွစ္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ဝင္ေရာက္မႈမွာ တာထြက္ေကာင္းၿပီး ရင္းႏွီးျမႇုပ္ႏွံမႈ ပမာဏႀကီးမားသည့္ လုပ္ငန္းမ်ား ဆက္လက္ ဝင္ေရာက္ရန္ အလားအလာရွိသည္ဟုဆိုသည္။

“ဒီႏွစ္ထဲ ပမာဏႀကီးတဲ့ လုပ္ငန္းေတြ ဆက္ၿပီး ဝင္ဖို႔ အလားအလာ ရွိပါတယ္၊ အဆင္သင့္ရွိတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဆင့္ဆင့္ကို စီစစ္ေနတာ၊ ကြၽန္ေတာ္တို႔ Responsible Business ကို ေတာ္ေတာ္ေလး ဂ႐ုစိုက္ၿပီး ၾကည့္ေနလို႔ပါ”ဟု ၎က ေျပာသည္။

အဆိုပါ ရင္းႏွီးျမႇုပ္ႏွံမႈမ်ား ဝင္ေရာက္ရန္ အလားအလာရွိသည့္ လုပ္ငန္းႀကီးမ်ားမွာ Oil and Gas၊ လယ္ယာက႑၊ သတၳဳက႑၊ စက္မႈဇုန္ က႑ႏွင့္ Industrial Estate ေခါင္းစဥ္ျဖင့္ လုပ္ငန္းမ်ိဳးစုံပါေၾကာင္း သိရသည္။

ထို႔ျပင္ ကမ္းလြန္ေရနံလုပ္ကြက္ႏွင့္ ဓာတ္သတၳဳ ရွာေဖြတူးေဖာ္ေရးလုပ္ငန္းမ်ားကို စိစစ္ခြင့္ျပဳပါက လက္ရွိ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္တြင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္းႀကီးမ်ား ဝင္ေရာက္ရန္ အလားအလာရွိေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာၾကားထားသည္။

ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ တာဝန္ယူမႈရွိၿပီး အရည္အေသြးရွိသည့္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းမ်ားကို ဖိတ္ေခၚလ်က္ရွိရာ ယင္းလုပ္ငန္းမ်ား ဝင္ေရာက္လာပါက နိုင္ငံအတြက္ အက်ိဳးရွိမည္​ဟုဆိုသည္။

​ထို႔ေၾကာင့္ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈ ျမႇင့္တင္ေရး စီမံကိန္းကို ဂ်ပန္နိုင္ငံအစိုးရအဖြဲ႕ျဖစ္ေသာ JICA ၏ အကူအညီျဖင့္ ေရးဆြဲထားၿပီး လက္​ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီျဖစ္ရာ အဆိုပါ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈ ျမႇင့္တင္ေရး စီမံကိန္းအရ လာမည့္ ႏွစ္ ၂၀ အတြင္း နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ဘီလီယံ ၂၀၀ ေက်ာ္ ရရွိရန္ ေမွ်ာ္မွန္းထားသည္။

၂၀၁၈ – ၂၀၁၉ ဘ႑ာႏွစ္တြင္ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမႈကို အေမရိကန္ေဒၚလာ ၅ ဒသမ ၈ ဘီလီယံ ဝင္ေရာက္ရန္ ေမွ်ာ္မွန္းထားေသာ္လည္း ကန္ေဒၚလာ ၄ ဒသမ ၅ ဘီလီယံသာ ဝင္ေရာက္ခဲ့သျဖင့္ ေမွ်ာ္မွန္းခ်က္ထက္ ၁ ဘီလီယံေက်ာ္ ေလ်ာ့နည္းခဲ့သည္။

Leave a Reply