လျို့ဝှက်စာကိစ္စဆောက်လုပ်ရေးဝန်ကြီးဌာနမှ စတင် ပေါက်ကြားခဲ့ခြင်းဖြစ်

0
26

အောက်တိုဘာ ၂၆
ယဉ်ကေနွယ်

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် မြောက်ပိုင်းမဟာမိတ်သောင်းကျန်းသူ အဖွဲ့အချို့ မှ စက်တင်ဘာလ ၁၆ ရက်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့(သို့) အောက်တိုဘာလ ၁၆ ရက်နှင့် အောက်တိုဘာလ ၂၆ ရက်နေ့ များတွင် မြို့ ကြိး ၃ မြို့ ဖြစ်သည့် နေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖောက်ခွဲမှုပြုလုပ်မည်ဟု သတင်းရရှိထားသည့် အတွက် ပြည်ထောင်စု နယ်မြေအတွင်းရှိ လုံခြုံရေးကို အထူးဂရုပြုကြရန် စသည့် လျို့ဝှက်စာ တစ်စောင် ပျံ့နှံ့ခဲ့သည်။

ထိုသို့ ပျံ့နှံ့ခဲ့သည့် လျို့ဝှက်စာသည် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ စတင်ပေါက်ကြားခဲ့ပြီး တရားလွှတ်တော်ချုပ်ရုံးမှလည်း ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။

“ပထမ တစ်ချက်ကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန က ပေါက်တယ်လို့ ဖော်ထုတ်ရ ရှိတယ်။ အဲ့တော့ ဆောက်လုပ်ရေးဝန်ကြိးဌာနရဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အညီ အရေးယူထားတယ်လို့ သိရတယ်။ နောက်တစောင်ကတော့ တရားလွှတ်တော်ချုပ်လို့ သိရတယ်။ အဲ့တော့ တရားလွှတ်တော်ချုပ်ကိုလည်း ကျွန်တော်တို့ပြောထားတယ်။ ဒါကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲပ အညီ အရေးယူဖို့ ကျွန်တော်တို့ ပြောထားတာ ရှိတယ်”ဟု ဦးဇော်ဌေး ကပြောသည်။

ယနေ့ သမ္မတ အိမ်တော်ရှိ ရှင်းလင်းဆောင်ခန်းမတွင် ပုံမှန်လုပ်ဆောင်နေကျဖြစ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဦးဇော်ဌေး မှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်း လျို့ဝှက်စာ များပေါက်ကြားရခြင်းသည် အဆင့်ဆင့်လိုက်နာကွပ်ကဲမှုအားနည်းသည့် အတွက်ကြောင့် ဖြစ်သည်ဟု ဥိးဇော်ဌေး ကပြောသည်။

“လုံခြုံမှု အဆင့်အတန်းရှိ စာရွက်စာတမ်းတွေက ဘယ်အဆင့် ဘယ်အဆင့်ပဲ ကိုင်တွယ်ရမယ်ဆိုတဲ့ ဟာကြီးရှိတယ်။ ထိန်းသိမ်းတဲ့ အခါမှာလည်း ထိပ်တန်းလျို့ဝှက် တွေစသည်ဖြင့် ဒီလိုမျိုးစာတမ်းတွေကို ဘယ်လိုမျိုးထိန်းသိမ်းရမယ်ဆိုတာ တွေရှိတယ်။ ဒီဟာတွေကို အဆင့်ဆင့် လိုက်နာကွပ်ကဲမှုအားနည်း တဲ့ အတွက် ဒါမျိုးတွေ ပေါ်ပေါက်တယ်လို့ ကျွန်တော်တို့က မြင်တယ်”ဟု ဦးဇော်ဌေး ကပြောသည်။

ထိုကဲ့သို့ လျို့ဝှက်စာများ ပေါက်ကြားမှုရှိခဲ့ပါက ဖော်ထုတ်နိုင်ရေးအတွက် လုပ်ဆောင်ထားကြောင်း သိရသည်။
“ပေါက်ကြားသွားရင် ဘယ်လို ဖော်ထုတ်မလဲဆိုတဲ့ ဟာလေးတွေ ရှီတယ်။ ကျွန်တော်တို့ ဆီမှာ သမ္မတရုံးတို့ အစိုးရအဖွဲ့ရုံးတို့ဆိုဘာလုပ်လဲဆိုရင် ကျွန်တော်တို့ ထွက်တဲ့ ထွက်စာတွေ မှာ ကုတ်ကလေးတွေ ထည့်ထားတယ်။ ဒါက သာမန်လူမသိဘူး။ ဒီစာက အွန်လိုင်းပေါ်တက်လာတာနဲ့ ဒီစာသည် ဘယ်ဝန်ကြီးဌာန ကို ပေးတဲ့ စာ လဲဆိုတာ ကျွန်တော်တို့က သိတယ်။ အဲ့လို ကုတ်လေးတွေနဲ့ လုပ်ထားတဲ့ အတွက် ကျွန်တော်တို့ က ဖော်ထုတ်လို့ရတယ်။ ဖော်ထုန်ပြီးသွားရင် သူ့မှာ အဆင့်ဆင့် ဝန်ကြိးဌာန က ဖော်ထုတ်လို့ ရပါတယ်”ဟု ဦးဇော်ဌေး ကပြောသည်။

လုံခြုံမှု အဆင့်အတန်းရှိသည့် စာများအား ကိုင်တွယ်ဆောင်ရွက်ရာတွင် ဒီဂျစ်တယ် ခေတ်သို့ရောက်ရှိနေသည့် အတွက် ခေတ်နှင့် ညီသည့် စည်းကမ်းချက်များ ပြန်သတ်မှတ်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။

Leave a Reply