ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္တြင္ ၿပိဳင္ပြဲမီးပံုး ၄၀၈ လံုး လႊင့္တင္မည္

0
59

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ပြိုင်ပွဲမီးပုံး ၄၀၈ လုံး လွှင့်တင်မည်

အောက်တိုဘာ ၂၅
ယဉ်ကေနွယ်။

ယခုနှစ် နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်မည့် တောင်ကြိးမြို့၏ တန်ဆောင်တိုင်ပွဲတော်၏ ရိုးရာမီးပုံးပျံပွဲတော်တွင် ပြိုင်ပွဲဝင် မီးပုံး ၄၀၈ လုံး လွှင့်တင်သွားမည်ဖြစ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းကပြောသည်။

ပြိုင်ပွဲဝင်မည့် မီးပုံးတွင် ညမီးကြီး ၇၉ လုံး ၊ စိန်နားပန်မီး ၃၆ လုံး၊ နေ့လွတ်အရုပ်များဖြစ်သည့် ခြေ ၂ ချောက်း အရုပ် ၁၅၅ လုံး ခြေလေးချောင်း အရုပ် ၉၈ လုံး အုပ်စု အရုပ်များ အလုံး ၄၀ လွှင့်တင်သွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းဝင်းကပြောသည်။

ပြိုင်ပွဲဝင်မည့် ညမီးကြီးအတွက် မီးပုံးပျံယမ်းခွေများ ယမ်းပိသာချိန်ရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ဒီဂျစ်တယ် ကတ္တားအသုံးပြု၍ ပြောင်းလဲချိန်တွယ်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များက ယမ်းပိသာချိန်ရာတွင် ရိုးရိုးအလေးချိန်ဖြင့်သာ ချိန်တွယ်ခဲ့ကြောင်း သိရသည်။

မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတွေ အဖွဲ့ဝင်များအတွက် လည်းစည်းကမ်းချက်များကို ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ စက်တင်ဘာလ အတွင်းက ထုတ်ပြန်ထားသည်။

အဆိုပါ စည်းကမ်းချက်များတွင် မီးပုံးပျံများတွင် ရိုးရာ လက်မှုဝါးဖြင့်သာ လုပ်ကိုင်ကြရန်နှင့် ယမ်းများပြုလုပ်ရာတွင် လည်း မီးရှုး ခိုပျံ အထုတ်စနက်တံ များတွင် ရိုးရာလက်မှုနည်းပညာများဖြင့်သာ ပြုလုပ်ရန် စသည့် စည်းကမ်းချက်များ ပါဝင်သည်။

မီးပုံးပျံပြိုင်ပွဲအား ယူနက်စကို မှ ရိုးရာမီးပုံးပျံပြိုင်ပွဲ အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်မီးပုံးများကို ရိုးရာ ပစ္စည်းများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲကျင်းပမည့်ရက်ကိုတော့ ၉ ရက်သာ ကျင်းပပြုလုပ်သွားမည်ဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဦးဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် အတွက် ၁၀ ရက်ကြာ ကျင်းပပြုလုပ်ပေးရန် မီးပုံပျံအဖွဲ့များက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ စုပေါင်းလက်မှတ်များရေးထိုးကာ တင်ပြထားကြောင်း သိရသည်။

ထိုသို့ တင်ပြထားသော်လည်း အတွက် ၉ ရက် ကျင်းပပြုလုပ်ရန် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ဒေါက်တာသန်းဝင်း ကပြောသည်။

ယခုနှစ် တောင်ကြီးတိုင်ဆောင်တိုင်မီးပုံးပျံပွဲကိုတော့ နိုဝင်ဘာလ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြိုင်ပွဲဝင်သည့် မီးပုံး အရေအတွက် သည် နေ့လွတ်အရုပ် ၂၉၁ လုံး၊ ညမီးကြီး ၈၁ လုံးနှင့် စိန်နားပန်း အလုံး ၄၂ လုံး လွှင့်တင်ခဲ့ကြောင်း သိရသည်။

Photo Lin Lin (tgi)

…………………………………………….

(Zawgyi)

ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္တြင္ ၿပိဳင္ပြဲမီးပံုး ၄၀၈ လံုး လႊင့္တင္မည္

ေအာက္တိုဘာ ၂၅
ယဥ္ေကႏြယ္

ယခုႏွစ္ နို၀င္ဘာလ တြင္ က်င္းပျပဳလုပ္မည့္ ေတာင္ႀကိးၿမိဳ႕၏ တန္ေဆာင္တိုင္ပြဲေတာ္၏ ရိုးရာမီးပံုးပ်ံပြဲေတာ္တြင္ ျပိုင္ပြဲဝင္ မီးပံုး ၄၀၈ လံုး လႊင့္တင္သြားမည္ျဖစ္ေျကာင္း မီးပံုးပ်ံၿပိဳင္ပြဲ က်င္းပေရးေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာသန္း၀င္းကေျပာသည္။

ၿပိဳင္ပြဲဝင္မည့္ မီးပံုးတြင္ ညမီးႀကီး ၇၉ လံုး ၊ စိန္နားပန္မီး ၃၆ လံုး၊ ေန႔လြတ္အ႐ုပ္မ်ားျဖစ္သည့္ ေျခ ၂ ေခ်ာက္း အ႐ုပ္ ၁၅၅ လံုး ေျခေလးေခ်ာင္း အ႐ုပ္ ၉၈ လံုး အုပ္စု အ႐ုပ္မ်ား အလံုး ၄၀ လႊင့္တင္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာသန္းဝင္းကေျပာသည္။

ၿပိဳင္ပြဲဝင္မည့္ ညမီးႀကီးအတြက္ မီးပံုးပ်ံယမ္းေခြမ်ား ယမ္းပိသာခ်ိန္ရာတြင္ တိက်မွန္ကန္မႈရွိေစေရးအတြက္ ဒီဂ်စ္တယ္ ကတၱားအသံုးျပဳ၍ ေျပာင္းလဲခ်ိန္တြယ္သြားမည္ျဖစ္ေၾကာင္း၊ ယခင္ႏွစ္မ်ားက ယမ္းပိသာခ်ိန္ရာတြင္ ရိုးရိုးအေလးခ်ိန္ျဖင့္သာ ခ်ိန္တြယ္ခဲ့ေၾကာင္း သိရသည္။

မီးပံုးပ်ံၿပိဳင္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ၿပိဳင္ပြဲေတြ အဖြဲ႔၀င္မ်ားအတြက္ လည္းစည္းကမ္းခ်က္မ်ားကို ရွမ္းျပည္နယ္ ရိုးရာမီးပံုးပ်ံပညာရွင္မ်ား အသင္းမွ စက္တင္ဘာလ အတြင္းက ထုတ္ျပန္ထားသည္။

အဆိုပါ စည္းကမ္းခ်က္မ်ားတြင္ မီးပံုးပ်ံမ်ားတြင္ ရိုးရာ လက္မႈ၀ါးျဖင့္သာ လုပ္ကိုင္ၾကရန္ႏွင့္ ယမ္းမ်ားျပဳလုပ္ရာတြင္ လည္း မီးရႈး ခိုပ်ံ အထုတ္စနက္တံ မ်ားတြင္ ရိုးရာလက္မႈနည္းပညာမ်ားျဖင့္သာ ျပဳလုပ္ရန္ စသည့္ စည္းကမ္းခ်က္မ်ား ပါ၀င္သည္။

မီးပံုးပ်ံၿပိဳင္ပြဲအား ယူနက္စကို မွ ရိုးရာမီးပံုးပ်ံၿပိဳင္ပြဲ အျဖစ္ သတ္မွတ္နိုင္ေရးအတြက္ ၿပိဳင္ပြဲ၀င္မီးပံုးမ်ားကို ရိုးရာ ပစၥည္းမ်ားျဖင့္သာ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

တန္ေဆာင္တိုင္ရိုးရာမီးပံုးပ်ံပြဲက်င္းပမည့္ရက္ကိုေတာ့ ၉ ရက္သာ က်င္းပျပဳလုပ္သြားမည္ဟု မီးပံုးပ်ံၿပိဳင္ပြဲ က်င္းပေရးဦးေဆာင္ေကာ္မတီ အစည္းအေ၀းက ဆံုးျဖတ္ခဲ့သည့္ အတြက္ ၁၀ ရက္ၾကာ က်င္းပျပဳလုပ္ေပးရန္ မီးပံုပ်ံအဖြဲ႔မ်ားက ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ထံသို႔ စုေပါင္းလက္မွတ္မ်ားေရးထိုးကာ တင္ျပထားေၾကာင္း သိရသည္။

ထိုသို႔ တင္ျပထားေသာ္လည္း အတြက္ ၉ ရက္ က်င္းပျပဳလုပ္ရန္ အတည္ျပဳလိုက္ၿပီ ျဖစ္ေၾကာင္း ေဒါက္တာသန္းဝင္း ကေျပာသည္။

ယခုႏွစ္ ေတာင္ႀကီးတိုင္ေဆာင္တိုင္မီးပံုးပ်ံပြဲကိုေတာ့ ႏိုဝင္ဘာလ ၄ ရက္ေန႔မွ ၁၂ ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က ၿပိဳင္ပြဲ၀င္သည့္ မီးပံုး အေရအတြက္ သည္ ေန႔လြတ္အရုပ္ ၂၉၁ လံုး၊ ညမီးႀကီး ၈၁ လံုးႏွင့္ စိန္နားပန္း အလံုး ၄၂ လံုး လႊင့္တင္ခဲ့ေၾကာင္း သိရသည္။

Photo Lin Lin (tgi)

Leave a Reply