အသက္ (၈) ႏွစ္ အရြယ္ ကေလးငယ္အား အဓမၼျပဳက်င့္မႈျဖစ္ပြား

0
64

အသက် (၈) နှစ် အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှုဖြစ်ပွား

အောက်တိုဘာ – ၂၅
နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က အသက်မပြည့်သေးသည့် အသက် (၈) နှစ် အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည် ။

ဖြစ်စဉ်မှာ အသက် (၈) နှစ် အရွယ် ကလေးငယ်သည် အိမ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် TV ကြည့်ရန် ထွက်သွားစဉ် နေအိမ်ကပ်လျှက် အိမ်တွင် နေထိုင်သည့် နိုင်းကိုကိုဦး (၁၅) နှစ် ဆိုသူမှ ချုံပုတ်အတွင်း ပွေ့ချီ၍ ဟော်ဟစ်လျှင် သတ်ပြစ်မယ် ဟု ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်း အရသိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ နိုင်းကိုကိုဦး (၁၅) နှစ် အား အမှတ် (၄) ရဲစခန်းတွင် (ပ)၄၇၂/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးထားကြောင်း သိရသည် ။

၂၀၁၈ ခုနှစ် မတ်လ ထဲက ဖြစ်ပွားသည့် အသက် ၇ နှစ် ၃ လအရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှုတွင် အမှတ် (၄) ရဲစခန်း၌ ဖမ်းဆီးထားသည့် ကျူးလွန်သည့်သူအား ထုတ်ပေးရန် တောင်းဆိုသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရဖူးသည် ။

ပုံစာ – ၂၀၁၈ ခုနှစ်က ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သည့် လူစုလူဝေးအား တားဆီးခဲ့စဉ်

………………………………………………….

(Zawgyi)

အသက္ (၈) ႏွစ္ အရြယ္ ကေလးငယ္အား အဓမၼျပဳက်င့္မႈျဖစ္ပြား

ေအာက္တိုဘာ – ၂၅
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ေညာင္ကြဲရပ္ကြက္တြင္ ေအာက္တိုဘာလ ၂၄ ရက္ေန႔ ည ၇ နာရီခြဲအခ်ိန္ခန္႔က အသက္မျပည့္ေသးသည့္ အသက္ (၈) ႏွစ္ အရြယ္ ကေလးငယ္အား အဓမၼျပဳက်င့္မႈတစ္ခု ျဖစ္ပြားခဲ့သည္ ။

ျဖစ္စဥ္မွာ အသက္ (၈) ႏွစ္ အရြယ္ ကေလးငယ္သည္ အိမ္အနီးရွိ လက္ဖက္ရည္ဆိုင္တြင္ TV ၾကည့္ရန္ ထြက္သြားစဥ္ ေနအိမ္ကပ္လွ်က္ အိမ္တြင္ ေနထိုင္သည့္ ႏိုင္းကိုကိုဦး (၁၅) ႏွစ္ ဆိုသူမွ ခ်ံဳပုတ္အတြင္း ေပြ႕ခ်ီ၍ ေဟာ္ဟစ္လွ်င္ သတ္ျပစ္မယ္ ဟု ၿခိမ္းေျခာက္၍ အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း မႈခင္းမွတ္တမ္း အရသိရသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူ ႏိုင္းကိုကိုဦး (၁၅) ႏွစ္ အား အမွတ္ (၄) ရဲစခန္းတြင္ (ပ)၄၇၂/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ – ၃၇၆/၃၆၃ ျဖင့္ အမႈဖြင့္၍ ဖမ္းဆီးထားေၾကာင္း သိရသည္ ။

၂၀၁၈ ခုႏွစ္ မတ္လ ထဲက ျဖစ္ပြားသည့္ အသက္ ၇ ႏွစ္ ၃ လအရြယ္ ကေလးငယ္အား အဓမၼျပဳက်င့္မႈတြင္ အမွတ္ (၄) ရဲစခန္း၌ ဖမ္းဆီးထားသည့္ က်ဴးလြန္သည့္သူအား ထုတ္ေပးရန္ ေတာင္းဆိုသည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ၿပီး ေသနတ္ပစ္ေဖာက္ လူစုခြဲခဲ့ရဖူးသည္ ။

ပံုစာ – ၂၀၁၈ ခုႏွစ္က ျဖစ္ပြားသည့္ သက္ငယ္မုဒိမ္းမႈႏွင့္ပတ္သက္၍ ျဖစ္ပြားခဲ့သည့္ လူစုလူေဝးအား တားဆီးခဲ့စဥ္

Leave a Reply