0
47

၂၁ ရာစုပင်လုံကို သတ်မှတ် ထားသည့် အချိန်ကာလ အတိုင်း မကျင်းပနိုင်ခြင်းသည် အားလုံးတွင် တာဝန်ရှိသည်ဟု RCSS ပြော

အောက်တိုဘာ ၂၅
ယဉ်ကေနွယ်

အစုအဖွဲ့ကြားတွင်ရှိနေသည့် အသာစီးရလိုမှုများအား မချေဖက်နိုင်ခဲ့သည့် အတွက် ၂၁ ရာစု ပင်လုံ အစည်းအဝေးကို သတ်မှတ်ထားသည့် အချိန်ကာလ အတိုင်း မကျင်းပနိုင်ခြင်းသည် အားလုံးတွင် တာဝန်ရှိကြောင်း NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း ကပြောကြားလိုက်သည်။

“ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်တွေဟာ ယခု ရရှိထားတဲ့ ၅၁ ချက်တင် မကပဲ အချက်ပေါင်းများစွာရရှိပြိး ခိုင်မာတဲ့ ဖက်ဒရယ် အခြေခံ အုတ်မြစ်တွေကို ချမှတ်နိုင်ခဲ့ပြိးဖြစ်ပါလိမ့်မယ်။သို့သော်လည်း အစုအဖွဲ့တွေကြားမှာ ရှိနေတဲ့ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက်မှုတွေ အသာစီးရလိုမှုတွေကို မချေဖျက်နိုင်ခဲ့လို့ ၂၁ ရာစု ပင်လုံကို သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်းမှာ မကျင်းပနိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။တာဝန်ယူမှု၊ တာဝန်ခံမှု ပွင့်လင်းမြင်သာမှုတို့နဲ့ ၂၁ ရာစု ပင်လုံ ကျင်းပရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။

ယနေ့ နံနက်ပိုင်း က နေပြည်တော် ရှိ NRPC ရုံးတွင် ကျင်းပပြုလုပ်သည့် ၈ ကြိမ်မြောက် JICM (NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေး) ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA –S EAOs အကြို ညိနှိုင်း အစည်းအဝေး၏ အဖွင့်မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၁ ရာစု ပင်လုံ အစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပရမည်ဆိုသည့် အတိုင်း ကျင်းပမည် ဆိုပါက လေးနှစ်တာ ကာလ အတွင်း အစည်းအဝေးသည် ၈ ကြိမ် ကျင်းပပြီးစီးနိုင်မည်ဖြစ်သော်လည်း လက်ရှိမှာ အစည်းအဝေးသည် ၃ ကြိမ်သာ ကျင်းပနိုင်ခဲ့သေးကြောင်း သိရသည်။

ထို့ပြင် NCA တွင် ပြဌာန်းထားသည့် အတိုင်း မသွေတတိမ်းလိုက်နာ ဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးလမ်းသည် ချောမွေ့ဖြောင့်ဖြူးနေမည်ဖြစ်ကြောင်း ၊သို့သော် NCA ပြဌာန်းချက်များကို မျက်ကွယ်ပြု လောဘ၊ဒေါသ ၊အတ္တ၊မာန တွေကို ရှေ့တန်းတင်အင်အားကြိးမှိုက်ု အားပြုကာ ထင်ရာစိုင်း ကာ မိမိစိတိုင်းကျ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက ငြိမ်းချမ်းရေးလမ်း ခရီးပန်းတိုင်သည် ဝေးသထက်ဝေးနေမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။

ထို့အတူ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် NCA ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်လည်း NCA ၏ အရှိန်အဝါ ခိုင်မာမှု၊ အပြန်အလှန်အသိအမှတ်ပြုမှု ၊အနှစ်သာရ ကတိကဝတ်ပြုမှုများ၊အတွေးသစ်အမြင်သစ်များ၊ယုံကြည်မှုများကို ပြန်လည်ဖော်ထုတ်ရန်လိုအပ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။

ထို့အတူ NRPC ၏ ဒုတိယဥက္ကဌဖြစ်သူ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးမှလည်း ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ခုနှစ် တွင် ကျင်းပနိုင်ဖို့ အတွက် ကြိမ်းပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်း ကပြောသည်။

တတိယအကြိမ် ပင်လုံ ညီလာခံ အစည်းအဝေး ပြီးသည့် နောက်ပိုင်း ယနေ့ အချိန် အထိ အစိုးရကိုယ်စားလှယ်တွေသည် KNU နှင့် တွေ့ဆုံဆွေးနွေးမှု ၇ ကြိမ် ၊RCSS နှင့် တွေ့ဆုံ ဆွေးနွေးမှု ၆ ကြိမ် ၊ CNF နှင့် တွေ့ဆုံမှု ၁ ကြိမ်၊ KNP နှင့် တွေ့ဆုံဆွေးနွေးမှု ၁ ကြိမ် ၊ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ အဖွဲ့က ကိုယ်စားလှယ် အဖွဲ့များဖြင့် ၁၁ ကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

…………………………………………………….

(Zawgyi)

၂၁ ရာစုပင္လံုကို သတ္မွတ္ ထားသည့္ အခ်ိန္ကာလ အတိုင္း မက်င္းပနိုင္ျခင္းသည္ အားလံုးတြင္ တာ၀န္ရွိသည္ဟု RCSS ​ေျပာ

ေအာက္တိုဘာ ၂၅
ယဥ္ေကႏြယ္

အစုအဖြဲ႔ၾကားတြင္ရွိေနသည့္ အသာစီးရလိုမႈမ်ားအား မေခ်ဖက္နိုင္ခဲ့သည့္ အတြက္ ၂၁ ရာစု ပင္လံု အစည္းအေ၀းကို သတ္မွတ္ထားသည့္ အခ်ိန္ကာလ အတိုင္း မက်င္းပနိုင္ျခင္းသည္ အားလံုးတြင္ တာ၀န္ရွိေၾကာင္း NCA-S EAO JICM ဆိုင္ရာ ညွိႏႈိင္းေရးအဖြဲ႔ေခါင္းေဆာင္ျဖစ္သည့္ RCSS အတြင္းေရးမွဴး (၂) ဗိုလ္မွဴးႀကီး စိုင္းငင္း ကေျပာၾကားလိုက္သည္။

“ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ပါ အခ်က္ေတြဟာ ယခု ရရွိထားတဲ့ ၅၁ ခ်က္တင္ မကပဲ အခ်က္ေပါင္းမ်ားစြာရရွိၿပိး ခိုင္မာတဲ့ ဖက္ဒရယ္ အေျခခံ အုတ္ျမစ္ေတြကို ခ်မွတ္နိုင္ခဲ့ၿပိးျဖစ္ပါလိမ့္မယ္။သို႔ေသာ္လည္း အစုအဖြဲ႔ေတြၾကားမွာ ရွိေနတဲ့ မယံုၾကည္မႈေတြ၊ စိုးရိမ္ေၾကာင့္ၾကမႈေတြ၊ အစြန္းေရာက္မႈေတြ အသာစီးရလိုမႈေတြကို မေခ်ဖ်က္နိုင္ခဲ့လို႔ ၂၁ ရာစု ပင္လံုကို သတ္မွတ္ထားတဲ့ အခ်ိန္ကာလ အတြင္းမွာ မက်င္းပနိုင္ခဲ့ျခင္းဟာ ကၽြန္ေတာ္တို႔ အားလံုးမွာ တာ၀န္ရွိပါတယ္။တာ၀န္ယူမႈ၊ တာ၀န္ခံမႈ ပြင့္လင္းျမင္သာမႈတို႔နဲ႔ ၂၁ ရာစု ပင္လံု က်င္းပေရးကို ဦးတည္ ႀကိဳးပမ္းေဆာင္ရြက္ဖို႔ လုိအပ္ပါတယ္”ဟု ဗိုလ္မွဴးႀကီး စိုင္းငင္း ကေျပာသည္။

ယေန႔ နံနက္ပိုင္း က ေနျပည္ေတာ္ ရွိ NRPC ရံုးတြင္ က်င္းပျပဳလုပ္သည့္ ၈ ႀကိမ္ေျမာက္ JICM (NCA စာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာညွိႏိႈင္း အစည္းအေ၀း) က်င္းပနို္င္ေရးအတြက္ အစိုးရႏွင့္ NCA –S EAOs အႀကိဳ ညိႏႈိင္း အစည္းအေ၀း၏ အဖြင့္မိန္႔ခြန္းေျပာၾကားရာတြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

၂၁ ရာစု ပင္လံု အစည္းအေ၀းကို တစ္ႏွစ္လွ်င္ နွစ္ႀကိမ္ က်င္းပရမည္ဆိုသည့္ အတိုင္း က်င္းပမည္ ဆိုပါက ေလးႏွစ္တာ ကာလ အတြင္း အစည္းအေ၀းသည္ ၈ ႀကိမ္ က်င္းပျပီးစီးနို္င္မည္ျဖစ္ေသာ္လည္း လက္ရွိမွာ အစည္းအေ၀းသည္ ၃ ႀကိမ္သာ က်င္းပနိုင္ခဲ့ေသးေၾကာင္း သိရသည္။

ထို႔ျပင္ NCA တြင္ ျပဌာန္းထားသည့္ အတိုင္း မေသြတတိမ္းလိုက္နာ ေဆာင္ရြက္မည္ဆိုပါက ၿငိမ္းခ်မ္းေရးလမ္းသည္ ေခ်ာေမြ႔ေျဖာင့္ျဖဴးေနမည္ျဖစ္ေၾကာင္း ၊သို႔ေသာ္ NCA ျပဌာန္းခ်က္မ်ားကို မ်က္ကြယ္ျပဳ ေလာဘ၊ေဒါသ ၊အတၱ၊မာန ေတြကို ေရွ႕တန္းတင္အင္အားႀကိးမႈိက္ု အားျပဳကာ ထင္ရာစိုင္း ကာ မိမိစိတိုင္းက် ဆက္လက္ေဆာင္ရြက္ေနမည္ဆိုပါက ၿငိမ္းခ်မ္းေရးလမ္း ခရီးပန္းတိုင္သည္ ေ၀းသထက္ေ၀းေနမည္ျဖစ္ေၾကာင္း ဗိုလ္မွဴးႀကီး စိုင္းငင္းကေျပာသည္။

ထို႔အတူ ေအာက္တိုဘာလ ၂၈ ရက္ေန႔တြင္ ျပဳလုပ္မည့္ NCA ၄ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားတြင္လည္း NCA ၏ အရွိန္အ၀ါ ခိုင္မာမႈ၊ အျပန္အလွန္အသိအမွတ္ျပဳမႈ ၊အႏွစ္သာရ ကတိက၀တ္ျပဳမႈမ်ား၊အေတြးသစ္အျမင္သစ္မ်ား၊ယံုၾကည္မႈမ်ားကို ျပန္လည္ေဖာ္ထုတ္ရန္လိုအပ္ေၾကာင္း ဗိုလ္မွဴးႀကီး စိုင္းငင္း ကေျပာသည္။

ထို႔အတူ NRPC ၏ ဒုတိယဥကၠဌျဖစ္သူ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးမွလည္း ၂၁ ရာစု ပင္လံုညီလာခံ စတုတၳ အႀကိမ္ေျမာက္ အစည္းအေ၀း ကို ၂၀၂၀ ခုႏွစ္ တြင္ က်င္းပနိုင္ဖို႔ အတြက္ ႀကိမ္းပမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း ၎ ကေျပာသည္။

တတိယအႀကိမ္ ပင္လံု ညီလာခံ အစည္းအေ၀း ၿပီးသည့္ ေနာက္ပိုင္း ယေန႔ အခ်ိန္ အထိ အစိုးရကိုယ္စားလွယ္ေတြသည္ KNU နွင့္ ေတြ႔ဆံုေဆြးေႏြးမႈ ၇ ႀကိမ္ ၊RCSS နွင့္ ေတြ႔ဆံု ေဆြးေႏြးမႈ ၆ ႀကိမ္ ၊ CNF နွင့္ ေတြ႔ဆံုမႈ ၁ ႀကိမ္၊ KNP နွင့္ ေတြ႔ဆံုေဆြးေႏြးမႈ ၁ ႀကိမ္ ၊ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ အဖြဲ႔က ကိုယ္စားလွယ္ အဖြဲ႔မ်ားျဖင့္ ၁၁ ႀကိမ္ အလြတ္သေဘာ ေတြ႔ဆံုေဆြးေႏြးမႈမ်ား ေဆာင္ရြက္နို္င္ခဲ့ေၾကာင္း သိရသည္။

Leave a Reply