NCA ေလး ႏွစ္ျပည့္မွ လုပ္ငန္းစဥ္ ၃ ရပ္ခ်မွတ္ၿပီး ၿငိမ္းခ်မ္းေရးကို အျပင္းအထန္ ႀကိဳးပမ္းေဆာင္ရြက္မည္ဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

0
99

NCA လေး နှစ်ပြည့်မှ လုပ်ငန်းစဉ် ၃ ရပ်ချမှတ်ပြီး ငြိမ်းချမ်းရေးကို အပြင်းအထန် ကြိုးပမ်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အောက်တိုဘာ ၂၈
ယဉ်ကေနွယ်

NCA လေး နှစ်ပြည့်မှ စတင်ပြီး လုပ်ငန်းစဉ် ၃ ရပ်ချမှတ်ပြီး ငြိမ်းချမ်းရေးကို အပြင်းအထန် ကြိုးပမ်းဆောင်ရွက်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

“ကျွန်မတို့ အစိုးရ အနေနဲ့ ရှေ့လာမဲ့ ကာလ တွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၃ ရပ်ကို အပြင်းအထန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စု အတွက် တန်ဖိုးအရှိဆုံးဖြတ်တဲ့ ငြိ်းချမ်းရေး၊တန်းတူရေးနဲ့ ဖက်ဒရယ် တည်ဆောက်ရေး အခြေခံအုတ်မြစ်ကို လက်ဆင့််ကမ်းစိုက်ထူပေးသွားနိုင်ဖို့ ကျွန်မတို့ အစိုးရနဲ့ ပူးပေါင်းလက်တွဲပြီးဆောင်ရွက်ပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

ယနေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပပြုလုပ်သည့် NCA ၏ လေးနှစ်မြောက်နေ့ အခမ်းအတားတွင် ဒေါ်အောင်ဆန်းစုကြည်မှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

NCA တွင် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများ အသီးသီးမှ ခေါင်းဆောင်များအနေဖြင့်လည်း သမိုင်းဝင်နိုင်ငံရေးဆွေးနွေးပွဲများမှာ ပါဝင်နိုင်ရေးအတွက် ခြေတစ်လှမ်း တက်ပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပြောကြားခဲ့သည်။

“ပါဝင်သင့် ပါဝင်ထိုက်သူတို့ တွေ ပါဝင်နိုင်ခြင်း မရှိသေးတာကြောင့် ကျွန်မတို့ရဲ့ နိုင်ငံရေးစားပွဲဝိုင်းမှာ လိုအပ်ချက်တွေ စ်ဟာချက်တွေ ခံစားနေရပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့အတူ နိုင်ငံသည် ငြိမ်းချမ်းရေး ရရှိဖို့ အချိန်တန်နေရုံ သာမက အချိန်တောင် လွန်နေပြီး တိုင်းရင်းသားတန်းတူရေးအား အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သရွေ့ နိုင်ငံ၏ ငြိမ်းချမ်းမှုကို မမြင်နိုင်ကြောင်းလည်းဒေါ်အောင်ဆန်းစုကြည် ကပြောကြား ခဲ့သည်။

NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသက်သက်သာ မဟုတ်ပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သွားမည်ကို တိကျစွာ ဖော်ပြထားသည့် စာချုပ်ဖြစ်ရုံသာမက ဒီမိုကရေစီဖက်ဒရာယ် တည်ဆောက်ရေးကို မည်သည့် လမ်းကြောင်းက သွားမည်ဆိုသည်ကို ပြဌာန်းထားသည့် နိုင်ငံရေး ပဋိညာဉ် တစ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“ ဒီကနေ့ ကျွန်မတို့ကြားမှာ ဖြစ်ပေါ်လာခဲ့တဲ့ အခက်အခဲေတွေဟာ NCA စာချုပ်ကြောင့် မဟုတ်ပါဘူး။ NCA စာချုပ်ကို အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ၊ လိုက်နာဖို့ လိုအပ်ချက်တွေ နားလည်မှု ကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲဖြစ်ပါတယ်”ဟု ၎င်း ကပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ် ၃ ရပ်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို မည်သို့ ရှေ့ဆက်သွားမည့် ဘုံလုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၅၁ ချက် ရရှိပြီးဖြစ်သည့် အတွက် နောက်ထပ် ရနိုင်သမျှ အခြေခံမှုများရရှိအောင် အစုအဖွဲ့များကြားတွင် ၂၁ ရာစု ပင်လုံ ညီလာခံ၏ လုပ်ငန်းစဉ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ဆက်လက်ဖော်ဆောင်မည့် အဆင့်လိုက် လုပ်ငန်းစဉ် များ၊ ဦးစားပေး အစီအစဉ်များကို ဘုံသဘောတူညီချက် ရယူရေးတို့ ဖြစ်သည်။

____________________________________

(Zawgyi)

NCA ေလး ႏွစ္ျပည့္မွ လုပ္ငန္းစဥ္ ၃ ရပ္ခ်မွတ္ၿပီး ၿငိမ္းခ်မ္းေရးကို အျပင္းအထန္ ႀကိဳးပမ္းေဆာင္ရြက္မည္ဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ေအာက္တိုဘာ ၂၈
ယဥ္ေကႏြယ္

NCA ေလး ႏွစ္ျပည့္မွ စတင္ၿပီး လုပ္ငန္းစဥ္ ၃ ရပ္ခ်မွတ္ၿပီး ၿငိမ္းခ်မ္းေရးကို အျပင္းအထန္ ႀကိဳးပမ္းေဆာင္ရြက္မည္ဟု နို္င္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားလိုက္သည္။

“ကၽြန္မတို႔ အစိုးရ အေနနဲ႔ ေရွ႕လာမဲ့ ကာလ ေတြမွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ၃ ရပ္ကို အျပင္းအထန္ ႀကိဳးပမ္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ကၽြန္မတို႔ ျပည္ေထာင္စု အတြက္ တန္ဖိုးအရွိဆံုးျဖတ္တဲ့ ၿငိ္္းခ်မ္းေရး၊တန္းတူေရးနဲ႔ ဖက္ဒရယ္ တည္ေဆာက္ေရး အေျခခံအုတ္ျမစ္ကို လက္ဆင့္္္ကမ္းစိုက္ထူေပးသြားနိုင္ဖို႔ ကၽြန္မတို႔ အစိုးရနဲ႔ ပူးေပါင္းလက္တြဲၿပီးေဆာင္ရြက္ေပးၾကဖို႔ အေလးအနက္ ေမတၱာရပ္ခံ တိုက္တြန္းပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားခဲ့သည္။

ယေန႔ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန ၂ တြင္ က်င္းပျပဳလုပ္သည့္ NCA ၏ ေလးႏွစ္ေျမာက္ေန႔ အခမ္းအတားတြင္ ေဒၚေအာင္ဆန္းစုၾကည္မွ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

NCA တြင္ လက္မွတ္မေရးထိုးရေသးသည့္ အဖြဲ႔အစည္းမ်ား အသီးသီးမွ ေခါင္းေဆာင္မ်ားအေနျဖင့္လည္း သမိုင္း၀င္နုိင္ငံေရးေဆြးေႏြးပြဲမ်ားမွာ ပါ၀င္နိုင္ေရးအတြက္ ေျခတစ္လွမ္း တက္ေပးၾကရန္လည္း ေဒၚေအာင္ဆန္းစုၾကည္က ေမတၱာရပ္ခံေျပာၾကားခဲ့သည္။

“ပါ၀င္သင့္ ပါ၀င္ထိုက္သူတို႔ ေတြ ပါ၀င္နိုင္ျခင္း မရွိေသးတာေၾကာင့္ ကၽြန္မတို႔ရဲ႕ နိုင္ငံေရးစားပြဲ၀ိုင္းမွာ လိုအပ္ခ်က္ေတြ စ္ဟာခ်က္ေတြ ခံစားေနရပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္ကေျပာသည္။

ထို႔အတူ နိုင္ငံသည္ ၿငိမ္းခ်မ္းေရး ရရွိဖို႔ အခ်ိန္တန္ေနရံု သာမက အခ်ိန္ေတာင္ လြန္ေနၿပီး တိုင္းရင္းသားတန္းတူေရးအား အေျခခံသည့္ ဖက္ဒရယ္ျပည္ေထာင္စု မတည္ေဆာက္နိုင္သေရြ႕ နိုင္ငံ၏ ၿငိမ္းခ်မ္းမႈကို မျမင္နိုင္ေၾကာင္းလည္းေဒၚေအာင္ဆန္းစုၾကည္ ကေျပာၾကား ခဲ့သည္။

NCA သည္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသက္သက္သာ မဟုတ္ပဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေကာင္အထည္ေဖာ္သြားမည္ကို တိက်စြာ ေဖာ္ျပထားသည့္ စာခ်ဳပ္ျဖစ္ရံုသာမက ဒီမိုကေရစီဖက္ဒရာယ္ တည္ေဆာက္ေရးကို မည္သည့္ လမ္းေၾကာင္းက သြားမည္ဆိုသည္ကို ျပဌာန္းထားသည့္ နိုင္ငံေရး ပဋိညာဥ္ တစ္ရပ္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကေျပာသည္။

“ ဒီကေန႔ ကၽြန္မတို႔ၾကားမွာ ျဖစ္ေပၚလာခဲ့တဲ့ အခက္အခဲေေတြဟာ NCA စာခ်ဳပ္ေၾကာင့္ မဟုတ္ပါဘူး။ NCA စာခ်ဳပ္ကို အေကာင္အထည္ေဖာ္ရာမွာ အားနည္းခ်က္ေတြ၊ လိုက္နာဖို႔ လိုအပ္ခ်က္ေတြ နားလည္မႈ ကြဲျပားမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ အခက္အခဲျဖစ္ပါတယ္”ဟု ၎ ကေျပာၾကားခဲ့သည္။

အဆိုပါ လုပ္ငန္းစဥ္ ၃ ရပ္သည္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံုကို မည္သို႔ ေရွ႕ဆက္သြားမည့္ ဘံုလုပ္ငန္းစဥ္ ျဖစ္ေၾကာင္း၊ ဖက္ဒရယ္ဆိုင္ရာ အေျခခံမူ ၅၁ ခ်က္ ရရွိၿပီးျဖစ္သည့္ အတြက္ ေနာက္ထပ္ ရနိုင္သမွ် အေျခခံမႈမ်ားရရွိေအာင္ အစုအဖြဲ႔မ်ားၾကားတြင္ ၂၁ ရာစု ပင္လံု ညီလာခံ၏ လုပ္ငန္းစဥ္မ်ား ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းနွင့္ ၂၀၂၀ ေရြးေကာက္ပြဲအလြန္ ဆက္လက္ေဖာ္ေဆာင္မည့္ အဆင့္လိုက္ လုပ္ငန္းစဥ္ မ်ား၊ ဦးစားေပး အစီအစဥ္မ်ားကို ဘံုသေဘာတူညီခ်က္ ရယူေရးတို႔ ျဖစ္သည္။

Leave a Reply