လူငယ္ (၂) ဦးအား ၿပိဳင္ကားနွင့္ တိုက္မိသည့္အမႈ ေအာက္တိုဘာ ၃၁ ရက္ေန႔ အမိန္႔ခ်မည္

0
67

လူငယ် (၂) ဦးအား ပြိုင်ကားနှင့် တိုက်မိသည့်အမှု အောက်တိုဘာ ၃၁ ရက်နေ့ အမိန့်ချမည်

အောက်တိုဘာ – ၂၉

နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်း နှင့် ၂၆ လမ်းထောင့် ကျုံးဘေးတွင် ပြိုင်ကားနှင့် တိုက်မိကာ လူငယ် (၂) ဦး သေဆုံးသည့်အမှုအား အောက်တိုဘာလ ၃၁ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည် ။

ယင်းအမှုတွင် ယာဉ်မောင်းဖြစ်သူ သန်းထက်အောင် အား အောက်တိုဘာလ ၂၉ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အပြီးသတ်လျှောက်လဲချက်တင်ခဲ့သည်။

အမှုတွင် တရားလိုနှင့် တရားလိုပြသက်သေများ ၊ တရားခံနှင့် တရားခံပြသက်သေများအား စစ်ဆေးပြီးဖြစ်သည့်အတွက် နောက်ဆုံးအဆင့် အပြီးသက်လျှောက်လဲချက်အား တရားရုံးသို့ တင်ပြရခြင်းဖြစ်ကာ အောက်တိုဘာလ ၂၃ ရက်နေ့က တရားလိုဘက်မှ လျှောက်လဲချက်တင်ခဲ့ပြီးဖြစ်သည် ။

“နောက်လာမယ့် ရုံးချိန်း အောက်တိုဘာ ၃၁ မှာ အမိန့်ချချိန်းတယ် ။ ဒီနေ့တော့ တစ်ဖက်က ကျန်နေတဲ့ အပြီးသက်လျှောက်လဲချက်ကို တင်တယ်။ ကျွန်တော်တို့က အရင် တစ်ပတ်က တင်ထားပြီးသားဖြစ်တယ်။´´ ဟု အထက်တန်းရှေ့နေ ဦးရဲရင့်ဝေ က ပြောသည်။

ယင်းအမှုတွင် အမှုအမှတ် ၁၆၉၅/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် လည်းကောင်း၊ အမှုအမှတ် ၁၆၉၆/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၂၇၉ ဖြင့် လည်းကောင်း စွဲချက်တင်ထားပြီးဖြစ်သည် ။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ နံနက် အစောပိုင်းအချိန်က ၇၈ လမ်း ၂၆ လမ်း မီးပွိုင့်တွင် မီးနီနေသဖြင့် ဆိုင်ကယ်အား ရပ်၍စောင့်နေစဉ် TOYOTA Lexus အနီရောင်ပြိုင်ကားမှ အနောက်က ဝင်တိုက်မိခဲ့ကာ လူငယ် (၂) ဦး သေဆုံးခဲ့သည် ။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်တွင်ပါသည့် လွင်မင်းသန့် (၂၃) နှစ် နှင့် ကျော်ဇင်သက် (၂၆) နှစ် တို့သည့်လည်း ကားနှင့် ချိတ်ပါခဲ့ပြီး ဒဏ်ရာများရရှိခဲ့သည့်အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ရာ ၎င်းတို့ (၂) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည် ။

_______________________________________

(Zawgyi)

လူငယ္ (၂) ဦးအား ၿပိဳင္ကားနွင့္ တိုက္မိသည့္အမႈ ေအာက္တိုဘာ ၃၁ ရက္ေန႔ အမိန္႔ခ်မည္

ေအာက္တိုဘာ – ၂၉

ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ၇၈ လမ္း နွင့္ ၂၆ လမ္းေထာင့္ က်ံဳးေဘးတြင္ ၿပိဳင္ကားနွင့္ တိုက္မိကာ လူငယ္ (၂) ဦး ေသဆံုးသည့္အမႈအား ေအာက္တိုဘာလ ၃၁ ရက္ေန႔တြင္ အမိန္႔ခ်မည္ျဖစ္ေၾကာင္း သိရသည္ ။

ယင္းအမႈတြင္ ယာဥ္ေမာင္းျဖစ္သူ သန္းထက္ေအာင္ အား ေအာက္တိုဘာလ ၂၉ ရက္ေန႔က ေအာင္ေျမသာစံၿမိဳ႕နယ္ တရားရံုးတြင္ ရံုးထုတ္ခဲ့ၿပီး အၿပီးသတ္ေလွ်ာက္လဲခ်က္တင္ခဲ့သည္။

အမႈတြင္ တရားလိုႏွင့္ တရားလိုျပသက္ေသမ်ား ၊ တရားခံႏွင့္ တရားခံျပသက္ေသမ်ားအား စစ္ေဆးၿပီးျဖစ္သည့္အတြက္ ေနာက္ဆံုးအဆင့္ အၿပီးသက္ေလွ်ာက္လဲခ်က္အား တရားရံုးသို႔ တင္ျပရျခင္းျဖစ္ကာ ေအာက္တိုဘာလ ၂၃ ရက္ေန႔က တရားလိုဘက္မွ ေလွ်ာက္လဲခ်က္တင္ခဲ့ၿပီးျဖစ္သည္ ။

“ေနာက္လာမယ့္ ရံုးခ်ိန္း ေအာက္တိုဘာ ၃၁ မွာ အမိန္႔ခ်ခ်ိန္းတယ္ ။ ဒီေန႔ေတာ့ တစ္ဖက္က က်န္ေနတဲ့ အၿပီးသက္ေလွ်ာက္လဲခ်က္ကို တင္တယ္။ ကြၽန္ေတာ္တို႔က အရင္ တစ္ပတ္က တင္ထားၿပီးသားျဖစ္တယ္။´´ ဟု အထက္တန္းေရွ႕ေန ဦးရဲရင့္ေဝ က ေျပာသည္။

ယင္းအမႈတြင္ အမႈအမွတ္ ၁၆၉၅/၂၀၁၈ တြင္ ရာဇသတ္ႀကီးပုဒ္မ – ၃၀၄(က) ျဖင့္ လည္းေကာင္း၊ အမႈအမွတ္ ၁၆၉၆/၂၀၁၈ တြင္ ရာဇသတ္ႀကီးပုဒ္မ – ၂၇၉ ျဖင့္ လည္းေကာင္း စြဲခ်က္တင္ထားၿပီးျဖစ္သည္ ။

၂၀၁၈ ခုႏွစ္ နိုဝင္ဘာလ (၉) ရက္ေန႔ နံနက္ အေစာပိုင္းအခ်ိန္က ၇၈ လမ္း ၂၆ လမ္း မီးပြိဳင့္တြင္ မီးနီေနသျဖင့္ ဆိုင္ကယ္အား ရပ္၍ေစာင့္ေနစဥ္ TOYOTA Lexus အနီေရာင္ၿပိဳင္ကားမွ အေနာက္က ဝင္တိုက္မိခဲ့ကာ လူငယ္ (၂) ဦး ေသဆံုးခဲ့သည္ ။

ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေပၚတြင္ပါသည့္ လြင္မင္းသန္႔ (၂၃) နွစ္ နွင့္ ေက်ာ္ဇင္သက္ (၂၆) နွစ္ တို႔သည့္လည္း ကားနွင့္ ခ်ိတ္ပါခဲ့ၿပီး ဒဏ္ရာမ်ားရရွိခဲ့သည့္အတြက္ မႏၲေလးအေထြေထြေရာဂါကုေဆးရံုႀကီးသို႔ တင္ပို႔ရာ ၄င္းတို႔ (၂) ဦးလံုး ေသဆံုးခဲ့ေၾကာင္း သိရသည္ ။

Leave a Reply