နိုင္ငံျခားသားမ်ားအား စေတာ့ရွယ္ယာ ေရာင္းဝယ္ ခြင့္ကို ယခုနွစ္ကုန္ပိုင္းတြင္ စတင္ ခြင့္ျပဳမည္

0
9

နိုင်ငံခြားသားများအား စတော့ရှယ်ယာ ရောင်းဝယ် ခွင့်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင် ခွင့်ပြုမည်

အောက်တိုဘာ ၃၀
ဝေဝေဖြိုး

ရန်ကုန်စတော့ အိတ်ချိန်း၏ စာရင်းဝင် ကုမ္ပဏီများတွင် အစုရှယ်ယာ ရောင်းဝယ်ခြင်း များကို ယခုနှစ်ကုန် ပိုင်းတွင် နိုင်ငံခြားသားများအား စတင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးကပြောသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ်စသည့် အာရှဒေသတွင်း နိုင်ငံများက စိတ်ဝင်စားမှု ရှိနေကြောင်းသိရသည်။

“တစ်လ၊ နှစ်လအတွင်းမှာတော့ ခွင့်ပြုမယ်။ ဒါပေမယ့် သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်တွေကို စောင့်နေတာရှိတယ်။ အဲ့ဒီ ညွှန်ကြားချက်တွေ ရရင်တော့ Trade လုပ်နိုင်မှာပါ။
နိုင်ငံခြားသားနဲ့ ပတ်သတ်တဲ့ Definition တွေ ဖွင့်ပေးရဦးမယ်။ ဘယ်လိုနိုင်ငံခြားသားကို ခွင့်ပြုမှာလဲ။ သူတို့ရဲ့ ငွေတွေ ဝင်လာမှာ ရှိတယ်။ ငွေပြန်ထွက်သွားတာ ရှိမယ်။ အခွန်အကောက် ကိစ္စတွေ ရှိမယ်။ ဒီလိုကိစ္စတွေမှာ တစ်ချို့ဟာ တွေက ညှိနှိုင်းဆဲတွေ ဖြစ်လို့ ကြာနေတာပါ”
ဟု ၎င်းကပြောသည်။

သက်ဆိုင်ရာ ဌာနများက ထုတ်ပြန်ရန် ကျန်ရှိနေသည့် ညွှန်ကြားချက်များ ထွက်လာပြီ ဆိုပါက နိုင်ငံခြားသားများ အဆင့်သင့် ရောင်းဝယ်၍ ရအောင် ပြင်ဆင်စရာများကို အဆင်သင့် ပြုလုပ်ထားပြီးဖြစ်ကြောင်းသိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ် ခွင့်ကို မြန်မာနိုင်ငံအတွင်း၌ နေထိုင်သည့် နိုင်ငံခြားသားများကိုသာ အရင်ဦးဆုံး ခွင့်ပြုပေးသွားမည်ဟုဆိုသည်။

ပြည်တွင်း၌ နေထိုင်ခြင်း မရှိသည့် အကြီးစား ရင်းနှီးမြှုပ်နှံသူများကို ခွင့်ပြုရန် ၁ နှစ်ခွဲ နီးပါးခန့် အချိန်ယူ ပြင်ဆင်ရမည်ဟုဆိုသည်။

စတော့အိတ်ချိန်းများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို ခွင့်ပြုလိုက်မည်ဆိုပါက ရှယ်ယာအရောင်းအဝယ် အညွှန်းကိန်း မြင့်တက်လာသည်ကို ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားစသည့် နိုင်ငံများတွင် တွေ့မြင် ခဲ့ရကြောင်း Daiwa Institute of Research Ltd. ၏ အကြီးတန်း အကြံပေး Mr. Ryota Sugishita က ပြောပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့်လည်း နိုင်ငံခြားသားကို ခွင့်ပြုပေးလိုက်မည်ဆိုပါက ရှယ်ယာရောင်းဝယ်မှုများ တိုးလာနိုင်သည် ဟုဆိုသည်။

“မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်အခြေအနေက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို လက်ခံလိုက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာလည်း ပိုပြီးကောင်းလာနိုင်သလို စတော့ဈေးကွက်လည်း အားကောင်းလာနိုင်မယ်လို့ ယုံကြည်ရပါတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူနိုင်ကြောင်းကို ငွေချေးသက်သေ ခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM) က ယခုနှစ်၊ ဇူလိုင်လ ၁၂ ရက် က ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းအမိန့်ကြော်ငြာစာအရ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း အမြဲနေထိုင်ခွင့် ရရှိသူဖြစ်စေ၊ အမြဲနေထိုင်ခွင့် မရရှိသူဖြစ်စေ ငွေချေးသက်သေခံ လက်မှတ်စာရင်းများကို မည်သည့် ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီတွင်မဆို ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အဆိုပါ စာရင်းမှတစ်ဆင့် ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ရှယ်ယာများကို ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ နိုင်ငံခြားသား ရှယ်ယာပါဝင်မှုကို ၃၅ ရာခိုင်နှုန်းထိ ခွင့်ပြုထားသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် First Myanmar Investment (FMI)၊ Myanmar Thilawa SEZ Holidings Public (MTSH)၊ မြန်မာနိုင်ငံ သားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် TMH Telecom Public (TMH) တို့က စာရင်းဝင် ကုမ္ပဏီများအဖြစ် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်လျက် ရှိသည်။

__________________________________;

(Zawgyi)

နိုင္ငံျခားသားမ်ားအား စေတာ့ရွယ္ယာ ေရာင္းဝယ္ ခြင့္ကို ယခုနွစ္ကုန္ပိုင္းတြင္ စတင္ ခြင့္ျပဳမည္

ေအာက္တိုဘာ ၃၀
ေဝေဝၿဖိဳး

ရန္ကုန္စေတာ့ အိတ္ခ်ိန္း၏ စာရင္း၀င္ ကုမၸဏီမ်ားတြင္ အစု႐ွယ္ယာ ေရာင္း၀ယ္ျခင္း မ်ားကို ယခုႏွစ္ကုန္ ပိုင္းတြင္ ႏုိင္ငံျခားသားမ်ားအား စတင္ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္စေတာ့အိတ္ခ်ိန္း၏ အႀကီးတန္းအမႈေဆာင္ မန္ေနဂ်ာ ဦးသက္ထြန္းဦးကေျပာသည္။

လက္႐ွိ ရန္ကုန္စေတာ့အိတ္ခ်ိန္း၏ စာရင္း၀င္ ကုမၸဏီမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံရန္အတြက္ တ႐ုတ္၊ ထိုင္း၊ ဂ်ပန္၊ ဗီယက္နမ္စသည့္ အာ႐ွေဒသတြင္း ႏုိင္ငံမ်ားက စိတ္၀င္စားမႈ ႐ွိေနေၾကာင္းသိရသည္။

“တစ္လ၊ ႏွစ္လအတြင္းမွာေတာ့ ခြင့္ျပဳမယ္။ ဒါေပမယ့္ သက္ဆိုင္ရာဌာနေတြရဲ႕ ညႊန္ၾကားခ်က္ေတြကို ေစာင့္ေနတာ႐ွိတယ္။ အဲ့ဒီ ညႊန္ၾကားခ်က္ေတြ ရရင္ေတာ့ Trade လုပ္ႏုိင္မွာပါ။
ႏိုင္ငံျခားသားနဲ႔ ပတ္သတ္တဲ့ Definition ေတြ ဖြင့္ေပးရဦးမယ္။ ဘယ္လိုႏုိင္ငံျခားသားကို ခြင့္ျပဳမွာလဲ။ သူတို႔ရဲဲ႕ ေငြေတြ ၀င္လာမွာ ႐ွိတယ္။ ေငြျပန္ထြက္သြားတာ ႐ွိမယ္။ အခြန္အေကာက္ ကိစၥေတြ ႐ွိမယ္။ ဒီလိုိကိစၥေတြမွာ တစ္ခ်ိဳ႕ဟာ ေတြက ညွိႏိႈင္းဆဲေတြ ျဖစ္လို႔ ၾကာေနတာပါ”
ဟု ၎ကေျပာသည္။

သက္ဆိုင္ရာ ဌာနမ်ားက ထုတ္ျပန္ရန္ က်န္ရွိေနသည့္ ညႊန္ၾကားခ်က္မ်ား ထြက္လာၿပီ ဆိုပါက ႏုိင္ငံျခားသားမ်ား အဆင့္သင့္ ေရာင္း၀ယ္၍ ရေအာင္ ျပင္ဆင္စရာမ်ားကို အဆင္သင့္ ျပဳလုပ္ထားၿပီးျဖစ္ေၾကာင္းသိရသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ႐ွယ္ယာေရာင္း၀ယ္ ခြင့္ကို ျမန္မာႏုိင္ငံအတြင္း၌ ေနထိုင္သည့္ ႏုိင္ငံျခားသားမ်ားကိုသာ အရင္ဦးဆံုး ခြင့္ျပဳေပးသြားမည္ဟုဆိုသည္။

ျပည္တြင္း၌ ေနထိုင္ျခင္း မ႐ွိသည့္ အႀကီးစား ရင္းႏွီးျမွဳပ္ႏွံသူမ်ားကို ခြင့္ျပဳရန္ ၁ ႏွစ္ခြဲ နီးပါးခန္႔ အခ်ိန္ယူ ျပင္ဆင္ရမည္ဟုဆိုသည္။

စေတာ့အိတ္ခ်ိန္းမ်ားတြင္ ႏုိင္ငံျခားသား ရင္းႏွီးျမွဳပ္ႏွံသူမ်ားကို ခြင့္ျပဳလိုက္မည္ဆိုပါက ႐ွယ္ယာအေရာင္းအ၀ယ္ အညႊန္းကိန္း ျမင့္တက္လာသည္ကို ထိုင္း၊ ဗီယက္နမ္၊ အင္ဒိုနီး႐ွားစသည့္ ႏုိင္ငံမ်ားတြင္ ေတြ႕ျမင္ ခဲ့ရေၾကာင္း Daiwa Institute of Research Ltd. ၏ အႀကီးတန္း အႀကံေပး Mr. Ryota Sugishita က ေျပာပါတယ္။

ထို႔ေၾကာင့္ ျမန္မာႏုိင္ငံအေနနွင့္လည္း ႏိုင္ငံျခားသားကို ခြင့္ျပဳေပးလိုက္မည္ဆိုပါက ႐ွယ္ယာေရာင္း၀ယ္မႈမ်ား တိုးလာႏိုင္သည္ ဟုဆိုသည္။

“ျမန္မာႏုိင္ငံရဲ႕ စေတာ့ေစ်းကြက္အေျခအေနက ႏုိင္ငံျခားသား ရင္းႏွီးျမွဳပ္ႏွံသူေတြကို လက္ခံလိုက္မယ္ဆိုရင္ ပိုၿပီးေတာ့ ေကာင္းမြန္လာႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးအေျခအေနဟာလည္း ပိုၿပီးေကာင္းလာႏုိင္သလို စေတာ့ေစ်းကြက္လည္း အားေကာင္းလာႏိုင္မယ္လို႔ ယံုၾကည္ရပါတယ္”ဟု ၎ကေျပာသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း စာရင္းဝင္ကုမၸဏီမ်ား၏ အစုရွယ္ယာမ်ားကို ႏိုင္ငံျခားသားမ်ား ဝယ္ယူႏိုင္ေၾကာင္းကို ေငြေခ်းသက္ေသ ခံလက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္(SECM) က ယခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္ က ထုတ္ျပန္ ေၾကညာခဲ့သည္။

ယင္းအမိန္႔ေၾကာ္ျငာစာအရ ႏိုင္ငံျခားသားမ်ားသည္ ျမန္မာႏုိင္ငံအတြင္း အျမဲေနထိုင္ခြင့္ ရရိွသူျဖစ္ေစ၊ အျမဲေနထိုင္ခြင့္ မရရိွသူျဖစ္ေစ ေငြေခ်းသက္ေသခံ လက္မွတ္စာရင္းမ်ားကို မည္သည့္ ေငြေခ်းသက္ေသခံ လက္မွတ္ ကုမၸဏီတြင္မဆို ဖြင့္လွစ္ႏုိင္မည္ျဖစ္ျပီး အဆုိပါ စာရင္းမွတစ္ဆင့္ ရန္ကုန္စေတာ့အိပ္ခ်ိန္း စာရင္း၀င္ရွယ္ယာမ်ားကို ရင္းႏွီးျမွဳပ္ႏွံႏိုင္မည္ျဖစ္သည္။

ျမန္မာႏုိင္ငံကုမၸဏိီမ်ားဥပေဒ ၂၀၁၇ အရ ႏုိင္ငံျခားသား ရွယ္ယာပါဝင္မႈကို ၃၅ ရာခုိင္ႏႈန္းထိ ခြင့္ျပဳထားသည္။

လက္ရွိ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ First Myanmar Investment (FMI)၊ Myanmar Thilawa SEZ Holidings Public (MTSH)၊ ျမန္မာႏိုင္ငံ သားမ်ားဘဏ္ (MCB)၊ ပထမပုဂၢလိကဘဏ္ (FPB) ႏွင့္ TMH Telecom Public (TMH) တို႔က စာရင္း၀င္ ကုမၸဏီမ်ားအျဖစ္ အစုရွယ္ယာမ်ား အေရာင္းအ၀ယ္ ျပဳလုပ္လ်က္ ရွိသည္။

Leave a Reply