ဆိပ္ကမ္းၿမိဳ႕နယ္ မဖ်က္သိမ္းေရး ဆႏၵထုတ္ေဖာ္မည္

0
195

ဆိပ်ကမ်းမြို့နယ် မဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်မည်

အောက်တိုဘာ ၂၉

ကျော်သူမြင့်

ရန်ကုန်မြို့ရှိ၊ ဆိပ်ကမ်းမြို့နယ်ကို အခြားမြို့နယ်များအတွင်း ထည့်သွင်းရန် အစိုးရက စီစဉ်လျှက် ရှိပြီး မြို့နယ်မဖျက်သိမ်းရေးအတွက် မြို့နယ်နေလူထုအင်အား(၅၀၀)ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးနေမျိုးအောင်က ပြောသည်။

“လူငါးရာနဲ့ ဆန္ဒထုတ်ဖော်ဖို့ စာတင်ထားတယ်။ ကျွန်တော်တို့စီစဉ်တာတော့ မဟုတ်ပါဘူး ဆိပ်ကမ်းမြို့နယ်ချစ်သူများအဖွဲ့က စီစဉ်တာပါ”ဟု ဦးနေမျိုးအောင်က ပြောသည်။

နှစ်ပေါင်း(၅၀)ခန့် တည်ရှိခဲ့ပြီး ရပ်ကွက်သုံးခုနှင့် လူဦးရေထောင်ဂဏန်းကျော်သာ နေထိုင်သည့် ဆိပ်ကမ်းမြို့နယ်ကို ယင်းနှင့် ထိစပ်လျက်ရှိသည့် လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့ အတွင်း ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဆိပ်ကမ်းမြို့နယ်တွင် မော်တင်ရပ်ကွက်၊ မိသားစုရပ်ကွက်နှင့် ရဲရိပ်သာရပ်ကွက် သုံးခုရှိပြီး အစိုးရ ဝန်ထမ်းအများစု နေထိုင်ကြသည်။

ဝန်ထမ်းအများစုနေထိုင်သည့် မြို့နယ်ဖြစ်သောကြောင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် လက်ရှိ အာဏာရပါတီအနေဖြင့် ရှုံးနိမ့်မှုများရှိခဲ့သောကြောင့် ယင်းမြို့နယ်ကို ဖျက်သိမ်းရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။

“ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီစနစ်တခုကို သွားနေပြီ ဥပဒေအရ ငါးနှစ်တစ်ကြိမ်ရွေးကောက် ပွဲတွေဆိုတာရှိမှာပဲ ဒီဝေဖန်မှုတွေသာ မှန်မယ်ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။ ရွေးကောက်ပွဲ ဆိုတာ ပါတီရဲ့ပုံရိပ်၊ ရွေးကောက်ခံကိုယ်စားလှယ်ရဲ့ ပုံရိပ်တွေပါတယ် ပြည်သူကချစ်အောင် အားကိုးခံရအောင်မလုပ်ပဲ ငါတို့ကို မထောက်ခံရင် ဖျက်သိမ်းမယ်ဆိုတဲ့ လုပ်ရပ်ကမကောင်းဘူး” ဟု ဦးနေမျိုးအောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် NLD ပါတီမှ ဦးသန်းထိုက်အောင်က အနိုင်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးနေမျိုးအောင်ကို မဲဆွယ်ကာလအတွင်းလှုပ်ရှားမှုတချို့တွင် ဥပဒေနှင့် မညီကြောင်း ရွေးကောက်ပွဲကော်မရှင်ထံတိုင်ကြားခဲ့ပြီး ကော်မရှင်က စစ်ဆေးမှုများ ပြု လုပ်ခဲ့ပြီး NLD ကိုယ်စားလှယ်လောင်းကို အနိုင်ပေးခဲ့သည်။

______________________________________

(Zawgyi)

ဆိပ္ကမ္းၿမိဳ႕နယ္ မဖ်က္သိမ္းေရး ဆႏၵထုတ္ေဖာ္မည္

ေအာက္တိုဘာ ၂၉

ေက်ာ္သူျမင့္

ရန္ကုန္ၿမိဳ႕ရွိ၊ ဆိပ္ကမ္းၿမိဳ႕နယ္ကို အျခားၿမိဳ႕နယ္မ်ားအတြင္း ထည့္သြင္းရန္ အစိုးရက စီစဥ္လွ်က္ ရွိၿပီး ၿမိဳ႕နယ္မဖ်က္သိမ္းေရးအတြက္ ၿမိဳ႕နယ္ေနလူထုအင္အား(၅၀၀)ျဖင့္ ေအာက္တိုဘာ ၃၀ ရက္တြင္ ဆႏၵထုတ္ေဖာ္သြားမည္ဟု ဆိပ္ကမ္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဟာင္း ဦးေနမ်ိဳးေအာင္က ေျပာသည္။

“လူငါးရာနဲ႔ ဆႏၵထုတ္ေဖာ္ဖို႔ စာတင္ထားတယ္။ ကၽြန္ေတာ္တို႔စီစဥ္တာေတာ့ မဟုတ္ပါဘူး ဆိပ္ကမ္းၿမိဳ႕နယ္ခ်စ္သူမ်ားအဖဲြ႕က စီစဥ္တာပါ”ဟု ဦးေနမ်ိဳးေအာင္က ေျပာသည္။

ႏွစ္ေပါင္း(၅၀)ခန္႔ တည္ရွိခဲ့ၿပီး ရပ္ကြက္သံုးခုႏွင့္ လူဦးေရေထာင္ဂဏန္းေက်ာ္သာ ေနထိုင္သည့္ ဆိပ္ကမ္းၿမိဳ႕နယ္ကို ယင္းႏွင့္ ထိစပ္လ်က္ရွိသည့္ လမ္းမေတာ္ၿမိဳ႕နယ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တို႔ အတြင္း ထည့္သြင္းရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

ဆိပ္ကမ္းၿမိဳ႕နယ္တြင္ ေမာ္တင္ရပ္ကြက္၊ မိသားစုရပ္ကြက္ႏွင့္ ရဲရိပ္သာရပ္ကြက္ သံုးခုရွိၿပီး အစိုးရ ဝန္ထမ္းအမ်ားစု ေနထိုင္ၾကသည္။

ဝန္ထမ္းအမ်ားစုေနထိုင္သည့္ ၿမိဳ႕နယ္ျဖစ္ေသာေၾကာင့္ ၿပီးခဲ့သည့္ ေ႐ြးေကာက္ပဲြမ်ားတြင္ လက္ရွိ အာဏာရပါတီအေနျဖင့္ ရံႈးနိမ့္မႈမ်ားရွိခဲ့ေသာေၾကာင့္ ယင္းၿမိဳ႕နယ္ကို ဖ်က္သိမ္းရန္ စီစဥ္ေနျခင္း ျဖစ္သည္ဟု ေဝဖန္မႈမ်ားရွိေနသည္။

“ကၽြန္ေတာ္တို႔က ပါတီစံုဒီမိုကေရစီစနစ္တခုကို သြားေနၿပီ ဥပေဒအရ ငါးႏွစ္တစ္ႀကိမ္ေ႐ြးေကာက္ ပဲြေတြဆိုတာရွိမွာပဲ ဒီေဝဖန္မႈေတြသာ မွန္မယ္ဆိုရင္ေတာ့ စိတ္မေကာင္းစရာပါပဲ။ ေ႐ြးေကာက္ပဲြ ဆိုတာ ပါတီရဲ႕ပံုရိပ္၊ ေ႐ြးေကာက္ခံကိုယ္စားလွယ္ရဲ႕ ပံုရိပ္ေတြပါတယ္ ျပည္သူကခ်စ္ေအာင္ အားကိုးခံရေအာင္မလုပ္ပဲ ငါတို႔ကို မေထာက္ခံရင္ ဖ်က္သိမ္းမယ္ဆိုတဲ့ လုပ္ရပ္ကမေကာင္းဘူး” ဟု ဦးေနမ်ိဳးေအာင္က ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပဲြတြင္ ႐ံႈးနိမ့္ခဲ့သည့္ NLD ပါတီမွ ဦးသန္းထိုက္ေအာင္က အႏိုင္ရရွိခဲ့သည့္ ျပည္ခိုင္ၿဖိဳးပါတီမွ ဦးေနမ်ိဳးေအာင္ကို မဲဆြယ္ကာလအတြင္းလႈပ္ရွားမႈတခ်ိဳ႕တြင္ ဥပေဒႏွင့္ မညီေၾကာင္း ေ႐ြးေကာက္ပဲြေကာ္မရွင္ထံတိုင္ၾကားခဲ့ၿပီး ေကာ္မရွင္က စစ္ေဆးမႈမ်ား ျပဳ လုပ္ခဲ့ၿပီး NLD ကိုယ္စားလွယ္ေလာင္းကို အႏိုင္ေပးခဲ့သည္။

Leave a Reply