အင္းဝ – မင္းကြန္း – ရွိမ္းမကား ခရီးစဥ္ကုိ Speed Boat ျဖင့္ ေျပးဆြဲေရး ေဆာင္ရြက္ေရး

0
10

အင်းဝ – မင်းကွန်း – ရှိမ်းမကား ခရီးစဉ်ကို Speed Boat ဖြင့် ပြေးဆွဲရေး ဆောင်ရွက်ရေး

နိုဝင်ဘာ ၂
နိုင်လင်းဦး

စစ်ကိုင်းမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ အသင်း (စစ်ကိုင်း) က ဦးဆောင်ပြီး အင်းဝ – မင်းကွန်း – ရှိမ်းမကား ခရီးစဉ်ကို Speed Boat ဖြင့် ပြေးဆွဲရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

ထိုသို့ ပြေးဆွဲနိုင်ရန်အတွက် စမ်းသပ်ပြေးဆွဲ မောင်းနှင်မှုများ ကနဦး ပြုလုပ်ပြီး လမ်းခရီးတွင် နားနေနိုင်သည့် ကျွန်းများစီစဉ်ခြင်း ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ နှင့် ပညာရှင်များ၏ အကြံပြုချက်များရယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ အသင်း (စစ်ကိုင်း) က သိရသည် ။

“အဓိကကတော့ စစ်ကိုင်းမြို့ ခရီးသွား ကဏ္ဍတိုးတက်ဖို့အတွက်ပါ ။ ဒီလိုလုပ်ဖို့အတွက် ရေလမ်းကြောင်း ပြေးဆွဲခွင့် လိုင်စင်ရအောင်တွေ ဆောင်ရွက်နေတယ်။ လမ်းကြောင်းကတော့ တိုင်းအစိုးရအဖွဲ့ က အရင် ချထားပေးတာတွေရှိပါတယ်။ လမ်းမှာ ဧရာဝတီလင်းပိုင်တွေ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။´´ ဟု ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ အသင်း (စစ်ကိုင်း) မှ ဥက္ကဋ္ဌ ဦးညွှန့်ဝင်း က ပြောသည်။

Speed Boat များကို ဂျပန်နိုင်ငံမှ မှာယူထားပြီး ကနဦး တစ်စီး စမ်းသပ်မောင်းနှင်ပြေးဆွဲရန်စီစဉ်လျှက်ရှိကာ နောက်ပိုင်းတွင် ငါးစီးတစ်သုတ် မှာယူ၍ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည် ။ Speed Boat တစ်စီးလျှင် ခရီးသည် ၁၀ ဦးနှုန်းဖြင့် ပြေးဆွဲမည်ဖြစ်ကာ နိုဝင်ဘာလ လလယ်ပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ အသင်း (စစ်ကိုင်း) က သိရသည် ။

စစ်ကိုင်းမြို့အား ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ က သန့်ရှင်းသာယာလှပသည့် မြို့အဖြစ် ဖော်ဆောင်ရန်အတွက် ရွေးချယ်ခဲ့သည် ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ပေါင်း (၃၇) မြို့ရှိသည့်အနက် စစ်ကိုင်းမြို့အား ရွေးချယ်ရခြင်းသည် တိုင်းဒေသကြီး၏ အဝင်အထွက်မြို့ဖြစ်ခြင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားများခြင်း၊ စစ်ကိုင်းတောင်တန်း မင်းကွန်းရှေးဟောင်းနယ်မြေ စသည့် အရင်းအမြစ်များရှိနေခြင်း နှင့် မန္တလေးမြို့နှင့် နီးစပ်ခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း သိရသည် ။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် One State One Township အဖြစ် စစ်ကိုင်းမြို့နယ်ကို ရွေးချယ် ဆောင်ရွက်မည်ဖြစ်ပြီး One State One Township ဆိုသည်မှာ တိုင်းဒေသကြီး တစ်ခုတွင် မြို့နယ် တစ်ခုကို ရွေးချယ်၍ စံပြအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည် ။

စစ်ကိုင်းမြို့နယ်သည် Smart City အဖြစ် အလားအလာကောင်းသည့် မြို့ဖြစ်သော မန္တလေးမြို့နှင့် နီးစပ်သည့်အတွက် မန္တလေးမြို့ကို မီ၍ ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ One State One Township လုပ်ငန်းစဉ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က လုပ်ဆောင်မည်ဖြစ်သည် ။

________________________________________

(Zawgyi)

အင္းဝ – မင္းကြန္း – ရွိမ္းမကား ခရီးစဥ္ကုိ Speed Boat ျဖင့္ ေျပးဆြဲေရး ေဆာင္ရြက္ေရး

ႏိုဝင္ဘာ ၂
ႏိုင္လင္းဦး

စစ္ကုိင္းၿမဳိ႕ ခရီးသြားလုပ္ငန္းဖြံ႕ၿဖဳိးတုိးတက္ေစရန္အတြက္ရည္ရြယ္၍ ဟုိတယ္ႏွင့္တည္းခုိရိပ္သာလုပ္ငန္းရွင္မ်ား အသင္း (စစ္ကုိင္း) က ဦးေဆာင္ၿပီး အင္းဝ – မင္းကြန္း – ရွိမ္းမကား ခရီးစဥ္ကုိ Speed Boat ျဖင့္ ေျပးဆြဲေရး ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္ ။

ထိုသို႔ ေျပးဆြဲႏိုင္ရန္အတြက္ စမ္းသပ္ေျပးဆြဲ ေမာင္းႏွင္မႈမ်ား ကနဦး ျပဳလုပ္ၿပီး လမ္းခရီးတြင္ နားေနႏိုင္သည့္ ကြၽန္းမ်ားစီစဥ္ျခင္း ၊ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူမ်ား ႏွင့္ ပညာရွင္မ်ား၏ အႀကံျပဳခ်က္မ်ားရယူသြားမည္ျဖစ္ေၾကာင္း ဟုိတယ္ႏွင့္တည္းခုိရိပ္သာလုပ္ငန္းရွင္မ်ား အသင္း (စစ္ကုိင္း) က သိရသည္ ။

“အဓိကကေတာ့ စစ္ကိုင္းၿမိဳ႕ ခရီးသြား က႑တိုးတက္ဖို႔အတြက္ပါ ။ ဒီလိုလုပ္ဖို႔အတြက္ ေရလမ္းေၾကာင္း ေျပးဆြဲခြင့္ လိုင္စင္ရေအာင္ေတြ ေဆာင္ရြက္ေနတယ္။ လမ္းေၾကာင္းကေတာ့ တိုင္းအစိုးရအဖြဲ႕ က အရင္ ခ်ထားေပးတာေတြရွိပါတယ္။ လမ္းမွာ ဧရာဝတီလင္းပိုင္ေတြ ၾကည့္ရႈႏိုင္ေအာင္ ေဆာင္ရြက္ေပးသြားမွာပါ။´´ ဟု ဟုိတယ္ႏွင့္တည္းခုိရိပ္သာလုပ္ငန္းရွင္မ်ား အသင္း (စစ္ကုိင္း) မွ ဥကၠ႒ ဦးညႊန္႔ဝင္း က ေျပာသည္။

Speed Boat မ်ားကို ဂ်ပန္ႏိုင္ငံမွ မွာယူထားၿပီး ကနဦး တစ္စီး စမ္းသပ္ေမာင္းႏွင္ေျပးဆြဲရန္စီစဥ္လွ်က္ရွိကာ ေနာက္ပိုင္းတြင္ ငါးစီးတစ္သုတ္ မွာယူ၍ ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္ ။ Speed Boat တစ္စီးလွ်င္ ခရီးသည္ ၁၀ ဦးႏႈန္းျဖင့္ ေျပးဆြဲမည္ျဖစ္ကာ ႏိုဝင္ဘာလ လလယ္ပိုင္းတြင္ စတင္ႏိုင္မည္ျဖစ္ေၾကာင္း ဟုိတယ္ႏွင့္တည္းခုိရိပ္သာလုပ္ငန္းရွင္မ်ား အသင္း (စစ္ကုိင္း) က သိရသည္ ။

စစ္ကိုင္းၿမိဳ႕အား ခရီးသြားက႑ျမွင့္တင္ေရးအတြက္ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ က သန္႔ရွင္းသာယာလွပသည့္ ၿမိဳ႕အျဖစ္ ေဖာ္ေဆာင္ရန္အတြက္ ေရြးခ်ယ္ခဲ့သည္ ။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ၿမိဳ႕ေပါင္း (၃၇) ၿမိဳ႕ရွိသည့္အနက္ စစ္ကိုင္းၿမိဳ႕အား ေရြးခ်ယ္ရျခင္းသည္ တိုင္းေဒသႀကီး၏ အဝင္အထြက္ၿမိဳ႕ျဖစ္ျခင္း၊ ျပည္တြင္း ျပည္ပ ခရီးသြားမ်ားျခင္း၊ စစ္ကိုင္းေတာင္တန္း မင္းကြန္းေရွးေဟာင္းနယ္ေျမ စသည့္ အရင္းအျမစ္မ်ားရွိေနျခင္း ႏွင့္ မႏၲေလးၿမိဳ႕ႏွင့္ နီးစပ္ျခင္း စသည္တို႔ေၾကာင့္ ျဖစ္ေၾကာင္း သိရသည္ ။

ထို႔အျပင္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ One State One Township အျဖစ္ စစ္ကိုင္းၿမိဳ႕နယ္ကို ေရြးခ်ယ္ ေဆာင္ရြက္မည္ျဖစ္ၿပီး One State One Township ဆိုသည္မွာ တိုင္းေဒသႀကီး တစ္ခုတြင္ ၿမိဳ႕နယ္ တစ္ခုကို ေရြးခ်ယ္၍ စံျပအေနျဖင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္ ။

စစ္ကိုင္းၿမိဳ႕နယ္သည္ Smart City အျဖစ္ အလားအလာေကာင္းသည့္ ၿမိဳ႕ျဖစ္ေသာ မႏၲေလးၿမိဳ႕ႏွင့္ နီးစပ္သည့္အတြက္ မႏၲေလးၿမိဳ႕ကို မီ၍ ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္ ။

အဆိုပါ One State One Township လုပ္ငန္းစဥ္မ်ားကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန က လုပ္ေဆာင္မည္ျဖစ္သည္ ။

Leave a Reply