အသေရဖ်က္မႈျဖင့္ ျမဝတီမင္းႀကီးေက်ာင္းတိုက္ဆရာေတာ္အား တရားရံုးဆင့္ေခၚ

0
5

အသရေဖျက်မှုဖြင့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်အား တရားရုံးဆင့်ခေါ်

နိုဝင်ဘာ – ၁

နိုင်လင်းဦး

တပ်မတော်မှ စွဲဆိုထားသည့် တရားရုံးဦးတိုက်လျှောက်မှုတွင် အသရေဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ အား တရားရုံးဆင့်ခေါ်ထားကြောင်း သိရသည် ။

ဆရာတော်အား တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုသည် ဟုဆိုကာ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် တပ်မတော်အရာရှိတစ်ဦး က အောက်တိုဘာလထဲ က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည် ။

“ဒီနေ့ပဲ ဆင့်စာရောက်တယ် ။ မနက်က ကျောင်းမှာရှိမနေတော့ နေ့လည်မှာ လာကပ်တယ်။ တရားရုံးက ဆင့်ခေါ်တော့ ဖြေရှင်းရမှာပေါ့ ။´´ ဟု မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ က ပြောသည် ။

သတင်းဌာနတစ်ခု က မေးမြန်းသည့် ကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားထားသည့်အပေါ် တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုသည် ဟုဆိုကာ တရားရုံးဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည် ။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ အနေဖြင့် တိုင်းပြည်မပျက်စီးရေးအတွက် တပ်မတော် အပေါ် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း နှင့် နောက်ထပ် ဝေဖန်ထောက်ပြမှုများကိုလည်း ဆက်လုပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည် ။

photo – Ariya Wuntha Bhiwunsa’s facebook

______________________________________

(Zawgyi)

အသေရဖ်က္မႈျဖင့္ ျမဝတီမင္းႀကီးေက်ာင္းတိုက္ဆရာေတာ္အား တရားရံုးဆင့္ေခၚ

ႏိုဝင္ဘာ – ၁

ႏိုင္လင္းဦး

တပ္မေတာ္မွ စြဲဆိုထားသည့္ တရားရံုးဦးတိုက္ေလွ်ာက္မႈတြင္ အသေရဖ်က္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၀ ျဖင့္ မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဦးအရိယာဝံသာဘိဝံသ အား တရားရံုးဆင့္ေခၚထားေၾကာင္း သိရသည္ ။

ဆရာေတာ္အား တပ္မေတာ္ ဂုဏ္သိကၡာက်ဆင္းေအာင္ေျပာဆိုသည္ ဟုဆိုကာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ုံးတြင္ တပ္မေတာ္အရာရွိတစ္ဦး က ေအာက္တိုဘာလထဲ က ဦးတိုက္ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္ ။

“ဒီေန႔ပဲ ဆင့္စာေရာက္တယ္ ။ မနက္က ေက်ာင္းမွာရွိမေနေတာ့ ေန႔လည္မွာ လာကပ္တယ္။ တရားရံုးက ဆင့္ေခၚေတာ့ ေျဖရွင္းရမွာေပါ့ ။´´ ဟု ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဦးအရိယာဝံသာဘိဝံသ က ေျပာသည္ ။

သတင္းဌာနတစ္ခု က ေမးျမန္းသည့္ ကိစၥႏွင့္ ပတ္သက္၍ ျပန္လည္ေျဖၾကားထားသည့္အေပၚ တပ္မေတာ္ ဂုဏ္သိကၡာက်ဆင္းေအာင္ေျပာဆိုသည္ ဟုဆိုကာ တရားရံုးဦးတိုက္ေလွ်ာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္ ။

ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဦးအရိယာဝံသာဘိဝံသ အေနျဖင့္ တိုင္းျပည္မပ်က္စီးေရးအတြက္ တပ္မေတာ္ အေပၚ ေဝဖန္ေထာက္ျပေနျခင္းျဖစ္ေၾကာင္း ႏွင့္ ေနာက္ထပ္ ေဝဖန္ေထာက္ျပမႈမ်ားကိုလည္း ဆက္လုပ္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေျပာသည္ ။

photo – Ariya Wuntha Bhiwunsa’s facebook

Leave a Reply