`NLD ရဲ႕အျပင္ထြက္ၿပီးမွ အလုပ္လုပ္ရင္ေတာ့ ပိုၿပီးေတာ့ မွ လြတ္လြတ္လပ္လပ္နဲ႔ အလုပ္ေတြပိုၿပီး လုပ္ႏိုင္မယ္ ပိုလုပ္လို႔ရအံုးမယ္လို႔ ယူဆတဲ့အတြက္ ထြက္တာျဖစ္ပါတယ္​´ NLD ပါတီမွ ႏုတ္​ထြက္​ရျခင္​းႏွင္​့ပတ္​သက္​ၿပီး ​ေဒါက္​တာ​ေဒၚသက္​သက္​ခိုင္​ႏွင္​့ ဆက္​သြယ္​​ေမးျမန္​းျခင္​း

0
7

`NLD ရဲ့အပြင်ထွက်ပြီးမှ အလုပ်လုပ်ရင်တော့ ပိုပြီးတော့ မှ လွတ်လွတ်လပ်လပ်နဲ့ အလုပ်တွေပိုပြီး လုပ်နိုင်မယ် ပိုလုပ်လို့ရအုံးမယ်လို့ ယူဆတဲ့အတွက် ထွက်တာဖြစ်ပါတယ်´

NLD ပါတီမှ နုတ်ထွက်ရခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာဒေါ်သက်သက်ခိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ကျော်သူမြင့် ဆက်သွယ်မေးမြန်သည်။

FWN – ပါတီကနုတ်ထွက်လိုက်ပြီလို့ ကြားပါတယ်။ ဘာကြောင့်နုတ်ထွက်ဖြစ်တာလဲ။

Dr.TTK – ဟုတ်တယ်ရှင့် ပါတီထဲက နုတ်ထွက်ခြင်းကတော့လေ ကျွန်မပါတီကိုဝင်တုန်းကတော့ ယုံကြည်လို့ဝင်တာလေ ဒါပေမယ့် ပါတီထဲရောက်တော့ ကျွန်မတို့ ကိုယ်စားလှယ်တစ်ယောက်အ နေနဲ့ ကိုယ်စားလှယ်တစ်ယောက် အခွင့်အရေး အပြည့်အဝမရှိဘူးပေါ့။ ပါတီကို အဆိုတစ်ခုတင် တယ်။ နောက်ဆုံးတင်တဲ့ အဆိုပေါ့နော် ၂၀၁၉ ထဲမှာ ၂၀၁၈ မှာအဆိုတစ်ခုတင်တယ်။ အဲ့ဒါ လည်း ရှောရှောရှုရှုဖြစ်တယ်။ အဆိုနှစ်ခုလုံးလဲ အောင်တယ်။ ဒါပေမယ့် ၂၀၁၉ မှာတတိယအကြိမ် အဆိုတင်တော့ ပါတီက ကျွန်မကို အခက်တွေ့အောင်လုပ်တယ်ပေါ့။ အဓိကကတော့ ကျွန်မကို ပြင်ခိုင်းတာ ပါတီကိုတင်တယ် ပါတီကပြင်ခိုင်းတာလည်း ကျွန်မပြင်ပါတယ် ပါတီကပြင်ခိုင်းတာ ကောင်းပါတယ် ပြင်သင့်တာလေးပြင်လိုက်တော့ ပိုကောင်းသွားတယ်လို့ ကျွန်မယူဆပါတယ်။ ပြီးတော့ ကျွန်မအဆိုကို ထောက်ခံဖို့ အခြားကိုယ်စားလှယ်တစ်ယောက်ကို အကူအညီတောင်းတဲ့ အချိန်မှာ အဲ့ကိုယ်စားလှယ်ကို ကျွန်မအဆိုကိုထောက်ခံရင် ပါတီကထုတ်မယ်လို့ ဖုန်းဆက်ပြောပါ တယ်ရှင့် အဲ့တာတော့ ကျွန်မမကြားဘူးပေါ့နော်။ အဲ့ဒါနဲ့ ကျွန်မကို NLD ထဲမှာထောက်ခံမယ့်သူ မရှိဘူး။ အဲ့ဒါနဲ့ SNLD ကိုပြောပါတယ် SNLD ကို အကူအညီတောင်းတော့ SNLD ကထောက်ခံ ပေးမယ်လို့ ပြောပါတယ်ရှင့် ထောက်ခံပေးမယ်ပြောပြီးတော့ ထောက်ခံမယ့်သူရှိပြီဆိုတော့ လွှတ်တော်ကိုလည်း ဒုတိယအကြိမ် တင်ပါတယ် တင်တော့ လွှတ်တော်ကလက်ခံသွားပြီးမှ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီခေါင်းစဉ်ကတော့ဖြင့် လွှတ်တော်ထဲမှာဆွေးနွေးရန် Public Debate လုပ်ဖို့ မဆီလျော်တဲ့အတွက် ကျွန်မကိုစာနဲ့ပဲအကြောင်းပြန်ပါတယ်။ တကယ်တမ်းကြ တော့ စာနဲ့ဖြေကြားတယ်ဆိုတာ မေးခွန်းတွေအကုန်လုံးက ကြယ်ပွင့်ပြမေးခွန်းဆိုရင်တောင်မှ လွှတ်တော်မှာ ဖြေကြားရပါတယ် ကြယ်ပွင့်မပြမေးခွန်းဆိုရင် စာနဲ့ဖြေကြားရပါတယ်။ အဆိုဆိုရင် တော့ စာနဲ့ဖြေကြားရတာ ဥပဒေထဲမှာ မရှိပါဘူး လွှတ်တော်ဥပဒေထဲမှာ မရှိပါဘူး အဓိကကတော့ ကျွန်မကို လွှတ်တော်ထဲမှာ လုပ်ရကိုင်ရအနှောက်အယှက်ဖြစ်တယ်လို့ ကျွန်မယူဆပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့လေ ကျွန်မလွှတ်တော်ထဲမှာ ဆွေးနွေးတာကို အနှောက်အယှက်လုပ်တယ် လို့ ယူဆပါတယ်ရှင့်။ စာနဲ့ပဲ ဝန်ကြီးဌာနက ရေးဖြေပါတယ်။

FWN – နိုင်ငံခြားရေးဝန်ကြီးဌာနက စာနဲ့ပဲအကြောင်းပြန်တယ်ဆိုတော့ အဆိုတင်ခဲ့တဲ့ အကြောင်း ကိုရှင်းပြပေးပါ။

Dr.TTK – ကျွန်မမမှားဘူးဆိုရင် ၂၀၁၃ ခုနှစ်စပြီးတော့ EU(ဥရောပသမဂ္ဂ) ကနေပြီးကျွန်မတို့ကို ကုန်သွယ်ရေးနဲ့ ပတ်သတ်ပြီး အထူးအခွင့်အရေးပေးထားပါတယ်။ မြန်မာပြည်က တင်ပို့တဲ့ပစ္စည်းတွေဆိုရင် duty free(အခွန်ကင်းလွတ်ခွင့်)၊ Quota free(ခွဲတမ်းအခမဲ့) ပေးထားပါတယ်။ dutyလည်းဆောင်စရာမလိုဘူး Quota လည်းဆောင်စရာမ လိုဘူး ကြိုက်သလောက်တင်သွင်းလို့ ရတယ်ဆိုပြီး ကုန်သွယ်မှုအထူးအခွင့်အရေး ရထားတာရှင့်။ အဲ့ရထားတာလေးကို ခုနောက်ပိုင်းမှာ ကမ္ဘောဒီးယားမှာလည်း ရုတ်သွားတယ်လေ သူတို့က ရုတ် လိုက်တယ် ကျွန်မတို့ကိုလည်း သူတို့က သတိပေးနေတာပေါ့နော် ဒီမှာက အထည်ချုပ်နဲ့ အလုပ် သမားတွေက အများကြီးပဲ အလုပ်ရနေတာလေ ပြီးလို့ရှိရင် ငါးပုဇွန်တင်ပို့တာတွေ အကုန်လုံးအ ဆင်ပြေနေတာပေါ့ အဲ့တာလည်း EU ကုန်သွယ်ရေးအထူးအခွင့်အရေးပေးထားလို့ပေါ့။ အဲ့တာက လည်း EU ကလည်း mission ကလည်းနှစ်ခါရှိပြီလာတာ ပြီးလို့ရှိရင် အဲ့ကိစ္စကို သတိပေးပေးသွား တယ်ဆိုတော့ ကျွန်မကအလုပ်ရှင်နဲ့ အလုပ်သမားနဲ့ အစိုးရနဲ့ သုံးပွင့်ဆိုင်ပူးပေါင်းပြီးတော့ EU နဲ့ စေ့စပ်ညှိနှိုင်းဖို့ တိုက်တွန်းကြောင်းစာလေးပါရှင့်။ အဲ့တာကို အဲ့ဒီမှာ အနှောက်အယှက်ဝင်တာပါ ရှင့်။ ကျွန်မဆိုလိုချင်တာက အလုပ်ရှင်ရယ် အလုပ်သမားရယ် အစိုးရရယ်ဆိုတာ အလုပ်သမား ဝန်ကြီးဌာနကိုဆိုလိုချင်တာ ဒါပေမယ့်အဲ့စာက နိုင်ငံခြားရေးကို ရောက်သွားတယ် ဒါပေမယ့် ဘယ် ဝန်ကြီးဌာနကို ပို့ပါလို့တော့ ပြောခွင့်မရှိဘူးပေါ့။ လွှတ်တော်ကနေစီစဉ်ပြီးတော့မှ အဲ့အဆိုတင် တုန်းကဆို ပါတီထဲကလူတွေက ပြာယာခတ်ပြီးတော့မှ တအားပဲပြင်ကြတာ တော်တော်လေးကို ပြင်ကြတာ။ နိုင်ငံခြားရေးဝန်ကြီးရုံးကို တင်ဖို့မရည်ရွယ်ပါဘူး ကျွန်မရည်ရွယ်တာက အလုပ်ရှင် အလုပ်သမားရယ် အစိုးရရယ်ကိုတော့ သုံးပွင့်ဆိုင်ကို အမြဲတမ်းကတော့ အလုပ်သမားဝန်ကြီးဌာန နဲ့ပဲလုပ်ကျတာရှင့်။ ဒါပေမယ့်စာပြန်လာတော့ နိုင်ငံခြားရေးဝန်ကြီးကလာတယ်။ နိုင်ငံခြားရေးကို ပြောတယ်လို့ သူတို့ကယူဆပြီးတော့မှ လုပ်တာလားမသိဘူး။

FWN – ပါတီက နုတ်ထွက်ရတဲ့ အကြောင်းကဒီတစ်ခုထဲပဲလား။ အခြားအကြောင်းအရာတွေ ရှိပါ သေးသလား။

Dr.TTK – ဒီတစ်ခုထဲတော့မဟုတ်ဘူး တောက်လျောက်တော့ ကျွန်မ ၂၀၁၈ စက်တင်ဘာလထဲက လည်း ကျွန်မကို ပါတီတာဝန်တွေရပ်စဲတယ်။ ပါတီတာဝန်ကရပ်စဲတယ်ဆိုတာ ကျွန်မတို့ကို ခေါ်လဲမမေးဘူး အကြောင်းလဲမကြားဘူး ပြီးတော့အကြောင်းပြချက်လဲ မရှိပဲနဲ့ စာပဲထုတ်ပြီးတော့ ကျွန်မတို့ကို ပါတီတာဝန်ကရပ်စဲတယ်ဆိုတာ ပါတီတွင်းမှာ ဥပဒေမဲ့ပြုတာပေါ့ အဲ့လိုလုပ်ထားတာ ရှိပါတယ်ရှင့်။ အဲ့ကြတော့ ကျွန်မကတော့ NLD ရဲ့အပြင်ထွက်ပြီးမှ အလုပ်လုပ်ရင်တော့ ပိုပြီးတော့ မှ လွတ်လွတ်လပ်လပ်နဲ့ အလုပ်တွေပိုပြီး လုပ်နိုင်မယ် ပိုလုပ်လို့ရအုံးမယ်လို့ ယူဆတဲ့အတွက် ထွက်တာဖြစ်ပါတယ်။
FWN – မကြာသေးခင်က မှတ်ပုံတင်လိုက်တဲ့ ပါတီသစ်တစ်ခုမှာ ပါဝင်နေတယ်လို့လဲ ကြားရပါတယ် ဟုတ်ပါသလား။

Dr.TTK – ဟုတ်ပါတယ် ကျွန်မတို့ ၂၀၁၉ အောက်တိုဘာ ၂၃ ရက်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုပြီးတော့မှ မှတ်ပုံတင်ကျပါတယ် မှတ်ပုံတင်နံပါတ်က ၁၂၂ ပါ ကျွန်မအဲ့ဒီမှာ ကျွန်မတစ်ဦးထဲ တော့မဟုတ်ဘူး စီးပွားရေးပညာရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ လူငယ်ပညာရှင်တွေ ပညာ တက်တွေပေါ့နော် ပေါင်းပြီးတော့မှ အလုပ်လုပ်နေကြပါတယ်။ ကျွန်မလည်း အများထဲက တစ် ယောက်အပါဖြစ်ပါတယ်။

FWN – ပထမဆုံး ပြောခဲ့တာက ပါတီကိုယုံကြည်ခဲ့လို့ ဝင်တယ်လို့ပြောခဲ့ပါတယ် ကိုယ်စားလှယ် အခွင့်အရေးကိစ္စမရှိဘူးဆိုတော့ ဒေါက်တာသက်သက်ခိုင်တစ်ယောက်ထဲပဲလား အခြားကိုယ်စား လှယ်တွေမှာရော အဲ့လိုအဖြစ်အပျက်မျိုးရှိလားခင်ဗျ။

Dr.TTK – တခြားကိုယ်စားလှယ်ကိစ္စကတော့ ကျွန်မပြောလို့မရပါဘူးရှင့်။ ကျွန်မနဲ့ ပတ်သတ်တဲ့ ကိစ္စပဲ ဖြေလို့ရပါတယ်။ NLD ကို ယုံကြည်ခြင်းမယုံကြည်ခြင်းကို မပြောတော့ဘူးလေ နိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်မနိုင်ငံရေးကို ဆက်လုပ်မယ်ဆိုရင် ကျွန်မအခုရွေးချယ်တဲ့ လမ်းကြောင်း ကိုအများကြီးပိုလုပ်နိုင်သေးတယ်လို့ ယူဆတဲ့အတွက်ကို နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းမှာ ကျွန်မဒီလမ်းကြောင်းနဲ့ သွားရင် အများကြီးပိုလုပ်နိုင်မယ်လို့ ယူဆတဲ့အတွက် NLD ကထွက်တာ ဖြစ်ပါတယ်။
FWN – နုတ်ထွက်ခဲ့တဲ့ ပါတီနဲ့အပေါ် မှတ်ချက်တစုံတရာပေးခြင်တာမျိုးရှိလား။

Dr.TTK – ကျွန်မဖြည့်စွက်ပြောချင်တာရှိပါတယ် ကျွန်မ NLDကို ၁၉၈၈ ခုနှစ် ပါတီစထောင်တုန်း ကရယ် မိုးကုတ်မြို့နယ်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျွန်မတို့က အဖွဲ့ဝင်တွေဖြစ်ပါတယ် ကျွန်မဆေးတက္ကသိုလ်ကျောင်းသူဘဝပေါ့နော်။ ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲဝင်တာလည်း ကျွန် မတို့ လူငယ်တွေအနေနဲ့ မိုးကုတ်မြို့နယ်က ကျောင်းသူကျောင်းသားတွေအနေနဲ့ မဲရေတွက်တာ တို့ စသဖြင့်ဒါတွေဝိုင်းကူခဲ့ကြပါတယ်။ နောက်ပိုင်းတော့ တက္ကသိုလ်တွေပြန်ဖွင့်တော့ ကျွန်မလည်း ပညာရေးတပိုင်းတစနဲ့ ကျောင်းပြန်တက်ပါတယ်။ ၂၀၁၄ ကြတော့ နိုင်ငံရေးလုပ်ချင်တယ် နိုင်ငံ ရေးလုပ်ရင်လဲ NLD ကနေပဲလုပ်မယ်ဆိုပြီးတော့မှ နိုင်ငံရေးထဲပြန်ဝင်တဲ့ အချိန်မှာ ၂၀၁၄ နိုဝင် ဘာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ဝင်ပါတယ်။ NLD လို့ပြောလို့ရှိရင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ပါတီဆိုပြီးတော့မှ ကျွန်မတို့ကိုယ်တိုင်လည်း ၁၉၈၈ ခုနှစ်ကတည်းက မိုးကုတ် မြို့နယ်ကပါခဲ့တဲ့အတွက်ကို NLD ကိုပဲ ပြန်ဝင်ခဲ့တာဖြစ်ပါတယ်။ အခုထွက်တာကတော့ NLD ထဲ မှာ လုပ်ရကိုင်ရတာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခွင့်အရေးတွေကို ထိန်းချုပ် ခံရတာတွေရှိတယ် ပါတီဘက်ကနေပေါ့နော် ကျွန်မအနေနဲ့တော့ NLD ကထွက်ပြီး အလုပ်လုပ်ရင် တော့ ဒီထက်ပိုပြီး အလုပ်လုပ်နိုင်အုံးလိမ့်မယ်လို့ ယူဆတဲ့အတွက် ထွက်လိုက်တာဖြစ်ပါတယ်။

FWN – ဒေါက်တာဒေါ်သက်သက်ခိုင်အနေနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ဆက်လက်လက်တွဲသွား မယ့် သဘောပေါ့။

Dr.TTK – ကျွန်မလက်တလောတော့ တသီးပုဂ္ဂလဖြစ်နေတာပေါ့။ ဒီတစ်ခါလွှတ်တော်ဖွင့်ရင် တသီးပုဂ္ဂလအနေနဲ့ လွှတ်တော်တက်မယ်။ ဒါပေမယ့် ပါတီထဲဝင်ရအုံးမယ် အခုကပါတီဝင်တွေ စုဆောင်တဲ့အချိန်ပေါ့နော် ပါတီလည်းမဝင်ရသေးပါဘူး။ ဒီ PPP ပါတီကို ဝင်ပါမယ်ရှင့်။

FWN – ကျေးဇူးတင်ပါတယ်။

Photo : Thet Thet Khine FB

_______________________________________

(Zawgyi)

`NLD ရဲ႕အျပင္ထြက္ၿပီးမွ အလုပ္လုပ္ရင္ေတာ့ ပိုၿပီးေတာ့ မွ လြတ္လြတ္လပ္လပ္နဲ႔ အလုပ္ေတြပိုၿပီး လုပ္ႏိုင္မယ္ ပိုလုပ္လို႔ရအံုးမယ္လို႔ ယူဆတဲ့အတြက္ ထြက္တာျဖစ္ပါတယ္​´

NLD ပါတီမွ ႏုတ္​ထြက္​ရျခင္​းႏွင္​့ပတ္​သက္​ၿပီး ​ေဒါက္​တာ​ေဒၚသက္​သက္​ခိုင္​ႏွင္​့ ဆက္​သြယ္​​ေမးျမန္​းျခင္​း

​ေက်ာ္​သူျမင္​့ ဆက္​သြယ္​​ေမးျမန္​သည္​။

FWN – ပါတီကႏုတ္ထြက္လိုက္ၿပီလို႔ ၾကားပါတယ္။ ဘာေၾကာင့္ႏုတ္ထြက္ျဖစ္တာလဲ။

Dr.TTK – ဟုတ္တယ္ရွင့္ ပါတီထဲက ႏုတ္ထြက္ျခင္းကေတာ့ေလ ကၽြန္မပါတီကိုဝင္တုန္းကေတာ့ ယံုၾကည္လို႔ဝင္တာေလ ဒါေပမယ့္ ပါတီထဲေရာက္ေတာ့ ကၽြန္မတို႔ ကိုယ္စားလွယ္တစ္ေယာက္အ ေနနဲ႔ ကိုယ္စားလွယ္တစ္ေယာက္ အခြင့္အေရး အျပည့္အဝမရွိဘူးေပါ့။ ပါတီကို အဆုိတစ္ခုတင္ တယ္။ ေနာက္ဆံုးတင္တဲ့ အဆိုေပါ့ေနာ္ ၂၀၁၉ ထဲမွာ ၂၀၁၈ မွာအဆိုတစ္ခုတင္တယ္။ အဲ့ဒါ လည္း ေ႐ွာေရွာ႐ႈ႐ႈျဖစ္တယ္။ အဆိုႏွစ္ခုလံုးလဲ ေအာင္တယ္။ ဒါေပမယ့္ ၂၀၁၉ မွာတတိယအႀကိမ္ အဆိုတင္ေတာ့ ပါတီက ကၽြန္မကို အခက္ေတြ႕ေအာင္လုပ္တယ္ေပါ့။ အဓိကကေတာ့ ကၽြန္မကို ျပင္ခိုင္းတာ ပါတီကိုတင္တယ္ ပါတီကျပင္ခိုင္းတာလည္း ကၽြန္မျပင္ပါတယ္ ပါတီကျပင္ခိုင္းတာ ေကာင္းပါတယ္ ျပင္သင့္တာေလးျပင္လိုက္ေတာ့ ပိုေကာင္းသြားတယ္လို႔ ကၽြန္မယူဆပါတယ္။ ၿပီးေတာ့ ကၽြန္မအဆိုကို ေထာက္ခံဖို႔ အျခားကိုယ္စားလွယ္တစ္ေယာက္ကို အကူအညီေတာင္းတဲ့ အခ်ိန္မွာ အဲ့ကိုယ္စားလွယ္ကို ကၽြန္မအဆိုကိုေထာက္ခံရင္ ပါတီကထုတ္မယ္လို႔ ဖုန္းဆက္ေျပာပါ တယ္႐ွင့္ အဲ့တာေတာ့ ကၽြန္မမၾကားဘူးေပါ့ေနာ္။ အဲ့ဒါနဲ႔ ကၽြန္မကို NLD ထဲမွာေထာက္ခံမယ့္သူ မရွိဘူး။ အဲ့ဒါနဲ႔ SNLD ကိုေျပာပါတယ္ SNLD ကို အကူအညီေတာင္းေတာ့ SNLD ကေထာက္ခံ ေပးမယ္လို႔ ေျပာပါတယ္ရွင့္ ေထာက္ခံေပးမယ္ေျပာၿပီးေတာ့ ေထာက္ခံမယ့္သူရွိၿပီဆိုေတာ့ လႊတ္ေတာ္ကိုလည္း ဒုတိယအႀကိမ္ တင္ပါတယ္ တင္ေတာ့ လႊတ္ေတာ္ကလက္ခံသြားၿပီးမွ ၿပီးေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီေခါင္းစဥ္ကေတာ့ျဖင့္ လႊတ္ေတာ္ထဲမွာေဆြးေႏြးရန္ Public Debate လုပ္ဖို႔ မဆီေလ်ာ္တဲ့အတြက္ ကၽြန္မကိုစာနဲ႔ပဲအေၾကာင္းျပန္ပါတယ္။ တကယ္တမ္းၾက ေတာ့ စာနဲ႔ေျဖၾကားတယ္ဆိုတာ ေမးခြန္းေတြအကုန္လံုးက ၾကယ္ပြင့္ျပေမးခြန္းဆိုရင္ေတာင္မွ လႊတ္ေတာ္မွာ ေျဖၾကားရပါတယ္ ၾကယ္ပြင့္မျပေမးခြန္းဆိုရင္ စာနဲ႔ေျဖၾကားရပါတယ္။ အဆိုဆိုရင္ ေတာ့ စာနဲ႔ေျဖၾကားရတာ ဥပေဒထဲမွာ မရွိပါဘူး လႊတ္ေတာ္ဥပေဒထဲမွာ မရွိပါဘူး အဓိကကေတာ့ ကၽြန္မကို လႊတ္ေတာ္ထဲမွာ လုပ္ရကိုင္ရအေႏွာက္အယွက္ျဖစ္တယ္လို႔ ကၽြန္မယူဆပါတယ္ရွင့္။ ဘာျဖစ္လို႔လဲဆိုေတာ့ေလ ကၽြန္မလႊတ္ေတာ္ထဲမွာ ေဆြးေႏြးတာကို အေႏွာက္အယွက္လုပ္တယ္ လို႔ ယူဆပါတယ္ရွင့္။ စာနဲ႔ပဲ ဝန္ႀကီးဌာနက ေရးေျဖပါတယ္။

FWN – ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စာနဲ႔ပဲအေၾကာင္းျပန္တယ္ဆိုေတာ့ အဆိုတင္ခဲ့တဲ့ အေၾကာင္း ကိုရွင္းျပေပးပါ။

Dr.TTK – ကၽြန္မမမွားဘူးဆိုရင္ ၂၀၁၃ ခုႏွစ္စၿပီးေတာ့ EU(ဥေရာပသမဂၢ) ကေနၿပီးကၽြန္မတို႔ကို ကုန္သြယ္ေရးနဲ႔ ပတ္သတ္ၿပီး အထူးအခြင့္အေရးေပးထားပါတယ္။ ျမန္မာျပည္က တင္ပို႔တဲ့ပစၥည္းေတြဆိုရင္ duty free(အခြန္ကင္းလြတ္ခြင့္)၊ Quota free(ခဲြတမ္းအခမဲ့) ေပးထားပါတယ္။ dutyလည္းေဆာင္စရာမလိုဘူး Quota လည္းေဆာင္စရာမ လိုဘူး ႀကိဳက္သေလာက္တင္သြင္းလို႔ ရတယ္ဆိုၿပီး ကုန္သြယ္မႈအထူးအခြင့္အေရး ရထားတာရွင့္။ အဲ့ရထားတာေလးကို ခုေနာက္ပိုင္းမွာ ကေမၻာဒီးယားမွာလည္း ႐ုတ္သြားတယ္ေလ သူတို႔က ႐ုတ္ လိုက္တယ္ ကၽြန္မတို႔ကိုလည္း သူတို႔က သတိေပးေနတာေပါ့ေနာ္ ဒီမွာက အထည္ခ်ဳပ္နဲ႔ အလုပ္ သမားေတြက အမ်ားႀကီးပဲ အလုပ္ရေနတာေလ ၿပီးလို႔ရွိရင္ ငါးပုဇြန္တင္ပို႔တာေတြ အကုန္လံုးအ ဆင္ေျပေနတာေပါ့ အဲ့တာလည္း EU ကုန္သြယ္ေရးအထူးအခြင့္အေရးေပးထားလို႔ေပါ့။ အဲ့တာက လည္း EU ကလည္း mission ကလည္းႏွစ္ခါရွိၿပီလာတာ ၿပီးလို႔ရွိရင္ အဲ့ကိစၥကို သတိေပးေပးသြား တယ္ဆိုေတာ့ ကၽြန္မကအလုပ္ရွင္နဲ႔ အလုပ္သမားနဲ႔ အစိုးရနဲ႔ သံုးပြင့္ဆိုင္ပူးေပါင္းၿပီးေတာ့ EU နဲ႔ ေစ့စပ္ညိွႏိႈင္းဖို႔ တိုက္တြန္းေၾကာင္းစာေလးပါရွင့္။ အဲ့တာကို အဲ့ဒီမွာ အေႏွာက္အယွက္ဝင္တာပါ ရွင့္။ ကၽြန္မဆိုလိုခ်င္တာက အလုပ္ရွင္ရယ္ အလုပ္သမားရယ္ အစိုးရရယ္ဆိုတာ အလုပ္သမား ဝန္ႀကီးဌာနကိုဆိုလိုခ်င္တာ ဒါေပမယ့္အဲ့စာက ႏိုင္ငံျခားေရးကို ေရာက္သြားတယ္ ဒါေပမယ့္ ဘယ္ ဝန္ႀကီးဌာနကို ပို႔ပါလို႔ေတာ့ ေျပာခြင့္မရွိဘူးေပါ့။ လႊတ္ေတာ္ကေနစီစဥ္ၿပီးေတာ့မွ အဲ့အဆိုတင္ တုန္းကဆို ပါတီထဲကလူေတြက ျပာယာခတ္ၿပီးေတာ့မွ တအားပဲျပင္ၾကတာ ေတာ္ေတာ္ေလးကို ျပင္ၾကတာ။ ႏိုင္ငံျခားေရးဝန္ႀကီး႐ံုးကို တင္ဖို႔မရည္႐ြယ္ပါဘူး ကၽြန္မရည္႐ြယ္တာက အလုပ္ရွင္ အလုပ္သမားရယ္ အစိုးရရယ္ကိုေတာ့ သံုးပြင့္ဆိုင္ကို အၿမဲတမ္းကေတာ့ အလုပ္သမားဝန္ႀကီးဌာန နဲ႔ပဲလုပ္က်တာရွင့္။ ဒါေပမယ့္စာျပန္လာေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးကလာတယ္။ ႏိုင္ငံျခားေရးကို ေျပာတယ္လို႔ သူတို႔ကယူဆၿပီးေတာ့မွ လုပ္တာလားမသိဘူး။

FWN – ပါတီက ႏုတ္ထြက္ရတဲ့ အေၾကာင္းကဒီတစ္ခုထဲပဲလား။ အျခားအေၾကာင္းအရာေတြ ရွိပါ ေသးသလား။

Dr.TTK – ဒီတစ္ခုထဲေတာ့မဟုတ္ဘူး ေတာက္ေလ်ာက္ေတာ့ ကၽြန္မ ၂၀၁၈ စက္တင္ဘာလထဲက လည္း ကၽြန္မကို ပါတီတာဝန္ေတြရပ္စဲတယ္။ ပါတီတာဝန္ကရပ္စဲတယ္ဆိုတာ ကၽြန္မတို႔ကို ေခၚလဲမေမးဘူး အေၾကာင္းလဲမၾကားဘူး ၿပီးေတာ့အေၾကာင္းျပခ်က္လဲ မရွိပဲနဲ႔ စာပဲထုတ္ၿပီးေတာ့ ကၽြန္မတို႔ကို ပါတီတာဝန္ကရပ္စဲတယ္ဆိုတာ ပါတီတြင္းမွာ ဥပေဒမဲ့ျပဳတာေပါ့ အဲ့လိုလုပ္ထားတာ ရွိပါတယ္ရွင့္။ အဲ့ၾကေတာ့ ကၽြန္မကေတာ့ NLD ရဲ႕အျပင္ထြက္ၿပီးမွ အလုပ္လုပ္ရင္ေတာ့ ပိုၿပီးေတာ့ မွ လြတ္လြတ္လပ္လပ္နဲ႔ အလုပ္ေတြပိုၿပီး လုပ္ႏိုင္မယ္ ပိုလုပ္လို႔ရအံုးမယ္လို႔ ယူဆတဲ့အတြက္ ထြက္တာျဖစ္ပါတယ္။
FWN – မၾကာေသးခင္က မွတ္ပံုတင္လိုက္တဲ့ ပါတီသစ္တစ္ခုမွာ ပါဝင္ေနတယ္လို႔လဲ ၾကားရပါတယ္ ဟုတ္ပါသလား။

Dr.TTK – ဟုတ္ပါတယ္ ကၽြန္မတို႔ ၂၀၁၉ ေအာက္တိုဘာ ၂၃ ရက္မွာ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဆိုၿပီးေတာ့မွ မွတ္ပံုတင္က်ပါတယ္ မွတ္ပံုတင္နံပါတ္က ၁၂၂ ပါ ကၽြန္မအဲ့ဒီမွာ ကၽြန္မတစ္ဦးထဲ ေတာ့မဟုတ္ဘူး စီးပြားေရးပညာရွင္ေတြ စီးပြားေရးလုပ္ငန္းရွင္ေတြ လူငယ္ပညာရွင္ေတြ ပညာ တက္ေတြေပါ့ေနာ္ ေပါင္းၿပီးေတာ့မွ အလုပ္လုပ္ေနၾကပါတယ္။ ကၽြန္မလည္း အမ်ားထဲက တစ္ ေယာက္အပါျဖစ္ပါတယ္။

FWN – ပထမဆံုး ေျပာခဲ့တာက ပါတီကိုယံုၾကည္ခဲ့လို႔ ဝင္တယ္လို႔ေျပာခဲ့ပါတယ္ ကိုယ္စားလွယ္ အခြင့္အေရးကိစၥမရွိဘူးဆိုေတာ့ ေဒါက္တာသက္သက္ခိုင္တစ္ေယာက္ထဲပဲလား အျခားကိုယ္စား လွယ္ေတြမွာေရာ အဲ့လိုအျဖစ္အပ်က္မ်ိဳးရွိလားခင္ဗ်။

Dr.TTK – တျခားကိုယ္စားလွယ္ကိစၥကေတာ့ ကၽြန္မေျပာလို႔မရပါဘူးရွင့္။ ကၽြန္မနဲ႔ ပတ္သတ္တဲ့ ကိစၥပဲ ေျဖလို႔ရပါတယ္။ NLD ကို ယံုၾကည္ျခင္းမယံုၾကည္ျခင္းကို မေျပာေတာ့ဘူးေလ ႏိုင္ငံသား တစ္ေယာက္အေနနဲ႔ ကၽြန္မႏိုင္ငံေရးကို ဆက္လုပ္မယ္ဆိုရင္ ကၽြန္မအခုေ႐ြးခ်ယ္တဲ့ လမ္းေၾကာင္း ကိုအမ်ားႀကီးပိုလုပ္ႏိုင္ေသးတယ္လို႔ ယူဆတဲ့အတြက္ကို ႏိုင္ငံတည္ေဆာက္ေရးလမ္းေၾကာင္းမွာ ကၽြန္မဒီလမ္းေၾကာင္းနဲ႔ သြားရင္ အမ်ားႀကီးပိုလုပ္ႏိုင္မယ္လုိ႔ ယူဆတဲ့အတြက္ NLD ကထြက္တာ ျဖစ္ပါတယ္။
FWN – ႏုတ္ထြက္ခဲ့တဲ့ ပါတီနဲ႔အေပၚ မွတ္ခ်က္တစံုတရာေပးျခင္တာမ်ိဳးရွိလား။

Dr.TTK – ကၽြန္မျဖည့္စြက္ေျပာခ်င္တာရွိပါတယ္ ကၽြန္မ NLDကို ၁၉၈၈ ခုႏွစ္ ပါတီစေထာင္တုန္း ကရယ္ မိုးကုတ္ၿမိဳ႕နယ္ရဲ႕ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္မွာ ကၽြန္မတို႔က အဖဲြ႕ဝင္ေတြျဖစ္ပါတယ္ ကၽြန္မေဆးတကၠသိုလ္ေက်ာင္းသူဘဝေပါ့ေနာ္။ ၿပီးေတာ့ ၁၉၉၀ ေ႐ြးေကာက္ပဲြဝင္တာလည္း ကၽြန္ မတို႔ လူငယ္ေတြအေနနဲ႔ မိုးကုတ္ၿမိဳ႕နယ္က ေက်ာင္းသူေက်ာင္းသားေတြအေနနဲ႔ မဲေရတြက္တာ တို႔ စသျဖင့္ဒါေတြဝိုင္းကူခဲ့ၾကပါတယ္။ ေနာက္ပိုင္းေတာ့ တကၠသိုလ္ေတြျပန္ဖြင့္ေတာ့ ကၽြန္မလည္း ပညာေရးတပိုင္းတစနဲ႔ ေက်ာင္းျပန္တက္ပါတယ္။ ၂၀၁၄ ၾကေတာ့ ႏိုင္ငံေရးလုပ္ခ်င္တယ္ ႏိုင္ငံ ေရးလုပ္ရင္လဲ NLD ကေနပဲလုပ္မယ္ဆိုၿပီးေတာ့မွ ႏိုင္ငံေရးထဲျပန္ဝင္တဲ့ အခ်ိန္မွာ ၂၀၁၄ ႏိုဝင္ ဘာမွာ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ကို ျပန္ဝင္ပါတယ္။ NLD လို႔ေျပာလို႔ရွိရင္ ဒီမိုကေရစီအတြက္ တိုက္ပဲြဝင္ခဲ့ၾကတဲ့ ပါတီဆိုၿပီးေတာ့မွ ကၽြန္မတို႔ကိုယ္တိုင္လည္း ၁၉၈၈ ခုႏွစ္ကတည္းက မိုးကုတ္ ၿမိဳ႕နယ္ကပါခဲ့တဲ့အတြက္ကို NLD ကိုပဲ ျပန္ဝင္ခဲ့တာျဖစ္ပါတယ္။ အခုထြက္တာကေတာ့ NLD ထဲ မွာ လုပ္ရကိုင္ရတာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ အခြင့္အေရးေတြကို ထိန္းခ်ဳပ္ ခံရတာေတြရွိတယ္ ပါတီဘက္ကေနေပါ့ေနာ္ ကၽြန္မအေနနဲ႔ေတာ့ NLD ကထြက္ၿပီး အလုပ္လုပ္ရင္ ေတာ့ ဒီထက္ပိုၿပီး အလုပ္လုပ္ႏိုင္အံုးလိမ့္မယ္လို႔ ယူဆတဲ့အတြက္ ထြက္လိုက္တာျဖစ္ပါတယ္။

FWN – ေဒါက္တာေဒၚသက္သက္ခိုင္အေနနဲ႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီနဲ႔ ဆက္လက္လက္တဲြသြား မယ့္ သေဘာေပါ့။

Dr.TTK – ကၽြန္မလက္တေလာေတာ့ တသီးပုဂၢလျဖစ္ေနတာေပါ့။ ဒီတစ္ခါလႊတ္ေတာ္ဖြင့္ရင္ တသီးပုဂၢလအေနနဲ႔ လႊတ္ေတာ္တက္မယ္။ ဒါေပမယ့္ ပါတီထဲဝင္ရအံုးမယ္ အခုကပါတီဝင္ေတြ စုေဆာင္တဲ့အခ်ိန္ေပါ့ေနာ္ ပါတီလည္းမဝင္ရေသးပါဘူး။ ဒီ PPP ပါတီကို ဝင္ပါမယ္ရွင့္။

FWN – ေက်းဇူးတင္ပါတယ္။

Photo : ​​Thet Thet Khine FB

Leave a Reply