သံဃာ သံုးေသာင္းဆြမ္းေလာင္းလွဴပြဲႏွင့္ စည္ပင္သာယာေန႔စားဝန္ထမ္းမ်ားအတြက္ ၾကက္ဥ အလံုးတစ္သိန္းေက်ာ္လွဴဒါန္း

0
5

သံဃာ သုံးသောင်းဆွမ်းလောင်းလှူပွဲနှင့် စည်ပင်သာယာနေ့စားဝန်ထမ်းများအတွက် ကြက်ဥ အလုံးတစ်သိန်းကျော်လှူဒါန်း

နိုဝင်ဘာ – ၁
နိုင်လင်းဦး

မန္တလေးမြို့တွင် ကျင်းပမည့် သံဃာ အပါး သုံးသောင်းဆွမ်းလောင်းလှူပွဲနှင့် မန္တလေးမြို့တော် စည်ပင်သာယာ မှ နေ့စားဝန်ထမ်းများအတွက် မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) က ကြက်ဥ အလုံးတစ်သိန်းကျော် လှူဒါန်းခဲ့သည်။

ကြက်ဥ လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စိုက်ပျိုး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်း နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည် ။

“ဒီလို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့က အစပြုပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ လှူဒါန်းတာတွေလုပ်သလို အခြားတိုင်းဒေသကြီးမှာလည်း မွေးမြူရေးလုပ်ကိုင်သူတွေ မွေးမြူရေးအဖွဲ့ချုပ်တွေအနေနဲ့ လုပ်ကိုင်လာဖို့ အစပြုပေးတာဖြစ်ပါတယ် ။ နောက်တစ်ခုက ကျွန်တော်တို့က ကျွန်တော်တို့ ရပ်တည်မှုအတွက် ကိုယ်ပိုင်အလုပ်တစ်ခုလုပ်ကိုင်ရင်းနဲ့ တစ်ဖက်ကလည်း ပရဟိတတွေ လုပ်ဖို့ တွန်းအားပေးတာပါ။´´ ဟု မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ က ဒေါက်တာ ကျော်ထင် ပြောသည် ။

မန္တလေးမြို့တွင် ဒီဇင်ဘာလ ၈ ရက်နေ့၌ ပြုလုပ်မည့် သံဃာ ၃ သောင်း ဆွမ်းလောင်းလှူပွဲအတွက် ကြက်ဥ အလုံး ၆ သောင်း၊ မန္တလေးစည်ပင်သာယာ မှ နေ့စားဝန်ထမ်း အယောက် ၄ ထောင်ကျော်အတွက် ကြက်ဥ အလုံး ၄ သောင်း ၃ ထောင်ကျော် လှူဒါန်းပေးခဲ့ပြီး ပရဟိတအသင်းအဖွဲ့အချို့ကိုလည်း လှူဒါန်းခဲ့သည် ။

မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲက ပြုလုပ်ခဲ့သည့် ထိုင်း – မြန်မာ ချစ်ကြည်ရေး သံဃာအပါး ၂ သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ကြက်ဥ အလုံး ၂ သောင်းကျော် လှူဒါန်းပေးခဲ့သည် ။

_____________________________________

(Zawgyi)

သံဃာ သံုးေသာင္းဆြမ္းေလာင္းလွဴပြဲႏွင့္ စည္ပင္သာယာေန႔စားဝန္ထမ္းမ်ားအတြက္ ၾကက္ဥ အလံုးတစ္သိန္းေက်ာ္လွဴဒါန္း

ႏိုဝင္ဘာ – ၁
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕တြင္ က်င္းပမည့္ သံဃာ အပါး သံုးေသာင္းဆြမ္းေလာင္းလွဴပြဲႏွင့္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာ မွ ေန႔စားဝန္ထမ္းမ်ားအတြက္ ျမန္မာႏိုင္ငံေမြးျမဴေရးအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) က ၾကက္ဥ အလံုးတစ္သိန္းေက်ာ္ လွဴဒါန္းခဲ့သည္။

ၾကက္ဥ လွဴဒါန္းပြဲအခမ္းအနားကို ႏိုဝင္ဘာလ ၁ ရက္ေန႔က မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အစည္းအေဝးခန္းမတြင္ ျပဳလုပ္ခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ မွ စိုက္ပ်ိဳး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္း ဝန္ႀကီး ေဒါက္တာစိုးသန္း ႏွင့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ မွ တာဝန္ရွိသူမ်ား၊ ပရဟိတ အဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့သည္ ။

“ဒီလို လွဴဒါန္းရတဲ့ ရည္ရြယ္ခ်က္ကလည္း ကြၽန္ေတာ္တို႔က အစျပဳေပးတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ တိုင္းေဒသႀကီးမွာ လွဴဒါန္းတာေတြလုပ္သလို အျခားတိုင္းေဒသႀကီးမွာလည္း ေမြးျမဴေရးလုပ္ကိုင္သူေတြ ေမြးျမဴေရးအဖြဲ႕ခ်ဳပ္ေတြအေနနဲ႔ လုပ္ကိုင္လာဖို႔ အစျပဳေပးတာျဖစ္ပါတယ္ ။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ ရပ္တည္မႈအတြက္ ကိုယ္ပိုင္အလုပ္တစ္ခုလုပ္ကိုင္ရင္းနဲ႔ တစ္ဖက္ကလည္း ပရဟိတေတြ လုပ္ဖို႔ တြန္းအားေပးတာပါ။´´ ဟု ျမန္မာႏိုင္ငံေမြးျမဴေရးအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) ဥကၠ႒ က ေဒါက္တာ ေက်ာ္ထင္ ေျပာသည္ ။

မႏၲေလးၿမိဳ႕တြင္ ဒီဇင္ဘာလ ၈ ရက္ေန႔၌ ျပဳလုပ္မည့္ သံဃာ ၃ ေသာင္း ဆြမ္းေလာင္းလွဴပြဲအတြက္ ၾကက္ဥ အလံုး ၆ ေသာင္း၊ မႏၲေလးစည္ပင္သာယာ မွ ေန႔စားဝန္ထမ္း အေယာက္ ၄ ေထာင္ေက်ာ္အတြက္ ၾကက္ဥ အလံုး ၄ ေသာင္း ၃ ေထာင္ေက်ာ္ လွဴဒါန္းေပးခဲ့ၿပီး ပရဟိတအသင္းအဖြဲ႕အခ်ိဳ႕ကိုလည္း လွဴဒါန္းခဲ့သည္ ။

ျမန္မာႏိုင္ငံေမြးျမဴေရးအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) အေနျဖင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလထဲက ျပဳလုပ္ခဲ့သည့္ ထိုင္း – ျမန္မာ ခ်စ္ၾကည္ေရး သံဃာအပါး ၂ ေသာင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲတြင္လည္း ၾကက္ဥ အလံုး ၂ ေသာင္းေက်ာ္ လွဴဒါန္းေပးခဲ့သည္ ။

Leave a Reply