က်ဴးေက်ာ္မ်ားေနထိုင္ရန္အတြက္ အိမ္ရာစီမံကိန္း ေ႐ႊျပည္သာတြင္ စတင္တည္ေဆာက္ေန

0
5

ကျူးကျော်များနေထိုင်ရန်အတွက် အိမ်ရာစီမံကိန်း ရွှေပြည်သာတွင် စတင်တည်ဆောက်နေ

နိုဝင်ဘာ ၁
ဝေဝေဖြိုး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျူးကျော်နေထိုင်သူများအတွက် လူထုအခြေပြု အိမ်ရာစီမံကိန်း (Community Base Housing) ကို ရွှေပြည်သာ စက်မှုဇုန်အနီးတွင် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရွှေပြည်သာမှာ စတင်ပြီးတော့ ဆောင်ရွက်နေပါပြီ။ အဲ့ဒီဟာ ကျူးကျော်တွေ ကိုယ်တိုင်က ဒီနေရာမှာတော့ ဒီလိုပုံစံဆောက်ချင်တယ်ဆိုပြီး သူတို့ ပျိုမေ့အိမ် အဖွဲ့အစည်းကနေ ကွင်းဆင်းစာရင်း ကောက်ယူပြီးတော့မှ ဒီ ကျူးကျော်နေထိုင်သူတွေနဲ့ သူတို့ဖြစ်ချင်တဲ့ ပုံစံတွေ ပြီးရင် သူတို့တတ်နိုင်တဲ့ တစ်နိုင်ဈေးနှုန်းလေးတွေ ညှိနှိုင်းပြီးတော့မှ အခု တပြေးညီပုံစံ ရေးဆွဲပေးထားပါတယ်။ အဲ့ဒီအတိုင်းလည်း စတင်ပြီးတော့ အကောင်အထည် ဖော်နေပါပြီ၊ ရွှေပြည်သာမှာ စပြီးတော့ အကောင်အထည်ဖော်နေပါပြီ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာလိုအပ်ချက်မှာ တစ်သိန်းခွဲခန့် ရှိသောကြောင့် ဒဂုံလေးမြို့နယ်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် မြေနေရာ ရွေးချယ်ထားပြီးဖြစ်သည်ဟုဆိုသည်။

ထို့ပြင် ကျူးကျော်များနေထိုင်ရန်အတွက် ၁၅ ပေ ၃၅ ပေ ရှိသည့် အဆောက်အဦးများ၏ တန်ဖိုးငွေမှာ ကျပ်သိန်း ၃၀ ဝန်းကျင်ရှိပြီး ယင်းအိမ်ရာ ငွေကြေးကို နေထိုင်သူများက အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် ချေးငွေ ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။

“ဒီ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာတော့ တတ်နိုင်သမျှ အိမ်ခြေ အဆောက်အဦး နှစ်သောင်းလောက်ပြီးအောင် ရည်ရွယ်ထားတယ်။ သူတို့က ၂၅ သိန်း သိန်း ၃၀ ကို လက်ငင်းပေးနိုင် မလားဆို မပေးနိုင်ဘူး၊ သူတို့ အရစ်ကျ ပေးနိုင်အောင်လည်း လုပ်နေတယ်၊ ဒီချေးငွေ ရရှိရေးအတွက် သူတို့ကို စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်၊ တစ်လကို သူတို့က ရှစ်သောင်းဝန်းကျင် တစ်သိန်းဝန်းကျင်တော့ ပြန်သွင်းရမှာပေါ့”ဟု ဦးသန်း က ပြောသည်။

ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း အိမ်ရာနှစ်သောင်းခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားသည်။

ယခု လောလောဆယ်တွင် အဆောက်အဦး ငါးထောင်ခန့် မြေသည် Community ပိုင် မြေဖြစ်ပြီး ယင်းပေါ်တွင် ၁၅ ပေ ၃၅ ပေရှိသော တန်ဖိုးအားဖြင့် ကျပ်၂၅ သိန်းနှင့် သိန်း ၃၀ ဝန်းကျင်ခန့်ရှိသည့် အဆောက်အဦးများကို ကျူးကျော်များအတွက် ဆောက်လုပ်ပေးမည် ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက် နိုင်ရန်အတွက် မြေယာများရရှိရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စည်ပင်သာယာတို့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး တန်ဖိုးနည်း အိမ်ရာများတွင် မြေတန်ဖိုးကို ထည့်သွင်း မတွက်ချက်ဘဲ အိမ်တန်ဖိုးကိုသာ အရစ်ကျစနစ်နှင့် ရောင်းဝယ်ပေးနိုင်ရန်အတွက် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောဆိုထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရဝန်ထမ်းများ ၊ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းများ နှင့် အမှန်တကယ်လိုအပ်နေသည့် ပြည်သူများ အတွက် ရည်ရွယ်ပြီး တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

“အခု လုပ်ငန်းက စနေတုန်းရှိသေးတယ်၊ အနည်းဆုံး နှစ်လ သုံးလတော့ ကြာအုံးမှာပေါ့၊ ဘာလို့ဆို အဲမှာ Infrastructure တွေ လုပ်ရမယ်၊ လမ်းတွေ ဆောက်ရမယ်၊ ပြီးရင် မီးတွေ ရေတွေ ဒါတွေရှိတယ်၊ အိမ်ကလည်း ၁၅ ပေ ၃၅ ပေ တစ်ပုံစံတည်း ဆောက်ရအုံးမှာဆိုတော့ ဆောက်ပြီးမှ ရွှေပြည်သာမှာ အခုလုပ်နေတယ်၊ ပြီးသွားတာနဲ့ အဲ့မှာ နေရာ ပြန်ချပေးမှာ၊ နေရာ ချတဲ့အခါကျရင် အရင်လို ကျွန်တော်တို့က ကားကြီးနဲ့ထိုးပြီးတော့ ပြောင်းပေးမှာ မဟုတ်ဘူး၊ သူတို့ဘာသူတို့ သူတို့အစီအစဉ်နဲ့ သူတို့ရတဲ့ အိမ်နေရာကို မိမိအစီအစဉ်နဲ့မိမိ ပြောင်းရွှေ့ရမှာ”ဟု ဦးသန်းကဆိုသည်။

ယင်းစီမံကိန်းအတွက်ကိုလည်း အနည်းဆုံး ၁၅ နှစ်ခန့် ရင်းနှီးမြှုပ်နှံမှုလုပ်၍ တည်ဆောက် ပေးနိုင်မည့် ကုမ္ပဏီများကို စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

_____________________________________

(Zawgyi)

က်ဴးေက်ာ္မ်ားေနထိုင္ရန္အတြက္ အိမ္ရာစီမံကိန္း ေ႐ႊျပည္သာတြင္ စတင္တည္ေဆာက္ေန

နိုဝင္ဘာ ၁
ေဝေဝၿဖိဳး

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ က်ဴးေက်ာ္ေနထိုင္သူမ်ားအတြက္ လူထုအေျချပဳ အိမ္ရာစီမံကိန္း (Community Base Housing) ကို ေ႐ႊျပည္သာ စက္မႈဇုန္အနီးတြင္ စတင္ ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

“ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႕ ေ႐ႊျပည္သာမွာ စတင္ၿပီးေတာ့ ေဆာင္႐ြက္ေနပါၿပီ။ အဲ့ဒီဟာ က်ဴးေက်ာ္ေတြ ကိုယ္တိုင္က ဒီေနရာမွာေတာ့ ဒီလိုပုံစံေဆာက္ခ်င္တယ္ဆိုၿပီး သူတို႔ ပ်ိဳေမ့အိမ္ အဖြဲ႕အစည္းကေန ကြင္းဆင္းစာရင္း ေကာက္ယူၿပီးေတာ့မွ ဒီ က်ဴးေက်ာ္ေနထိုင္သူေတြနဲ႕ သူတို႔ျဖစ္ခ်င္တဲ့ ပုံစံေတြ ၿပီးရင္ သူတို႔တတ္နိုင္တဲ့ တစ္နိုင္ေစ်းႏႈန္းေလးေတြ ညွိႏွိုင္းၿပီးေတာ့မွ အခု တေျပးညီပုံစံ ေရးဆြဲေပးထားပါတယ္။ အဲ့ဒီအတိုင္းလည္း စတင္ၿပီးေတာ့ အေကာင္အထည္ ေဖာ္ေနပါၿပီ၊ ေ႐ႊျပည္သာမွာ စၿပီးေတာ့ အေကာင္အထည္ေဖာ္ေနပါၿပီ”ဟု ၎ကေျပာသည္။

လက္ရွိတြင္ က်ဴးေက်ာ္ေနထိုင္သူမ်ားအတြက္ အိမ္ရာလိုအပ္ခ်က္မွာ တစ္သိန္းခြဲခန္႔ ရွိေသာေၾကာင့္ ဒဂုံေလးၿမိဳ႕နယ္တြင္ ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ ေျမေနရာ ေ႐ြးခ်ယ္ထားၿပီးျဖစ္သည္ဟုဆိုသည္။

ထို႔ျပင္ က်ဴးေက်ာ္မ်ားေနထိုင္ရန္အတြက္ ၁၅ ေပ ၃၅ ေပ ရွိသည့္ အေဆာက္အဦးမ်ား၏ တန္ဖိုးေငြမွာ က်ပ္သိန္း ၃၀ ဝန္းက်င္ရွိၿပီး ယင္းအိမ္ရာ ေငြေၾကးကို ေနထိုင္သူမ်ားက အရစ္က်စနစ္ျဖင့္ ေပးသြင္းနိုင္ရန္ ေခ်းေငြ ရရွိေရးကိုလည္း စီစဥ္ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္းသိရသည္။

“ဒီ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္ထဲမွာေတာ့ တတ္နိုင္သမွ် အိမ္ေျခ အေဆာက္အဦး ႏွစ္ေသာင္းေလာက္ၿပီးေအာင္ ရည္႐ြယ္ထားတယ္။ သူတို႔က ၂၅ သိန္း သိန္း ၃၀ ကို လက္ငင္းေပးနိုင္ မလားဆို မေပးနိုင္ဘူး၊ သူတို႔ အရစ္က် ေပးနိုင္ေအာင္လည္း လုပ္ေနတယ္၊ ဒီေခ်းေငြ ရရွိေရးအတြက္ သူတို႔ကို စီစဥ္ေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္၊ တစ္လကို သူတို႔က ရွစ္ေသာင္းဝန္းက်င္ တစ္သိန္းဝန္းက်င္ေတာ့ ျပန္သြင္းရမွာေပါ့”ဟု ဦးသန္း က ေျပာသည္။

က်ဴးေက်ာ္မ်ားေနထိုင္ရန္အတြက္ ယခုဘ႑ာႏွစ္အတြင္း အိမ္ရာႏွစ္ေသာင္းခန္႔ တည္ေဆာက္ၿပီးစီးရန္ ေမွ်ာ္မွန္းထားသည္။

ယခု ေလာေလာဆယ္တြင္ အေဆာက္အဦး ငါးေထာင္ခန္႔ ေျမသည္ Community ပိုင္ ေျမျဖစ္ၿပီး ယင္းေပၚတြင္ ၁၅ ေပ ၃၅ ေပရွိေသာ တန္ဖိုးအားျဖင့္ က်ပ္၂၅ သိန္းနွင့္ သိန္း ၃၀ ဝန္းက်င္ခန္႔ရွိသည့္ အေဆာက္အဦးမ်ားကို က်ဴးေက်ာ္မ်ားအတြက္ ေဆာက္လုပ္ေပးမည္ ျဖစ္သည္။

အဆိုပါ တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္ နိုင္ရန္အတြက္ ေျမယာမ်ားရရွိရန္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနႏွင့္ စည္ပင္သာယာတို႔မွ ေပါင္းစပ္ညွိႏွိုင္း ေဆာင္႐ြက္​ေပးလ်က္ရွိၿပီး တန္ဖိုးနည္း အိမ္ရာမ်ားတြင္ ေျမတန္ဖိုးကို ထည့္သြင္း မတြက္ခ်က္ဘဲ အိမ္တန္ဖိုးကိုသာ အရစ္က်စနစ္ႏွင့္ ေရာင္းဝယ္ေပးနိုင္ရန္အတြက္ ေမွ်ာ္မွန္းထားေၾကာင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာဆိုထားသည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ အစိုးရဝန္ထမ္းမ်ား ၊ပုဂၢလိက ကုမၸဏီ ဝန္ထမ္းမ်ား နွင့္ အမွန္တကယ္လိုအပ္ေနသည့္ ျပည္သူမ်ား အတြက္ ရည္႐ြယ္ၿပီး တန္ဖိုးနည္း အိမ္ရာ စီမံကိန္းမ်ားကို ႏွစ္ရွည္အရစ္က်စနစ္ျဖင့္ ဝယ္ယူနိုင္ရန္ ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းသိရသည္။

“အခု လုပ္ငန္းက စေနတုန္းရွိေသးတယ္၊ အနည္းဆုံး ႏွစ္လ သုံးလေတာ့ ၾကာအုံးမွာေပါ့၊ ဘာလို႔ဆို အဲမွာ Infrastructure ေတြ လုပ္ရမယ္၊ လမ္းေတြ ေဆာက္ရမယ္၊ ၿပီးရင္ မီးေတြ ေရေတြ ဒါေတြရွိတယ္၊ အိမ္ကလည္း ၁၅ ေပ ၃၅ ေပ တစ္ပုံစံတည္း ေဆာက္ရအုံးမွာဆိုေတာ့ ေဆာက္ၿပီးမွ ေ႐ႊျပည္သာမွာ အခုလုပ္ေနတယ္၊ ၿပီးသြားတာနဲ႕ အဲ့မွာ ေနရာ ျပန္ခ်ေပးမွာ၊ ေနရာ ခ်တဲ့အခါက်ရင္ အရင္လို ကြၽန္ေတာ္တို႔က ကားႀကီးနဲ႕ထိုးၿပီးေတာ့ ေျပာင္းေပးမွာ မဟုတ္ဘူး၊ သူတို႔ဘာသူတို႔ သူတို႔အစီအစဥ္နဲ႕ သူတို႔ရတဲ့ အိမ္ေနရာကို မိမိအစီအစဥ္နဲ႕မိမိ ​ေျပာင္းေ႐ႊ႕ရမွာ”ဟု ဦးသန္းကဆိုသည္။

ယင္းစီမံကိန္းအတြက္ကိုလည္း အနည္းဆုံး ၁၅ ႏွစ္ခန္႔ ရင္းနွီးျမႇဳပ္နွံမႈလုပ္၍ တည္ေဆာက္ ေပးနိုင္မည့္ ကုမၸဏီမ်ားကို စိတ္ဝင္စားမႈ အဆိုျပဳလႊာ(EOI) ေခၚယူရန္ စီစဥ္ထားေၾကာင္း သိရသည္။

Leave a Reply