YUPT ဒါရိုက္တာ ၂ ဦးကို လက္မခံေၾကာင္း အစုရွယ္ယာရွင္မ်ား အျပင္းအထန္ ကန္႔ကြက္

0
90

YUPT ဒါရိုက်တာ ၂ ဦးကို လက်မခံကြောင်း အစုရှယ်ယာရှင်များ အပြင်းအထန် ကန့်ကွက်

နိုဝင်ဘာ ၁
ဝေဝေဖြိုး

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) တွင် တိုင်းအစိုးရက တာဝန်ပေးအပ်ထား သော ဒါရိုက်တာ ၂ ဦးကို လက်မခံကြောင်း အစုရှယ်ယာရှင်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

ယခုလ ၃၀ ရက်ကပြုလုပ်သည့် YUPT ၏ ဒုတိယအကြိမ် နှစ်ပတ်လည်အထွေထွေ
အစည်းအဝေးနှင့် ဒုတိယအကြိမ် ဒါရိုက်တာ ရွေးချယ်ပွဲသို့ တက်ရောက်လာသည့် အစုရှယ်ယာရှင်များက အပြင်းအထန် ကန့်ကွက်ခဲ့ ကြခြင်းဖြစ်သည်။

“အရည်အချင်းမရှိတဲ့ အစိုးရ ခန့်တယ်။ လက်မခံဘူး။အစိုးရက စီးပွားရေး ပညာရှင်တွေ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ခန့်ပေးပါ။ကြို ဆိုပါတယ်။အဲ့လိုမဟုတ်ဘဲ အစိုးရခန့်ဆိုပြီး ဗိုလ်ကျစိုးမိုးတယ်။အလုပ် မလုပ်ဘူး ၊ ဝန်ထမ်းတွေ ဖိနှိပ်ချုပ်ချယ်တာတွေ ဖြစ်လာလို့ ကန့်ကွက် တယ်”ဟု ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးထွန်းဦးကပြောသည်။

YUPT တွင် ဒါရိုက်တာ အဖွဲ့ဝင် ၉ ဦးရှိသည့်အနက် ၄ဦးမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုက်ရိုက် ခန့်အပ်ထားသည့် ဒါရိုက်တာများဖြစ်ပြီး ယင်း ၄ ဦး အနက် ၃ဦး နေရာတွင် အခြားသော စီးပွားရေး ကျွမ်းကျင်ပညာရှင်နှင့် ကုမ္ပဏီဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မည့်သူများအား အစားထိုး ခန့်အပ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကားလုပ်ငန်းကို လုပ်ဖို့ဆိုတာသည် ဘွဲ့ရပညာတက်ဖို့ထက် ကားလုပ်ငန်းကို ကျွမ်းကျင်သူပဲ လိုတယ်။ခုက ဘွဲ့ရပညာတက်မှ ဒါရိုက်တာ လာလုပ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ ကုမ္ပဏီဥပဒေအရ သုံးပုံတစ်ပုံ ထွက်တဲ့ ဒါရိုက်တာသည် ပြန်လည် ရွေးချယ်ခံခွင့် မရှိဘူး။ ကျွန်တော်တို့ လိုချင်တာသည် ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ဒါရိုက်တာတွေ နုတ်ထွက်ကြသလို အစိုးရ ခန့်အပ်ထားတဲ့ ဒါရိုက်တာတွေလည်း နုတ်ထွက်ရမယ်။ အစိုးရအဖွဲ့ကလာလို့ ငါတို့ပဲ ဥက္ကဌ ငါတို့ဘဲ ဘာဆိုပြီး နေရာတွေယူလို့ အဲ့ဒါကို ကန့်ကွက်တာ”ဟု ရှယ်ယာရှင် ဦးဇော်မြင့်က ပြောသည်။

အဆိုပါ ဒါရိုက်တာအဖွဲ့တွင် ရန်ကုန်တိုင်းအစိုးရက ခန့်အပ်တာဝန် ပေးအပ်သူ ၄ ဦး၊ ရှယ်ယာရှင်များက ရွေးချယ်တင်မြှောက်သူ ၅ ဦး စုစုပေါင်း ၉ ဦး ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိကုမ္ပဏီ၏ နာယကများမှာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန်တို့ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့မှ တိုက်ရိုက် ခန့်အပ်တာဝန် ပေးခြင်းခံရသူများမှာ ဦးဇော်ထွန်း၊ ဒေါ်ပြုံးသာမြင့်၊ ဦးမိုးဟိန်း နှင့် ဦးအောင်မြတ် တို့ဖြစ်ကြောင်း သိရသည်။

ရှယ်ယာရှင်များ တောင်းဆိုမှုကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ အမြန်ဆုံး တင်ပြပေးမည်ဖြစ်ပြီး နောက်တစ်ကြိမ် အစည်းအဝေးခေါ်ယူ၍ ဒါရိုက်တာအဖွဲ့အား အများသဘောတူညီမှုဖြင့် ပြန်လည်ရွေးချယ်နိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

“ဒါရိုက်တာ ရွေးချယ်တာကိုတော့ ကျွန်တော် ပြန်တင်ပြပြီး ခင်ဗျားတို့အတွက် အကောင်းဆုံးဖြစ် အောင် ကျွန်တော် စီမံပေးပါ့မယ်။ ဖြစ်နိုင်မယ်ဆိုရင် အမြန်ဖြစ်လေ ကောင်းလေပါပဲ။လ မဆိုင်းပါဘူး။ ရက်အတိအကျ မပြောနိုင်တာက ကျွန်တော်ရဲ့ အနေအထားရှိလို့ပါ”ဟု ၎င်းကပြောသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရက တာဝန်ပေးအပ်ထားသူ ၂ ဦးဖြစ်သည့် ဥက္ကဌဦး ဇော်ထွန်းနှင့် မန်နေဂျင်းဒါရိုက်တာ ဒေါ်ပြုံးသာမြင့် တို့မှ ဆက်လက်တာဝန်ထမ်းဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ရှယ်ယာရှင်များက ရုတ်ရုတ်သဲသဲဖြစ်ကာ ကန့်ကွက်ခဲ့ကြပြီး ဦးဇော်ထွန်းအား နုတ်ထွက်ပေးရန် အော်ဟစ် စွပ်စွဲပြောဆိုမှုများလည်း ရှိခဲ့သည်။

“အစုရှယ်ယာရှင်တွေ တင်ပြတဲ့ကိစ္စကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြသွားမှာပါ။ အမြန်ဆုံး အကပ်နိုင်ဆုံးရက်မှာ အစည်းအဝေး ပြန်ခေါ်ပြီးတော့ ဆောင်ရွက်ပေးဖို့ လမ်းညွှန်မှု ခံယူသွားပါမယ်”ဟု YUPT ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောသည်။

ယင်းကုမ္ပဏီကို စတင်တည်ထောင်စဉ် မတည် တည်ထောင်သူအဖြစ် ပါဝင်သူများအနေဖြင့် အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အစုရှယ်ယာရှင် ရင်းနှီးမြှပ်နှံငွေ ၅ ဒသမ ၆၃၄၄ ဘီလီယံရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာဉ်သစ်များ ထည့်ဝင်သည့် ငွေကျပ်တန်ဖိုးမှာ ကျပ် ၃၅ ဘီလီယံ ဖြစ်သဖြင့် ကုမ္ပဏီ၏ စုစုပေါင်း ရင်းနှီးမြှပ်နှံငွေမှာ ကျပ် ၄၀ ဒသမ ၆၃၄၄ ဘီလီယံ ဖြစ်ကြောင်း သိရသည်။

YUPT ၏ ၃နှစ်တာ ကာလအတွင်း အကျိုးအမြတ် မရရှိသေးခြင်းနှင့်ပတ်သက်၍ အကျိုးအမြတ် ရရှိအောင် ဆောင်ရွက် ပေးရန်(သို့မဟုတ်) ရှယ်ယာများအားကို ပြန်လည်ဝယ်ယူပေးရန် ရှယ်ယာရှင် ၁၆၀ ကျော်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပြည်သူ့လွှတ်တော်သို့ တင်ပြတောင်းဆို ထားကြောင်းသိရသည်။

_______________________________________

(Zawgyi)

YUPT ဒါရိုက္တာ ၂ ဦးကို လက္မခံေၾကာင္း အစုရွယ္ယာရွင္မ်ား အျပင္းအထန္ ကန္႔ကြက္

ႏိုဝင္​ဘာ ၁
ေဝေဝၿဖိဳး

ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ (YUPT) တြင္ တိုင္းအစိုးရက တာဝန္ေပးအပ္ထား ေသာ ဒါရိုက္တာ ၂ ဦးကို လက္မခံေၾကာင္း အစုရွယ္ယာရွင္မ်ားက အျပင္းအထန္ ကန္႔ကြက္ခဲ့ၾကသည္။

ယခုလ ၃၀ ရက္ကျပဳလုပ္သည့္ YUPT ၏ ဒုတိယအႀကိမ္ ႏွစ္ပတ္လည္အေထြေထြ
အစည္းအေဝးႏွင့္ ဒုတိယအႀကိမ္ ဒါရိုက္တာ ေရြးခ်ယ္ပြဲသို႔ တက္ေရာက္လာသည့္ အစုရွယ္ယာရွင္မ်ားက အျပင္းအထန္ ကန္႔ကြက္ခဲ့ ၾကျခင္းျဖစ္သည္။

“အရည္အခ်င္းမရွိတဲ့ အစိုးရ ခန္႔တယ္။ လက္မခံဘူး။အစိုးရက စီးပြားေရး ပညာရွင္ေတြ အရည္အခ်င္းရွိတဲ့ ပုဂၢိဳလ္ေတြ ခန္႔ေပးပါ။ႀကိဳ ဆိုပါတယ္။အဲ့လိုမဟုတ္ဘဲ အစိုးရခန္႔ဆိုၿပီး ဗိုလ္က်စိုးမိုးတယ္။အလုပ္ မလုပ္ဘူး ၊ ဝန္ထမ္းေတြ ဖိႏွိပ္ခ်ဳပ္ခ်ယ္တာေတြ ျဖစ္လာလို႔ ကန္႔ကြက္ တယ္”ဟု ကုမၸဏီ၏ ရွယ္ယာရွင္တစ္ဦးျဖစ္သူ ဦးထြန္းဦးကေျပာသည္။

YUPT တြင္ ဒါရိုက္တာ အဖြဲ႕ဝင္ ၉ ဦးရွိသည့္အနက္ ၄ဦးမွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က တိုက္ရိုက္ ခန္႔အပ္ထားသည့္ ဒါရိုက္တာမ်ားျဖစ္ၿပီး ယင္း ၄ ဦး အနက္ ၃ဦး ေနရာတြင္ အျခားေသာ စီးပြားေရး ကြ်မ္းက်င္ပညာရွင္ႏွင့္ ကုမၸဏီဖြံ႕ျဖိဳးတိုးတက္ ေအာင္ ေဆာင္ရြက္ႏိုင္မည့္သူမ်ားအား အစားထိုး ခန္႔အပ္ေပးရန္ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

“ကားလုပ္ငန္းကို လုပ္ဖို႔ဆိုတာသည္ ဘြဲ႕ရပညာတက္ဖို႔ထက္ ကားလုပ္ငန္းကို ကြ်မ္းက်င္သူပဲ လိုတယ္။ခုက ဘြဲ႕ရပညာတက္မွ ဒါရိုက္တာ လာလုပ္ဆိုတဲ့ ပံုစံျဖစ္ေနတယ္။ ကုမၸဏီဥပေဒအရ သံုးပံုတစ္ပံု ထြက္တဲ့ ဒါရိုက္တာသည္ ျပန္လည္ ေရြးခ်ယ္ခံခြင့္ မရွိဘူး။ ကြ်န္ေတာ္တို႔ လိုခ်င္တာသည္ ကြ်န္ေတာ္တို႔ ေရြးခ်ယ္ထားတဲ့ ဒါရိုက္တာေတြ ႏုတ္ထြက္ၾကသလို အစိုးရ ခန္႔အပ္ထားတဲ့ ဒါရိုက္တာေတြလည္း ႏုတ္ထြက္ရမယ္။ အစိုးရအဖြဲ႕ကလာလို႔ ငါတို႔ပဲ ဥကၠဌ ငါတို႔ဘဲ ဘာဆိုၿပီး ေနရာေတြယူလို႔ အဲ့ဒါကို ကန္႔ကြက္တာ”ဟု ရွယ္ယာရွင္ ဦးေဇာ္ျမင့္က ေျပာသည္။

အဆိုပါ ဒါရိုက္တာအဖြဲ႕တြင္ ရန္ကုန္တိုင္းအစိုးရက ခန္႔အပ္တာဝန္ ေပးအပ္သူ ၄ ဦး၊ ရွယ္ယာရွင္မ်ားက ေရြးခ်ယ္တင္ေျမွာက္သူ ၅ ဦး စုစုေပါင္း ၉ ဦး ျဖင့္ ဖြဲ႔စည္းထားျခင္းျဖစ္သည္။

လက္ရိွကုမၸဏီ၏ နာယကမ်ားမွာ ရန္ကုန္တိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ လ်ွပ္စစ္ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္၊ ရန္ကုန္ၿမိဳ႔ေတာ္ဝန္တို႔ျဖစ္ၿပီး တိုင္းအစိုးရအဖြဲ႔မွ တိုက္ရိုက္ ခန႔္အပ္တာဝန္ ေပးျခင္းခံရသူမ်ားမွာ ဦးေဇာ္ထြန္း၊ ေဒၚၿပံဳးသာျမင့္၊ ဦးမိုးဟိန္း နွင့္ ဦးေအာင္ျမတ္ တို႔ျဖစ္ေၾကာင္း သိရသည္။

ရွယ္ယာရွင္မ်ား ေတာင္းဆိုမႈကို ရန္ကုန္တိုင္း အစိုးရအဖြဲ႕ထံ အျမန္ဆံုး တင္ျပေပးမည္ျဖစ္ၿပီး ေနာက္တစ္ႀကိမ္ အစည္းအေဝးေခၚယူ၍ ဒါရိုက္တာအဖြဲ႔အား အမ်ားသေဘာတူညီမႈျဖင့္ ျပန္လည္ေရြးခ်ယ္ႏိုင္ရန္ ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူ ပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာသည္။

“ဒါရိုက္တာ ေရြးခ်ယ္တာကိုေတာ့ ကြ်န္ေတာ္ ျပန္တင္ျပၿပီး ခင္ဗ်ားတို႔အတြက္ အေကာင္းဆံုးျဖစ္ ေအာင္ ကြ်န္ေတာ္ စီမံေပးပါ့မယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ အျမန္ျဖစ္ေလ ေကာင္းေလပါပဲ။လ မဆိုင္းပါဘူး။ ရက္အတိအက် မေျပာႏိုင္တာက ကြ်န္ေတာ္ရဲ႕ အေနအထားရွိလို႔ပါ”ဟု ၎ကေျပာသည္။

အဆိုပါ အစည္းအေဝးတြင္ ရန္ကုန္တိုင္းအစိုးရက တာဝန္ေပးအပ္ထားသူ ၂ ဦးျဖစ္သည့္ ဥကၠဌဦး ေဇာ္ထြန္းႏွင့္ မန္ေနဂ်င္းဒါရိုက္တာ ေဒၚၿပံဳးသာျမင့္ တို႔မွ ဆက္လက္တာဝန္ထမ္းေဆာင္မည္ဟု ေၾကညာခဲ့ေသာေၾကာင့္ ရွယ္ယာရွင္မ်ားက ရုတ္ရုတ္သဲသဲျဖစ္ကာ ကန္႔ကြက္ခဲ့ၾကၿပီး ဦးေဇာ္ထြန္းအား ႏုတ္ထြက္ေပးရန္ ေအာ္ဟစ္ စြပ္စြဲေျပာဆိုမႈမ်ားလည္း ရွိခဲ့သည္။

“အစုရွယ္ယာရွင္ေတြ တင္ျပတဲ့ကိစၥကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကို တင္ျပသြားမွာပါ။ အျမန္ဆံုး အကပ္ႏိုင္ဆံုးရက္မွာ အစည္းအေဝး ျပန္ေခၚၿပီးေတာ့ ေဆာင္ရြက္ေပးဖို႔ လမ္းညႊန္မႈ ခံယူသြားပါမယ္”ဟု YUPT ဥကၠ႒ ဦးေဇာ္ထြန္းက ေျပာသည္။

ယင္းကုမၸဏီကို စတင္တည္ေထာင္စဥ္ မတည္ တည္ေထာင္သူအျဖစ္ ပါဝင္သူမ်ားအေနျဖင့္ အစုရွယ္ယာတစ္စုလွ်င္ က်ပ္တစ္သိန္းႏႈန္းျဖင့္ အစုရွယ္ယာရွင္ ရင္းႏွီးျမွပ္ႏွံေငြ ၅ ဒသမ ၆၃၄၄ ဘီလီယံရွိၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ယာဥ္သစ္မ်ား ထည့္ဝင္သည့္ ေငြက်ပ္တန္ဖိုးမွာ က်ပ္ ၃၅ ဘီလီယံ ျဖစ္သျဖင့္ ကုမၸဏီ၏ စုစုေပါင္း ရင္းႏွီးျမွပ္ႏွံေငြမွာ က်ပ္ ၄၀ ဒသမ ၆၃၄၄ ဘီလီယံ ျဖစ္ေၾကာင္း သိရသည္။

YUPT ၏ ၃ႏွစ္တာ ကာလအတြင္း အက်ိဳးအျမတ္ မရရွိေသးျခင္းႏွင့္ပတ္သက္၍ အက်ိဳးအျမတ္ ရရွိေအာင္ ေဆာင္ရြက္ ေပးရန္(သို႔မဟုတ္) ရွယ္ယာမ်ားအားကို ျပန္လည္ဝယ္ယူေပးရန္ ရွယ္ယာရွင္ ၁၆၀ ေက်ာ္က ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ နွင့္ ျပည္သူ႔လႊတ္ေတာ္သို႔ တင္ျပေတာင္းဆို ထားေၾကာင္းသိရသည္။

Leave a Reply