ဒီဂီယာကို နွေရာသီမှာ ထပ်မံပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ်အသင်း

0
164

ဇန်န၀ါရီ ၂၆ ၊ ၂၀၁၈

ကမ္ဘာ့အဆင့်တစ်ဂိုးသမားနေရာမှာ ရပ်တည်နေတဲ့ မန်ယူဂိုးသမား ဒီဂီယာကို ပြောင်းရွှေ့ကြေး ပေါင် ၈၇ သန်းအသုံးပြုပြီး လာမယ့်နွေရာသီ မှာ ခေါ်ယူနိုင်ဖို့ စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းက ထပ်မံကြိုးစားဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

AS သတင်းဌာနရဲ့ သုံးသပ်ချက်အရ ဘာနေဗျူးကွင်းရဲ့ အကြီးအကဲတွေ ဟာ ရီးရဲဂိုးသမား ကီလာ နာဗက်ရဲ့ နေရာမှာ ဒီဂီယာနဲ့ အစားထိုးဖို့ ထပ်မယ်ကြိုးစားဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၈၇သန်းခန့် အသုံးပြုဖို့ ပြင်နေတာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ဂိုးသမား ဒီဂီယာဟာ နွေရာသီ အပြောင်းအရွှေ့မှာသာ ရီရဲမက်ဒရစ်ကို ရောက်ရှိလာခဲ့မယ်ဆိုရင် ကမ္ဘာ့ဈေးအမြင့်ဆုံး ဂိုးသမားတစ်ဦး ဖြစ်လာဖွယ်ရှိနေပါတယ်။

မန်ယူအသင်းဟာ ရီးရဲမက်ဒရစ်ရဲ့ အကြံအစဉ်တွေကို ကာကွယ်နိုင်ဖို့ အတွက် ဒီဂီယာကို ကာလရှည်စာချုပ် ချုပ်ဆိုထားပါတယ်။ဒါ့အပြင် ဒီဂီယာအနေနဲ့လည်း အိုးထရက်ဖို့စ်မှာ ပျော်ရွှင်နေသလို နည်းပြမော်ရင်ဟို ရဲ့ အရေးကြီးတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ဒီဂီယာဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းရရှိနေပြီး မော်ရင်ဟို့နဲ့ မန်ယူအမှုဆောင်အရာရှိချုပ် အက်ဝုဒ်တို့က ၅ နှစ်စာချုပ်ထပ်ချုပ်ဖို့ ဒီဂီယာနဲ့ ဆွေးနွေးနေပါတယ်။ သူဟာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကနေ မန်ယူကို ရောက်ရှိလာသူဖြစ်ပြီး တစ်နေ့နေ့မှာ စပိန်မှာ အခြေပြန်ချဖို့ ပြောဆိုထားဖူးသူလည်း ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ဂိုးသမားရှာပုံတော်တစ်ရပ်ကို ဖွင့်လှစ်နေပြီး ဒီဂီယာကို မရရှိပါက ချယ်လ်ဆီးဂိုးသမား ကော့တွိုက်ကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။

NN

Leave a Reply