
0
22

ညောင်ပင်ဝန်းရွာက ကြက်ဝိုင်းအား ဝင်ရောက်ဖမ်းဆီး ဆိုင်ကယ် ၄၉ စီး နှင့် လူ (၁၀) ဖမ်းမိ

နိုဝင်ဘာ ၁
နိုင်လင်းဦး

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာမြောက်ပိုင်း သရက်ခြံအတွင်းရှိ ကြက်ဝိုင်းလောင်းကစားကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာဆိုင်ကယ် ၄၉ စီး နှင့် လူ (၁၀) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

စစ်ကိုင်းခရိုင်ရဲတပ်မှူးဦးစီး၍ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည်ပိုင်းအချိန် က သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မောင်မြင့် (၄၇နှစ်) ပါ ၊ ဆိုင်ကယ်မျိုးစုံ (၄၉) စီး ၊ စက်ဘီး တစ်စီး နှင့် လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကြက်တိုက်လောင်းကစားပြုလုပ်သူ မောင်မြင့်ပါ (၁၀)ဦးအား ရွာသစ်ကြီးနယ်မြေစခန်းတွင် (ပ) ၁၄၀/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့် ထားကြောင်းသိရသည် ။

_______________________________________

(Zawgyi)


နိုဝင်ဘာ ၁
နိုင်လင်းဦး




Leave a Reply