လူငယ္ (၂) ဦးအား ၿပိဳင္ကားနွင့္ တိုက္မိသည့္အမႈ ကားေမာင္းသူအား ေထာင္ဒဏ္ (၉) ႏွစ္ အမိန္႔ခ်

0
56

လူငယ် (၂) ဦးအား ပြိုင်ကားနှင့် တိုက်မိသည့်အမှု ကားမောင်းသူအား ထောင်ဒဏ် (၉) နှစ် အမိန့်ချ

အောက်တိုဘာ – ၃၁

နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်း နှင့် ၂၆ လမ်းထောင့် ကျုံးဘေးတွင် ပြိုင်ကားနှင့် တိုက်မိကာ လူငယ် (၂) ဦး သေဆုံးသည့်အမှုတွင် ကားမောင်းသူအား ထောင်ဒဏ် (၉) နှစ် ကျခံရန် အောင်မြေသာစံမြို့နယ်တရားသူကြီး က အမိန့်ချခဲ့သည် ။

ယင်းအမှုတွင် အပြီးသတ်လျှောက်လဲချက်တင်ပြီးဖြစ်သည့်အတွက် ယာဉ်မောင်းဖြစ်သူ သန်းထက်အောင် အား အောက်တိုဘာလ ၃၁ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် အမိန့်ချခဲ့ခြင်းဖြစ်သည် ။

ယင်းအမှုတွင် အမှုအမှတ် ၁၆၉၅/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် လည်းကောင်း၊ အမှုအမှတ် ၁၆၉၆/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၂၇၉ ဖြင့် လည်းကောင်း စွဲချက်တင်ထားပြီးဖြစ်သည် ။ အမိန့်ချရာတွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် စွဲချက်တင်ထားသည့် အမှုအမှတ် ၁၆၉၅/၂၀၁၈ အမှုအား အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ကျခံရန်လည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ – ၂၇၉ ဖြင့် စွဲချက်တင်ထားသည့် အမှုအမှတ် ၁၆၉၆/၂၀၁၈ အမှုအား အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် ကျခံရန်လည်းကောင်း သီးခြားစီ အမိန့်ချခဲ့ခြင်းဖြစ်သည် ။

“အမိန့်ချတဲ့ ကိစ္စနဲ့တော့ ဘာမှပြောစရာမရှိပါဘူး။ တရားစီရင်ရေးအတိုင်းအမိန့်ချတာပါ။ ဒါပေမယ့် နစ်နာသူ မိသားစုတွေအတွက် ဆုံးရံှုးမှုကိုတော့ စိတ်မကောင်းဖြစ်ရပါတယ်။´´ ဟု နစ်နာသူဘက်မှ လိုက်ပါပေးသည့် အထက်တန်းရှေ့နေ ကိုရဲရင့်ဝေ က ပြောသည် ။

နစ်နာသူ မိသားစုဝင်များအနေဖြင့်လည်း တရားရုံးက ချမှတ်သည့်အမိန့်အား ကျေနပ်မှုရှိကြောင်း ပြောကြားခဲ့သည် ။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ နံနက် အစောပိုင်းအချိန်က ၇၈ လမ်း ၂၆ လမ်း မီးပွိုင့်တွင် မီးနီနေသဖြင့် ဆိုင်ကယ်အား ရပ်၍စောင့်နေစဉ် TOYOTA Lexus အနီရောင်ပြိုင်ကားမှ အနောက်က ဝင်တိုက်မိခဲ့ကာ လူငယ် (၂) ဦး သေဆုံးခဲ့သည် ။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်တွင်ပါသည့် လွင်မင်းသန့် (၂၃) နှစ် နှင့် ကျော်ဇင်သက် (၂၆) နှစ် တို့သည့်လည်း ကားနှင့် ချိတ်ပါခဲ့ပြီး ဒဏ်ရာများရရှိခဲ့သည့်အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ရာ ၎င်းတို့ (၂) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည် ။

______________________________________

(Zawgyi)

လူငယ္ (၂) ဦးအား ၿပိဳင္ကားနွင့္ တိုက္မိသည့္အမႈ ကားေမာင္းသူအား ေထာင္ဒဏ္ (၉) ႏွစ္ အမိန္႔ခ်

ေအာက္တိုဘာ – ၃၁

ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ၇၈ လမ္း နွင့္ ၂၆ လမ္းေထာင့္ က်ံဳးေဘးတြင္ ၿပိဳင္ကားနွင့္ တိုက္မိကာ လူငယ္ (၂) ဦး ေသဆံုးသည့္အမႈတြင္ ကားေမာင္းသူအား ေထာင္ဒဏ္ (၉) ႏွစ္ က်ခံရန္ ေအာင္ေျမသာစံၿမိဳ႕နယ္တရားသူႀကီး က အမိန္႔ခ်ခဲ့သည္ ။

ယင္းအမႈတြင္ အၿပီးသတ္ေလွ်ာက္လဲခ်က္တင္ၿပီးျဖစ္သည့္အတြက္ ယာဥ္ေမာင္းျဖစ္သူ သန္းထက္ေအာင္ အား ေအာက္တိုဘာလ ၃၁ ရက္ေန႔က ေအာင္ေျမသာစံၿမိဳ႕နယ္ တရားရံုးတြင္ အမိန္႔ခ်ခဲ့ျခင္းျဖစ္သည္ ။

ယင္းအမႈတြင္ အမႈအမွတ္ ၁၆၉၅/၂၀၁၈ တြင္ ရာဇသတ္ႀကီးပုဒ္မ – ၃၀၄(က) ျဖင့္ လည္းေကာင္း၊ အမႈအမွတ္ ၁၆၉၆/၂၀၁၈ တြင္ ရာဇသတ္ႀကီးပုဒ္မ – ၂၇၉ ျဖင့္ လည္းေကာင္း စြဲခ်က္တင္ထားၿပီးျဖစ္သည္ ။ အမိန္႔ခ်ရာတြင္ ရာဇသတ္ႀကီးပုဒ္မ – ၃၀၄(က) ျဖင့္ စြဲခ်က္တင္ထားသည့္ အမႈအမွတ္ ၁၆၉၅/၂၀၁၈ အမႈအား အလုပ္ႏွင့္ ေထာင္ဒဏ္ (၇) ႏွစ္ က်ခံရန္လည္းေကာင္း၊ ရာဇသတ္ႀကီးပုဒ္မ – ၂၇၉ ျဖင့္ စြဲခ်က္တင္ထားသည့္ အမႈအမွတ္ ၁၆၉၆/၂၀၁၈ အမႈအား အလုပ္ႏွင့္ ေထာင္ဒဏ္ (၂) ႏွစ္ က်ခံရန္လည္းေကာင္း သီးျခားစီ အမိန္႔ခ်ခဲ့ျခင္းျဖစ္သည္ ။

“အမိန္႔ခ်တဲ့ ကိစၥနဲ႔ေတာ့ ဘာမွေျပာစရာမရွိပါဘူး။ တရားစီရင္ေရးအတိုင္းအမိန္႔ခ်တာပါ။ ဒါေပမယ့္ နစ္နာသူ မိသားစုေတြအတြက္ ဆံုးရံွဳးမႈကိုေတာ့ စိတ္မေကာင္းျဖစ္ရပါတယ္။´´ ဟု နစ္နာသူဘက္မွ လိုက္ပါေပးသည့္ အထက္တန္းေရွ႕ေန ကိုရဲရင့္ေဝ က ေျပာသည္ ။

နစ္နာသူ မိသားစုဝင္မ်ားအေနျဖင့္လည္း တရားရံုးက ခ်မွတ္သည့္အမိန္႔အား ေက်နပ္မႈရွိေၾကာင္း ေျပာၾကားခဲ့သည္ ။

၂၀၁၈ ခုႏွစ္ နိုဝင္ဘာလ (၉) ရက္ေန႔ နံနက္ အေစာပိုင္းအခ်ိန္က ၇၈ လမ္း ၂၆ လမ္း မီးပြိဳင့္တြင္ မီးနီေနသျဖင့္ ဆိုင္ကယ္အား ရပ္၍ေစာင့္ေနစဥ္ TOYOTA Lexus အနီေရာင္ၿပိဳင္ကားမွ အေနာက္က ဝင္တိုက္မိခဲ့ကာ လူငယ္ (၂) ဦး ေသဆံုးခဲ့သည္ ။

ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေပၚတြင္ပါသည့္ လြင္မင္းသန္႔ (၂၃) နွစ္ နွင့္ ေက်ာ္ဇင္သက္ (၂၆) နွစ္ တို႔သည့္လည္း ကားနွင့္ ခ်ိတ္ပါခဲ့ၿပီး ဒဏ္ရာမ်ားရရွိခဲ့သည့္အတြက္ မႏၲေလးအေထြေထြေရာဂါကုေဆးရံုႀကီးသို႔ တင္ပို႔ရာ ၄င္းတို႔ (၂) ဦးလံုး ေသဆံုးခဲ့ေၾကာင္း သိရသည္ ။

Leave a Reply